မြို့သိမ်းတိုက်ပွဲအတွက် ကြိုတင်လေ့ကျင့်နေပြီဆိုတဲ့ နတ်မောက် PDF

Local News

မြို့သိမ်းတိုက်ပွဲအတွက် ကြိုတင်လေ့ကျင့်နေပြီဆိုတဲ့ နတ်မောက် PDF
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြို့သိမ်းတိုက်ပွဲအတွက် ကြိုတင်လေ့ကျင့်နေပြီဆိုတဲ့ နတ်မောက် PDF ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မကွေးတိုင်း၊နတ်မောက်မြို့နယ် (၉၀၂) တပ်ရင်းမှ PDF ရဲဘော်များသည် မြို့သိမ်းတိုက်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ၊ စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက် PDF ကထုတ်ပြန်ကြေညာသည်။

အဆိုပါ နတ်မောက် PDးအနေဖြင့်
လိုအပ်ချက်များကို တတ်နိုင်တဲ့နေရာကဖြည့်ဆည်းပေးကြဖို့ နဲ့ တစ်ချ်ို့ကိစ္စရပ်များကို ချပြဖို့ မဖြစ်နိုင်သေးတာကိုလည်း နားလည်ပေးပြီး ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါဟု နတ်မောက်PDFက ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။


တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာလဲ ပိုမိုစနစ်ကျလာပြီး နောက်ဆုံးတိုက်ပွဲအတွက် စွမ်းစွမ်းတမန် ကြိုးစားလာကြပြီဖြစ်ပါတယ်။


ဒါကြောင့် ပြည်သူများအနေနဲ့လဲ သတိတရားလက်ကိုင်ထားပြီး ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ ပိုမိုလိုအပ်လာပါပြီ။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။