ဘရိုက်နဲ့တွဲနေကြောင်း လူသိရှင်ကြားကြေညာခဲ့ပြီးနောက် အဆိုတော် နေးနေးကို Boycott မယ်လို့ တရုတ်ပရိသတ်တွေက ခြိမ်းခြောက်ပြောဆို

Celebrity International News
ဘရိုက်နဲ့တွဲနေကြောင်း လူသိရှင်ကြားကြေညာခဲ့ပြီးနောက် အဆိုတော် နေးနေးကို Boycott မယ်လို့ တရုတ်ပရိသတ်တွေက ခြိမ်းခြောက်ပြောဆို

ပျိုတိုင်းကြိုက်နှင်းဆီခိုင် ထိုင်းမင်းသားချောဘရိုက် ဝဆီရာဝိတနဲ့ ထိုင်း-တရုတ်အဆိုတော် နေးနေးတို့ ချစ်သူတွေဖြစ်နေတယ်လို့ အတည်ပြုပေးခဲ့တာကို ပရိသတ်တော်တော်များများ သိပြီးကြမှာပါ။ တိုကျိုမှာ သူတို့နှစ်ဦး လက်ချင်းတွဲထားတဲ့ ဗီဒီယိုတစ်ခုပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ အခုလို သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုခဲ့တာပါ။ ဘရိုက်က တိုကျိုကို ၂ ရက်တာ Fan Meeting အတွက် ရှိနေခဲ့တာပါ။

နေးနေးနဲ့ ဆက်ဆံရေးကို အစောပိုင်းကတည်းက ထုတ်မပြမိခဲ့တဲ့အတွက် ပရိသတ်တွေကို ဘရိုက်က တောင်းပန်ခဲ့သလို တရုတ်အဆိုပြိုင်ပွဲ Produce Camp 2020 မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် လူသိများခဲ့တဲ့ နေးနေးကလည်း တရုတ်လူမှုကွန်ယက်အကောင့် Weibo မှာ သူ့ရဲ့အချစ်ရေးသတင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးတောင်းပန်ခဲ့ပါတယ်။

ဒါပေမဲ့ နေးနေးရဲ့ပို့စ်မှာ သူ့ကို စိတ်ပျက်ကြောင်း၊ unfollow မယ်၊ boycott မယ်ဆိုတဲ့ တရုတ်ပရိသတ်တွေရဲ့ထောင်ပေါင်းများစွာသောကွန့်မန့်တွေနဲ့ပြည့်နေခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်က ဘရိုက်ဟာ ဟောင်ကောင်ကို နိုင်ငံအဖြစ် ညွှန်းဆိုခဲ့တဲ့ ပို့စ်တစ်ခုကို retweet လုပ်ခဲ့တဲ့အချိန် တရုတ်အင်တာနက်အသုံးပြုသူတွေရဲ့စိတ်ဆိုးဒေါသထွက်မှုကို ခံခဲ့ရတာပါ။ ဒါကြောင့် သူတို့ရဲ့အိုင်ဒေါ နေးနေးကို ဘရိုက်နဲ့တွဲနေတာကို သိပ်မကျေနပ်ကြတာဖြစ်နိုင်ပါတယ်။

“သူက မင်းအတွက် နွေးထွေးနိုင်ပေမဲ့ တရုတ်အပေါ်ထားတဲ့ သူ့ရဲ့သဘောထားကို သိလို့လား”၊ “သူ့ရဲ့ပံ့ပိုးမှုကို ရထားရင် ငါတို့က မင်းကို ပံ့ပိုးအားပေးနေစရာမလိုတော့ဘူး”၊ “ဒါကို ဖတ်ပြီးတော့ ငါ အသည်းကွဲသွားပြီ။ ဒီထုတ်ပြန်ချက်က လွန်ခဲ့တဲ့ ၄ နှစ်တာကာလ မင်းအပေါ်ထားတဲ့ ငါ့အချစ်တွေကို သတ်ပစ်ခဲ့တာပဲ”လို့ နေးနေးရဲ့ပို့စ်မှာ တရုတ်ပရိသတ်တွေ ရေးသားခဲ့ကြတာပါ။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။