ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များနှင့်ပြည်သူ့ကာကွယ်ရေးတပ်များမှ အရေးပေါ်သတင်းထုတ်ပြန်ချက်

Local News

အရေးပေါ်သတင်းထုတ်ပြန်ချက်

၁) ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ၃၅ လမ်းထိပ် Bus ကားမှတ်တိုင် ပေါက်ကွဲမှုသည် မိမိတို့အပါအဝင် မြို့ပြပြောက်ကျားအဖွဲ့များ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ဦးစွာအသိပေးအပ်ပါသည်။
၂) တော်လှန်ရေးဆောင်ရွက်နေသော မြို့ပြပြောက်ကျားအဖွဲ့များ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပြည်သူကိုကာကွယ်နေသော ပြည်သူ့ဘက်တော်သားများဖြစ်သည့်အလျောက် ပြည်သူထိခိုက်မည့် မည်သည့်ကိစ္စရပ်များကိုမဆိုလုပ်ဆောင်မည် မဟုတ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။ ( စစ်ကောင်စီနဲပတ်သက်သော စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ချိန်မှာပင် ပြည်သူထိခိုက်မည့်အခြေနေများရှိလာပါက အဆုံးရှုံးခံ၍ တိုက်ခိုက်မှုများကို ရပ်တန့်ခဲ့ကြသည်ကို ပြည်သူများ သိထားပြီး ဖြစ်ပါသည်။)


၃) ယနေ့ဖြစ်ရပ်သည် ပြည်သူကို ရန်သူဟုသက်မှတ်သော၊ ပြည်သူနှင့် တော်လှန်ရေးအဖွဲ့များအား ရန်တိုက်ရန် အစဉ်အမြဲအားထုတ်နေသော၊ တော်လှန်ရေးအားပုံဖျက်၍ နိုင်ငံတကာတွင် မဟုတ်သတင်းလွှင့်ချင်နေသော အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများမှ လုပ်ဆောင်သော လုပ်ရပ်ဖြစ်ကြောင်း သိသာထင်ရှားပါသည်။
၄) ပြည်သူအား ထိခိုက်စေရန်ရည်ရွယ်သော၊ ပြည်သူ့ကို တိုက်ရိုက်ပစ်မှတ်ထား၍ အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်သော အကြမ်းဖက်စစ်တပ်နဲ့ ၎င်း၏အပေါင်းအပါအဖွဲ့အစည်းများ၏ လုပ်ရပ်အား မိမိတို့ Civil Guerrilla Force-YGN အနေဖြင့် ပြင်းထန်စွာ ရှုတ်ချပါသည်။
၅) သေဆုံးထိခိုက်ဒဏ်ရာရသူများ၊ ၄င်းတို့၏ မိသားစုဝင်များနှင့် ထပ်တူစိတ်ထိခိုက်နာကျင်ရကြောင်း ငြှိုးငယ်စွာဖြင့် အသိပေးလိုပါသည်။
#civilguerrillaforceygn