အာဏာသိမ်းပြီးမှ အပတ်စဉ် အမှိုက်ကောက်နေရလို့ အထွေထွေအမှိုက်ကောက်ဌာနလို့ နာမည်ပြောင်းရတော့မယ့် ထွေအုပ်ဝန်ထမ်းများ

Local News

အာဏာသိမ်းပြီးမှ အပတ်စဉ် အမှိုက်ကောက်နေရလို့ အထွေထွေအမှိုက်ကောက်ဌာနလို့ နာမည်ပြောင်းရတော့မယ့် ထွေအုပ်ဝန်ထမ်းများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာဏာသိမ်းပြီးမှ အပတ်စဉ် အမှိုက်ကောက်နေရလို့ အထွေထွေအမှိုက်ကောက်ဌာနလို့ နာမည်ပြောင်းရတော့မယ့် ထွေအုပ်ဝန်ထမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက အပတ်စဉ် ဝန်ထမ်းတွေကို အမှိုက်ကောက်ခိုင်းလို့ ဝန်ထမ်း အများစုက စိတ်ပျက်လာတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားလာကြပါတယ်။


အာဏာသိမ်းစစ်တပ်ကို မဆန့်ကျင်ဘဲ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထွေအုပ်ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ အပတ်စဉ် ပိတ်ရက်တွေမှာ နားခွင့်မပေးဘဲ အမှိုက်ကောက်ခိုင်းတာကြာ စိတ်ပျက်လာတာလို့ ဝန်ထမ်းအသိုင်း ဝိုင်းက သိရပါတယ်။


“ ကိုယ့်နေရာ ကိုယ့်အလုပ်ပဲ လုပ်ချင်တာပေါ့ သူသူကိုယ်ကိုယ်လေး ခုက စည်ပင်ဝန်ထမ်းတောင် ကျွန်တော် တို့လောက် အမှိုက်မကောက်ရဘူး ကျွန်တော်တို့က အပတ်စဉ် ရုံးပိတ်ရက်လေး နားမယ် ခရီးထွက်မယ် ကြံရင်း အမှိုက်ကော်တာနဲ့ပဲတိုးနေတယ် ဌာနပြောင်းဖို့ပဲရှိတော့တယ်။ အထွေထွေအမှိုက်ကောက်ဌာနဆိုပြီးတော့”လို့ ထွေအုပ်ဝန်ထမ်းတဦးက ပြောပါတယ်။


စစ်တပ်ကိုမဆန့်ကျင်တာ မဟုတ်ဘဲ မိမိတာဝန်ကိုသာ နိုင်ငံအတွက်ဆက်လက်ထမ်းဆောင်ဖို့ရွေးခဲ့ချိန်မှာ ခုလိုမျိုး အပတ်စဉ် အမှိုက်ကောက်နေရတာဟာ တော်တော်စိတ်ပျက်ဖို့ကောင်းသလို ဌာနကနေ စွန့်ခွာသွားတဲ့ ဝန်ထမ်းတွေကို အားကျမိတယ်လို့ ထွေအုပ်ဝန်ထမ်းတွေက ပြောဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံမှာရှိတဲ့ ဝန်ထမ်းတွေကို အပတ်စဉ်ရုံးပိတ်ရက်တွေမှာ လမ်းတွေ၊ ကျောင်းတွေ‌နဲ့ ဆေးရုံတွေမှာ သန့်ရှင်းရေးလုပ်ခိုင်းတာတွေ အမှိုက်ကောက်ခိုင်းတာတွေ ပြုလုပ်နေတာကြောင့် ခုလိုမျိုး ဌာနအမည်ပြောင်းဖို့ ပြောဆိုလာကြတာလို့ သိရပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။