နတ်တလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး thay ဆုံး

Local News

နတ်တလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး thay ဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နတ်တလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး thay ဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၂
ပဲခူးတိုင်း နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး thay ဆုံးခဲ့ကြောင်း နတ်တလင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ နတ်တလင်းမြို့နယ် ကရင်ဆင်ဆွဲရွာမှ ကြက်မနက်ရွာသို့ ဦးတည်လာသော အကြမ်းဖက် စစ်တပ်အားကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်တွင် ရွာနှစ်ရွာ အကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ပွဲ ပိုမိုပြင်းထန်လာကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး thay ဆုံးခဲ့ကြောင်း သိရသည်။

ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား အများအပြားဖြင့် စစ်ကူရောက်လာသောကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက lat nat အင်အား ကွာဟသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကရင်ဆင်ဆွဲကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoenix DF နှင့် တပ်ခွဲ ၄ MRF-Nattalin တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။