သီချင်းဆိုလို့ရတဲ့ပိုက်ဆံတွေကို ပဲခူးရေဘေးအတွက် လှုဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ Anonimus

Celebrity Local News
သီချင်းဆိုလို့ရတဲ့ပိုက်ဆံတွေကို ပဲခူးရေဘေးအတွက် လှုဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ Anonimus

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သီချင်းဆိုလို့ရတဲ့ပိုက်ဆံတွေကို ပဲခူးရေဘေးအတွက် လှုဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ Anonimus ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သီချင်းဆိုလို့ရတဲ့ပိုက်ဆံတွေကို ပဲခူးရေဘေးအတွက် လှုဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ Anonimus

ပရိသတ်ကြီးရေ… “ထားလိုက်ပါသီချင်းနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် Anonimus အထွေအထူးမိတ်ဆက်ပေးဖို့ မလိုဘူးလို့ထင်ပါတယ်နော်။ အွန်လိုင်းမှာအောင်မြင် ပြီးနောက်လူ တွေရဲ့ အာရုံစိုက်ခြင်းခံရကာ အင်တာဗျူးတွေများစွာ လည်း ဖြေဆို ခဲ့ရပြီး သူ့ရဲ့ စကားအပြောအဆို မပါးနပ် တဲ့ပုံစံကြောင့် တချို့ရဲ့ ဝေဖန်ခြင်းကို လည်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုဆိုရင် Anonimus က အလုပ် တွေကို အာရုံစိုက်လုပ်ကိုင်နေလျက်ရှိကာ ပရိသတ်အားပေးမှုလက်ခုပ်သံတွေရဖို့ ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Anonimus က သူရရှိတဲ့ အနုပညာကြေးတွေနဲ့ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ အလှူလေးအကြောင်းကို ပြောလာပါတယ်။ Anonimus က “ကျွန်တော်ရတဲ့ အနုပညာကြေးနဲ့ တတိယအကြိမ်ပြုနိုင်ခဲ့တဲ့ ကောင်းမှု ကုသိုလ် အလှူလေး တစ်ခု ပါ။ ပထမအကြိမ် ပဲခူးတိုင်း ရေဘေးအလှူကို လှူဖြစ်ခဲ့ပါတယ်။ ဒုတိယအကြိမ် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်း ကပ်လှူ လှူဒါန်းနိုင်ခဲ့ပါတယ်။ ယခု တတိယအကြိမ်မှာ မန္တလေး ကုသိုလ်တော်ဘုရားမှာ ဘုရားဖူးကြွ ရောက်လာ သူတွေကို ပြုခဲ့တဲ့ ကုသိုလ်အလှူလေးပါ။

ကျိတ်ကျိတ်တိုး ကြွရောက်လာသူတွေကို လှူဒါန်းခဲ့တဲ့အလှူလေးနဲ့အတူ မန္တလေး ကုသိုလ်တော်ဘုရားမှာ ကျွန်တော့်ကို ချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်တွေ အများကြီးနဲ့ ချစ်ချစ်ခင်ခင် တွေ့ဆုံ ဆုံတွေ့ကြရတဲ့ အတွက်လည်း များစွာ ဝမ်းသာ ဂုဏ်ယူ ပျော်ရွှင်မိပါ တယ်ဗျ။ ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်များ အားလုံး နှင့် ဝန်းရံပေးကြသူများအားလုံးကိုလည်း ကျေးဇူး အထူးတင်ပါတယ်ဗျ။ အလှူအဒါန်းတွေ အားလုံး ဖြစ်မြောက်အောင် အဘက်ဘက်က ဝိုင်းဝန်း ကူညီ ပံ့ပိုး ပေးကြသူတွေ အားလုံးကို ကျေးဇူးအထူးကြောင်း ပြော ကြားပါရစေဗျ။” ဆို ပြီး ပြောလာပါတယ်။

Anonimus ကတော့ သူရရှိတဲ့ အနုပညာကြေးတွေနဲ့ သူ့ ရဲ့မိသားစုကို တင့်တောင့်တင့်တယ်ထားနိုင်ဖို့ ကြိုးစား နေသလို လိုအပ်နေတဲ့နေရာမှာလည်း အလှူတွေလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးလည်းAnonimus ရဲ့ အလှူပုံရိပ်လေးတွေကိုကြည့်ပြီး ထပ်တူပီတိဖြစ်ဝမ်းသာနေကြမယ်လို့ ထင် ပါ တယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။