စစ်တပ်၏ ပစ်ခတ်မှုကြောင့် thay ဆုံးသွားသည့် မင်းပြားမှ ကျောင်းဆရာမနာ​ရေး ပြည်သူထောင်ချီလိုက်ပို့

Local News

စစ်တပ်၏ ပစ်ခတ်မှုကြောင့် thay ဆုံးသွားသည့် မင်းပြားမှ ကျောင်းဆရာမနာ​ရေး ပြည်သူထောင်ချီလိုက်ပို့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်တပ်၏ ပစ်ခတ်မှုကြောင့် thay ဆုံးသွားသည့် မင်းပြားမှ ကျောင်းဆရာမနာ​ရေး ပြည်သူထောင်ချီလိုက်ပို့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ၊ ၁၉
ရခိုင်ပြည်နယ်၊ မင်းပြားတွင် အောက်တိုဘာ ၁၇ ရက်နေ့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် thay ဆုံးသွားသည့် မင်းပြားမှ မူလတန်းပြဆရာမ ဒေါ်မမြစောကို မင်းပြားသုဿာန်၌ ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့သင်္ဂြိုဟ်ခဲ့သည်။

ဆရာမ ဒေါ်မမြစော၏ နာရေးကို မင်းပြားမြို့နယ်မှ ဒေသခံများ လူပေါင်းထောင်နှင့် ချီ၍ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း နာရေးကိုလိုက်ပါပို့ဆောင်သည့် မင်းပြားဒေသခံတစ်ဦးက ပြောသည်။ “နာရေးလိုက်ပို့တဲ့လူတွေကအများကြီးပါပဲ။ အရေအတွက်ကတော့ ထောင်ကျော်ပါတယ်။ အလောင်းကိုတော့ ၂ နာရီမထိုးခင်မှာပဲ မီးသင်္ဂြိုလ်လိုက်တယ်” ဟုပြောသည်။

ဆရာမ ဒေါ်မမြစောမှာ မင်းပြားမြို့နယ် ထောင့်ချောင်းကြီးကျေးရွာတွင် တာဝန်ကျနေသည့် မူလတန်းပြဆရာမတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့က မင်းပြားအခြေစိုက်တပ်ရင်းများမှ lat nat ကြီး၊ lat nat ငယ်ပစ်ခတ်မှုတွင် ထိမှန်၍ thay ဆုံးသွားခဲ့ခြင်းဖြစ်သည်။

အသက် ၄၉ နှစ်အရွယ်ရှိ ကျောင်းဆရာမ ဒေါ်မမြစောမှာ ထောင့်ချာင်းကြီးတွင် ၂၄ နှစ်ကြာတာဝန်ထမ်းဆောင်နေခဲ့သည့် ကျောင်းဆရာမတစ်ဦးဖြစ်ကာ နိုင်ငံဝန်ထမ်းဖြစ်သည့်အတွက် လုံခြုံမှုရှိသည်ဟု ယုံကြည်၍ ဒေသမတည်ငြိမ်မှုအခြေနေများကြားတွင် မင်းပြားမှ ထောင့်ချောင်းကြီးသို့ နေ့ချင်းပြန် ကျောင်းတက်ရောက်နေခဲ့သူတစ်ဦးလည်းဖြစ်သည်။

အလားတူ ကျောင်းဆရာမ ဒေါ်မမြစောကဲ့သို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က မင်းပြားမြို့စစ်ကောင်စီတပ်ရင်း ခမရ ၅၄၁၊ ၃၇၉၊ ၃၈၀ စသည့်တပ်ရင်းများမှ lat nat ကြီးပစ်ခတ်မှုတို့ကြောင့် ဖလောင်းပြင်မှ အမျိုးသမီး ၂ ဦး thay ဆုံးခဲ့သည်။

ယင်းအပြင် ကျောက်တော် ကစ္ဆပနဒီတံတားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အောက်တိုဘာ ၁၇ ရက်နေ့တွင် lat nat ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်တော်ပိုက်သည် ကန်ပေါက်ကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦး thay ဆုံးခဲ့သည်။

ဓါတ်ပုံ- မင်းပြားမှ မူလတန်းပြဆရာ ကျောင်းဆရာမ ဒေါ်မမြစော အား နောက်ဆုံး
မြင်ကွင်း / ဓာတ်ပုံ- Western News
(Western News- WNသည် ရန်ကုန်​ခေတ်သစ်၏ မဟာ မိတ်ဖြစ်သည်။)

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။