စစ်ခေါင်းဆောင် မိသားစုတွေ ဒူဘိုင်းသွားပြီး ခြေရာဖျောက်နေကြပြီလား?

Local News

စစ်ခေါင်းဆောင် မိသားစုတွေ ဒူဘိုင်းသွားပြီး ခြေရာဖျောက်နေကြပြီလား?

အားလုံးပဲ မင်္ဂလာပါ… မိုးနတ်မင်း သတင်းစုံကနေ ပြန်လည်ပြီးတော့ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ စစ်ခေါင်းဆောင် မိသားစုတွေ ဒူဘိုင်းသွားပြီး ခြေရာဖျောက်နေကြပြီလား ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

မအလ ရုရှားသွားတုန်းကစီးတဲ့လေယာဉ် MAI Airbus A319-112 XY-AGR ဟာ ဒီနေ့ မနက်စောစော ရန်ကုန်ကနေ နပတ ကိုထွက်သွားပါတယ်။

နပတ မှာ လူတင်ပြီး 9:30 am မှာ ဒူဘိုင်း(UAE) ကို သွားပါတယ်။ Dubai ကို 2:53 pm မှာ ရောက်ပါတယ်။ ခရီးသည်တွေ ဆင်းတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မဆင်းပါဘူး။

ပရိုက်ဗိတ်လေယာဉ်တွေဆင်းတဲ့.. Dubai World Central Int’l Airport မှ ဆင်းတာပါ။ လူမသိအောင် နပတ အထွက်မှာ ADS-B Signal ပိတ်ပြီးထွက်သွားတာပါ။

ဒီလေယာဉ်က အပြည့် တင်ရင် (၁၄၄) ယောက်စီးလို့ ရတယ် ။ သူတို့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ မိသားစုတွေ အားလုံးကို ခေါ်သွားလို့ရပါတယ်။

VVIP တွေ စစ်ရှောင်ကြပြီထင်တာပဲ။

ဒီခရီးစဉ်ရှိတဲ့အတွက်ကြောင့် ဖြစ်မယ်…. စိုးဝင်း နဲ့ သီတဂူဆရာတော် ရုရှားသွားတာတောင် ဒီ မအလ စီးတဲ့ လေယာဉ်ကို ပေးမသုံးပဲ ချန်ထားတာ။

မိုးနတ်မင်းပရိသတ်ကြီးလည်း ဒီပိုစ့်လေးကိုဖတ်ရတာ နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေအတွက် ရှယ်ပေးဖို့မမေ့နဲ့နော်…

Leave a Reply