မင်းအောင်လှိုင်က မိသားစု စီးရန် ကျွန်းသစ် ကနုတ်များဖြင့် အလှဆင်ထားသော အထူးသီးသန့် ရထားတည်ဆောက်ပြီးစီး

Local News

မင်းအောင်လှိုင်က မိသားစု စီးရန် ကျွန်းသစ် ကနုတ်များဖြင့် အလှဆင်ထားသော အထူးသီးသန့် ရထားတည်ဆောက်ပြီးစီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းအောင်လှိုင်က မိသားစု စီးရန် ကျွန်းသစ် ကနုတ်များဖြင့် အလှဆင်ထားသော အထူးသီးသန့် ရထားတည်ဆောက်ထား၊ ပြင်ဦးလွင်မှ ရှမ်းပြည်ဘက်သို့ ရထားဖြင့် တက်ဖွယ်ရှိပြီး ကျိုင်းတုံတွင် ၀စီပိတ်ဘုန်းကြီးနှင့် ယတြာချေဖွယ်ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၃
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းနှင့်မိသားစုဝင်များ စီးနင်းရန် ကျွန်းသစ်ကနုတ်များဖြင့် အလှဆင် ထားသော အထူးသီးသန့်ရထားတည် ဆောက်ထားပြီး ပြင်ဦးလွင်မှ ရှမ်းပြည်၊ လားရှိုးဘက်သို့ ရထားဖြင့် တက်ဖွယ်ရှိနေကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မင်းအောင်လှိုင်က ၎င်းနှင့် မိသားစုများ စီးနင်းရန်အတွက် ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာနကို အထူးသီးသန့် မီးရထားစီစဉ်တည်ဆောက်ခိုင်းခဲ့ပြီး ယင်းရထားတွဲတွင် ထိုင်ခုံများ၊ အဲကွန်း၊ စားပွဲများ အပါအဝင် တွဲအတွင်းအသုံးပြုထားသော ပစ္စည်းများအားလုံးကို အသစ်စက်စက်များ တပ်ဆင်ခိုင်းခဲ့ကြောင်း၊ ကျွန်းသစ်ကနုတ်များဖြင့် အလှဆင်ထားသော အဆိုပါ ရထားကို နိုင်ငံ တော်အထူးရထားတွဲဆိုင်းဟု ခေါ်ဆိုကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁၁ ရက်နေ့ ပြင်ဦးလွင်သို့ ခိုးကြောင်ခိုးဝှက် သွားရောက်ခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်တက္ကသိုလ် လက်ရုံးတပ်ရွေးချယ်ပွဲတက်ရောက်ကြောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် DSTA ကျောင်းဆင်းပွဲ တက်ရောက်နေကြောင်း၊ ယင်းနောက် ပြင်ဦးလွင်မှ ရထားဖြင့် ရှမ်းပြည်သို့ ဆက်လက်ထွက်ခွာဖွယ်ရှိကြောင်း သိရှိရသည်။

“နိုင်ငံတော်ရထားတွဲဆိုင်း ထွက်မယ်။ မနက်ဖြန်ထွက်မှာတော့သေချာတယ်။ ရထားက နေပြည်တော်ကနေ ပြင်ဦးလွင်တက်မယ်။ ပြင်ဦးလွင်ကမှ ရှမ်းပြည်ဘက် ရထားနဲ့ တက်မယ်လို့ ပြောတယ်။ ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်ခေတ်သစ်၏ မီးရထားဌာန သတင်းရင်းမြစ်ကမူ” ပြီးခဲ့တဲ့ တပတ်အတွင်း က DSA နောက်ကြော ရထားလမ်းတွေကို မီးရထားကဝန်ထမ်းတွေပြင် ဆင်ခြင်းနှင့် တပ်အင်အား ၂၀၀ ခန့် ကရထားလမ်းဝဲယာ ခြုံနွယ်တွေရှင်းနေတာတွေ့ရပါတယ်။


အခုလည်း ပြင်ဦးလွင်မြို့တွင်းလမ်းဆုံနေရာများ ရခ လုံ ခြုံရေး ၃ ဦးစီချထားပါတယ်။ ထူးခြားတာက စခ အင်အား အရင်လိုမတွေ့ရဘဲ ပြင်ဦးလွင်မြို့အစွန် ၁မိုင်ခဲ့အကွာမှာ တပ်စု တစု ၁၀ဦးခန့်စီ သီးခြားသတ်မှတ်ပြီး ကင်းပုန်းတွေရှိတာတော့တွေ့ခဲ့ရတယ်” ဟု ဆိုသည်။ ရှမ်းပြည်ဘက်သို့ ရောက်ရှိပါက မင်းအောင်လှိုင်သည် ကျိုးတုံတွင် ၎င်းကိုး ကွယ်သော ဝစီပိတ်ဘုန်းကြီး ကောဝိဒထံသို့ သွားရောက် ယတြာချေဖွယ်ရှိသည်ဟုလည်း သိရှိရသည်။

 

ဓာတ်ပုံ- မင်းအောင်လှိုင်နှင့် မိသားစု စီးရန် တည်ဆောက်ထားသော အထူးသီးသန့် ရထား။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။