တိုက်ပွဲကြောင့် မြဝတီ – ကော့ကရိတ် အတက်အဆင်း လ မ်းကို ပိတ်ထားသည့်အတွက် ယာဉ်အစီးရေ ရာနှင့်ချီ ပိတ်မိနေ

Local News

တိုက်ပွဲကြောင့် မြဝတီ – ကော့ကရိတ် အတက်အဆင်း လ မ်းကို ပိတ်ထားသည့်အတွက် ယာဉ်အစီးရေ ရာနှင့်ချီ ပိတ်မိနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တိုက်ပွဲကြောင့် မြဝတီ – ကော့ကရိတ် အတက်အဆင်း လ မ်းကို ပိတ်ထားသည့်အတွက် ယာဉ်အစီးရေ ရာနှင့်ချီ ပိ တ်မိနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာ့ တပ်မတော်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မြဝတီ – ကော့ကရိတ် ဒေါနတောင်တက်လမ်းကို ယမန်နေ့ အောက်တိုဘာ (၁၈) ရက် ညနေပိုင်းက စတင်ပိတ်ထားပြီး ယာဉ်အစီးရေ ရာနှင့်ချီ ပိတ်မိနေကြောင်း သိရသည်။

အဆိုပါ လမ်းကြောင်းတွင် အောက်တိုဘာ (၁၈) ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် မြဝတီ – ကော့ကရိတ် အတက်အဆင်းလမ်းကို KNU နှင့် မြန်မာ့တပ်မတော်ဘက်မှ အပြန်အလှန် ပိတ်ထား ခြင်း ဖြစ်ကြောင်း ဒေသတွင်း သ တင်း ရင်းမြစ်များထံက သိရသည်။

” မနေ့ က တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ မနေ့ ညနေ (၅) နာရီလောက်တည်းက အဲဒီလမ်းက ပိတ်ထားတာ။ မပွင့်သေးဘူးဆိုတာက ဒီလိုမျိုး၊ ကော့ကရိတ်ဘက်က‌ နေလာရင် တဖန်ကူးနားမှာ KNU က တုံးတွေ ချပြီး လမ်းကို ပိတ်ထားတယ်။ ဒီဘက်အခြမ်းကလည်း သွားလို့ရှိရင် လမ်းမှာ အန္တရာယ်ဖြစ်မှာစိုးလို့ မလွှတ်သေးဘူး။ တားထားတယ်” ဟု သင်္ဃန်းညီနောင် လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ကိုစိုးမိုးဌေးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

လက်ရှိတွင် မြဝတီမြို့အတွင် သင်္ဃန်းညီနောင်မြို့သစ်နားမှ လုံခြုံရေးဂိတ်များမှလည်း ဖြတ်သန်းသွားလာခွင့်မပြုသေးဘဲ ပိတ်ထားဆဲဖြစ်ပြီး ကော့ကရိတ်မြို့အနီးတွင်လည်း KNUဘက်မှ လမ်းပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့အ စည်းများက သတင်းထုတ်ပြန်ထားခြင်း မရှိသေးသည့် အတွက် ယနေ့ နေ့လယ်ပိုင်းအချိန်ထိ အဆိုပါ လမ်းပိုင်းအား ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်များ၊ အမ်စီးယာဉ်များ အများအပြား ပိတ်မိနေခြင်းလည်း ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် KNLA ပူးပေါင်း တပ်ဖွဲ့များအကြား ပြီးခဲ့သည့် အောက်တိုဘာ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် တပ်မဟာ (၆) နယ်မြေ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ ကြောင်းသိရသည်။

 

အဆိုပါ မြဝတီ – ကော့ကရိတ် ဒေါနတောင် အတက်အ ဆင်းလမ်းတွင် တပ်မတော်နှင့် KNLA တို့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ယခုလို့ ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

ဓာတ်ပုံ – အင်တာနက်

ရေးသားသူ – ပေါ်ပြူလာဂျာနယ်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။