ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ မြို့သိမ်းတိုက်ပွဲဖြစ်ဖို့နီးနေပြီဟု KNDF သတိပေး

Local News

ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ မြို့သိမ်းတိုက်ပွဲဖြစ်ဖို့နီးနေပြီဟု KNDF သတိပေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ မြို့သိမ်းတိုက်ပွဲဖြစ်ဖို့နီးနေပြီဟု KNDF သတိပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်အပါအဝင်မြို့ကြီးတွေထိပ်ဆုံးက မြို့သိန်းတိုက်ပွဲဖော်ဆောင်ဖို့အချိန်နီးကပ်နေပြီ။ စစ်ပွဲဖြစ်လာရင် ပြည်တွင်းမြို့တွေအားလုံးအနည်းနဲ့အများ
ထိခိုက်မှာအသေအချာပါပဲ။

တချို့မြို့တွေကတော့ ပြည်တွင်းစစ်အတွက် ကြိုတင် ပြင်ဆင်နေကြပြီ။ ဒီအချိန် မြို့နာမှာစိုးလို့ဆိုပြီး စကစ လက်အောက်အသားကျပျော်မွေ့နေတဲ့
မြို့တွေ ရှိနေတာဟာပြဿနာတစ်ရပ်ဖြစ်လာတယ်။

တချို့မြို့တွေဆို စစ်တပ်က ဆန္ဒမပြရင် အန္တရာယ်မပေးဘူး ဆိုတဲ့အမြင်နဲ့ ဆန္ဒပြသူတွေကိုတောင်အပြစ်ပြောချင်တဲ့အနေအထားရှိနေကြတယ်။

သူတို့လက်သုံးစကားက ” လူမညီရင်မြို့နာမယ် ” ဆိုတဲ့စကားပါပဲ။

သေချာပေါက်ဖြစ်လာမှာကတော့ အဲဒီမြို့တွေဟာ စစ်ကောင်စီတပ်တွေခြေကုပ်ယူရာမြို့တွေဖြစ်လာနိုင်ပြီး အင်အားကြီးတဲ့ ပြည်သူ့တပ်တွေ အပြင်းအထန်ထိုးစစ်ဆင်ရမယ့်မြို့တွေဖြစ် လာမှာအသေချာပါပဲ ။ ဒါဆိုစစ်ဒဏ်ကို အပြင်းထန် ခံစားရပြီး စစ်တလင်းမြို့‌တွေဖြစ်လာနိုင်ပါတယ်။

လူတွေက ကြိုတင်ပြင်ဆင်မထားတဲ့အတွက် အရပ်သား လူ/အိုးအိမ်ထိခိုက်မှုတွေလည်း တခြား မြို့တွေထက်ပိုရှိလာတော့မှာပါ။

အကြိမ်ကြိမ် ကြိုတင် သတိပေးထားပေမယ့် အခုထိသူတို့ဟာ ပျော်ပါး ပေါ့တန်နေကြဆဲပါ။

ဒီအချိန်ဟာ ကြိုတင်ပြင်ဆင်ဖို့ နောက်ဆုံးအချိန်ဖြစ်နေပြီလို့ အဆိုပါမြို့တွေကို သတိပေးလိုက်ပါရစေ။

ရေးသားသူ – DavidDT, Kareni News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။