ထန်တလန်မြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ခိုးယူထားသော အများပြည်သူပိုင်ပစ္စည်းများကို ချင်းတပ်ဖွဲ့က သိမ်းဆည်းရရှိ

Local News

ထန်တလန်မြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ခိုးယူထားသော အများပြည်သူပိုင်ပစ္စည်းများကို ချင်းတပ်ဖွဲ့က သိမ်းဆည်းရရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထန်တလန်မြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ခိုးယူထားသော အများပြည်သူပိုင်ပစ္စည်းများကို ချင်းတပ်ဖွဲ့က သိမ်းဆည်းရရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၁
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့များကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် thay ဆုံး စစ်ကောင်စီတပ်ဖွဲ့ထံမှ ၎င်းတို့ခိုးယူထားသော အများပြည်သူပိုင် ရွှေ၊ ငွေ ပစ္စည်းများကို ချင်းတပ်ဖွဲ့မှ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိသော ပစ္စည်များတွင် အများပြည်သူပိုင် ရွှေ၊ ငွေ လက်ဝတ်ရတနာများ၊ ချင်းရိုးရာ ဆွဲကြိုးများ အပြင် ကျည်ဆံအမြောက်အများ၊ ကျည်ဘောက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများ ပါဝင်သည်။

ထန်တလန်နှင့် ဟားခါးမြို့နယ်များတွင် အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ စစ်တပ်နှင့် ချင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၅ ဦးထက်မနည်း thay ဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNA က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများတွင် ချင်းပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ၄ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်တပ်ကို CNA၊ CJDC၊ CDF ထန်တလန်၊ CDF Zophei၊ CDF lautu၊ CDF Mara၊ CDF ဟားခါး တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။