အမျိုးဘာသာ သာသနာစောင့်ရှောက်ရန် ဗန်းပြပြီး စစ်မှုထမ်းဟောင်းများ ပြန်လာစေရန် လူဆွယ်နေ​ကြောင်း ဖရဲသီးတစ်ဦးမှ သက်သေနှင့်တကွ သတင်းပေး

Local News

အမျိုးဘာသာ သာသနာစောင့်ရှောက်ရန် ဗန်းပြပြီး စစ်မှုထမ်းဟောင်းများ ပြန်လာစေရန် လူဆွယ်နေ​ကြောင်း ဖရဲသီးတစ်ဦးမှ သက်သေနှင့်တကွ သတင်းပေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရန် ဗန်းပြပြီး စစ်မှုထမ်းဟောင်းများ ပြန်လာစေရန် လူဆွယ်နေ​ကြောင်း ဖရဲသီးတစ်ဦးမှ သက်သေနှင့်တကွ သတင်းပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံကို အပိုင်စီးတော့မည့်အပြင် အမျိုး ဘာသာ သာသနာ ပျောက်ကွယ်နိုင်၍ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးအတွက် စစ်မှုပြန်ထမ်းရန် စစ်မှုထမ်းဟောင်းအားလုံးကို စစ်ကောင်စီက လျှို့ဝှက် ပြန်ခေါ်

အနောက်နိုင်ငံကြီးများက မြန်မာနိုင်ငံကို အပိုင်စီးတော့မည့်အပြင် အမျိုး ဘာသာ သာသနာ ပျောက်ကွယ်နိုင်သဖြင့် နိုင်ငံတော်ကာကွယ်ရေး စစ်မှုပြန်ထမ်းရန် စစ်မှုထမ်းဟောင်းများကို စစ်ကောင်စီက လျှို့ဝှက် ပြန်ခေါ်ထားကြောင်း စစ်မှုထမ်းဟောင်းအသိုင်းအဝိုင်းထံမှ သိရှိရသည်။

ဧပြီလနှောင်းပိုင်းမှစတင်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်းဟောင်းများကို သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဟောင်းများထံသို့ ပြန်လည် ဆက်သွယ်ပြီး စစ်မှုထမ်းရန် စစ်တပ်ဘက်က ညွှန်ကြားလာကြောင်း ၊ စစ်မှုထမ်းဟောင်းများကို တပ်ဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းထားပြီး အသက် ၅၀ နှစ်အောက် တပ်ဖွဲ့၊ အသက် ၅၀ နှင့် ၆၀ အကြား တပ်ဖွဲ့၊ အသက် ၆၀ နှင့် ၆၅ အကြားတပ်ဖွဲ့ဟူ၍ ၃ ဖွဲ့ ခွဲခြားထားကြောင်း၊ စစ်မှုထမ်း ဟောင်း၏ အသက်နှင့်ရာထူးကိုလိုက်၍ ရာထူးသတ် မှတ်ပြန်လည်ပေးအပ်ပြီး ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်း ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျန်းမာရေးမကောင်းတာကလွဲရင် ငြင်းပယ်ခွင့်မရှိဘူး။ ကိုယ့်သက်ဆိုင်ရာမြို့နယ် ၊ ရပ်ကွက်တွေမှာ စစ်မှုပြန်ထမ်း ရမယ်လို့ ပြောတယ်။ လက်နက်တွေ ကျည်တွေ ထုတ်ပေးမယ်” ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။

In this photo released by the Myanmar Military Information Team, Myanmar military chief Senior General Min Aung Hlaing addresses a meeting with representatives of political parties Friday, Aug. 14, 2020, in Naypyitaw, Myanmar. (Myanmar Military Information Team via AP)

စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို တာဝန်ပြန်လည် ထမ်းဆောင်ရန် ပေးပို့သော လျှို့ဝှက် အကြောင်းကြားစာများတွင် လက်ရှိ အခြေအနေများက စစ်တပ်ကို အင်အားချိနဲ့ပြီး တိုင်းပြည်ပြိုကွဲအောင် လုပ်နေကြောင်း၊ အမျိုး ဘာသာ သာသနာ ကွယ်ပျောက်စေရန် ဘာသာရေးအစွန်းရောက်များနှင့် နိုင်ငံကို အပိုင်စီးလိုသော အနောက်အုပ်စုများ အန္တရာယ်မှ ကာကွယ်ရန် လိုအပ်လျက်ရှိရာ စစ်မှုထမ်းဟောင်းများအနေဖြင့် တိုင်းပြည်ကို ကာကွယ်စောင့် ရှောက် ရမည်ဖြစ်ကြောင်း အကြောင်းကြား ရေးသားထားသည်။

သတင်း – ခေတ်သစ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။