ရိခေါဒါရ်မြို့တွင် မိုင်းဆွဲခံရမှုကြောင့် စစ်သား ၅ ဦးခန့် thay ဆုံး၊ ပုလဲမြို့တွင်လည်း စစ်တပ်က ကျေးရွာနှင့်နေအိမ်များကို မီးတင်ရှို့

Local News

ရိခေါဒါရ်မြို့တွင် မိုင်းဆွဲခံရမှုကြောင့် စစ်သား ၅ ဦးခန့် thay ဆုံး၊ ပုလဲမြို့တွင်လည်း စစ်တပ်က ကျေးရွာနှင့်နေအိမ်များကို မီးတင်ရှို့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရိခေါဒါရ်မြို့တွင် မိုင်းဆွဲခံရမှုကြောင့် စစ်သား ၅ ဦးခန့် thay ဆုံး၊ ပုလဲမြို့တွင်လည်း စစ်တပ်က ကျေးရွာနှင့်နေအိမ်များကို မီးတင်ရှို့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၆
ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါဒါရ်မြို့တွင် အောက်တိုဘာလ ၂၆ ရက် ယနေ့နံနက်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးခန့် thay ဆုံးနိုင်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ရိခေါဒါရ်မြို့တွင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး thay ဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်သားတွေ မိုင်းမိတာက မနက် ၈ နာရီလောက်မှာ၊ MEDF က ထောင်တဲ့ မိုင်း။ ၅ ယောက်လောက် thay တာ တွေ့လိုက်တယ်လို့ MEDF အဖွဲ့ကနေ သိရတယ်။ ကွဲတဲ့နေရာက သူတို့ စစ်ကောင်စီ စခန်းနဲ့ နီးနီးလေး အမှတ် (၂) ရပ် ကွက်မှာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် အနီးဝန်းကျင်ရှိ နေအိမ်များကို မီးရှို့ကြောင်း သိရှိရပြီး နေအိမ်မည်မျှ မီးလောင်ပျက်စီးသည်ကို ကနဦး မသိရှိရသေးပေ။
” thay တဲ့ အလောင်းတွေကို အိမ်ထဲကို ထည့်တယ်၊ အိမ်ကိုပါ မီးရှို့လိုက်တယ်။ အိမ်ဘယ်နှစ်လုံး လောင်လဲဆိုတာတော့ မသိသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ဆက်ပြောသည်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Mountain Eagle Defense Force က စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဖလံပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၈ လုံးပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ဖလံပင်ရွာမြောက်ပိုင်းက စတင်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ပြီး လက်ရှိချိန်တွင် နေအိမ် ၈ လုံးပြာကျသွားပြီ ဖြစ်ကြောင်း သိရသည်။

” မနေ့က PDF ရုံးကို ဝင်စီးတဲ့ စစ်ခွေးတွေက အဲဒီရုံးထဲမှာပဲ ညကတည်းက တပ်စွဲထားတယ်။ ဒီနေ့ နံနက်ရောက်တော့ အဲဒီကထွက်လာပြီး ရွာမြောက်ပိုင်းကနေ စရှို့နေတာ အခုနံနက်ပိုင်းတင် နေအိမ် ၈ လုံးပြာကျသွားပြီလို့ သိရတယ်။ စစ်ခွေးတွေ ရွာထဲမှာလှည့်ပတ်နေတယ်။ ပြည်သူတွေကတော့ မရှိတော့ဘူး။ မနေ့တည်းက အကုန်ပြေးနေကျပြီ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာလ ၂၅ ရက်နေ့က ဖလံပင်ရွာအနီးရှိ PDF စခန်းတစ်ခု ဝင်ရောက် စီးနင်းပြီး PDF ရဲဘော်များ ဖမ်းဆီးထားသည့် စစ်တပ် သတင်းပေး (ဒလန်) များကို ရဟတ်ယာဥ်ဖြင့် ခေါ်ဆောင်သွားပြီး PDF စခန်း၌ တပ်စွဲထားခြင်း ဖြစ်ကြောင်းသိရသည်။

ဖိုတို – အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့နေသော ရိခေါဒါရ်မြို့ကို အဝေးမှ တွေ့မြင်ရစဥ်

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။