စစ်ကိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီး စင်္ကြာ လိုက်ပါသော အိမ်စီးကား မိုင်းဆွဲခံရပြီး အရာရှိနှင့်စစ်သား ၃ ဦး thay ဆုံး၊ သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် စစ်ကား ၁၉ စီး ကြားဖြတ် တိုက်ခိုက်ခံရ

Local News

စစ်ကိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီး စင်္ကြာ လိုက်ပါသော အိမ်စီးကား မိုင်းဆွဲခံရပြီး အရာရှိနှင့်စစ်သား ၃ ဦး thay ဆုံး၊ သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် စစ်ကား ၁၉ စီး ကြားဖြတ် တိုက်ခိုက်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီး စင်္ကြာ လိုက်ပါသော အိမ်စီးကား မိုင်းဆွဲခံရပြီး အရာရှိနှင့်စစ်သား ၃ ဦး thay ဆုံး၊ သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် စစ်ကား ၁၉ စီး ကြားဖြတ် တိုက်ခိုက်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာ_အရာတော် လမ်းပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာ နချုပ်မှ ဗိုလ်ကြီး စင်္ကြာ လိုက်ပါလာသည့် အိမ်စီးကား မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အရာရှိ အပါအဝင် စစ်သား ၃ ဦး thay ဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မုံရွာ-အရာတော် လမ်းပိုင်း တစ်နေရာ၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီဝင်များကို ရိက္ခာလာပို့သည့် Mark 2 ကား ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၃ ဦး thay ဆုံးခဲ့ကြောင်း သိရသည်။

” Mark 2 ကားမှာတော့ သုံးပွင့်ဗိုလ် ဗိုလ်ကြီး စင်္ကြာ ပါဝင်တယ်လို့ သိရှိရပါတယ်။ နေရာမှာပဲ thay သွားပါတယ်ဗျ။ Mark 2 ကားကို တော့ နေရာမှာပဲ ထားခဲ့ရပါတယ်။ အတော်ကြာမှကရိန်းနဲ့ လာသယ် သွားတယ်လို့သိရတယ်” ဟု God Of Monywa People Defense Force -GPDF က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်း တိုက်ခိုက်မှုကို God Of Monywa People Defense Force-GPDF နှင့် သပြေညိုပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကင်းပုန်းဝပ် စစ်ကောင်စီဝင်များမှ လိုက်လံပစ်ခတ်သော်လည်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် စစ်ကား ၁၉ စီးပါ ယာဥ်တန်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ထိခိုက် thay ဆုံးမှုရှိကြောင်း သိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သံဖြူဇရပ်-ရေး လမ်းပိုင်းရှိ ဝဲခမီရွာနှင့် ရွာသာအေးရွာအကြားတွင် ရေးမြို့ဘက်မှ ဆင်းလာသည့် စစ်ကား ၁၉ စီးပါယာဥ်တန်းကို မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျား​တပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် thay ဆုံးရှိ နိုင်သော်လည်း အရေအတွက် အတိအကျ မသိရသေးကြောင်း၊ ယင်း စစ်ကား ၁၉ စီးသည် ထားဝယ်မြို့ဘက်သို့ ဦးတည်ဆင်းလာမည့် ရိက္ခာ၊ lat nat ခဲယမ်း တင်ဆောင်လာသည့် ယာဥ်တန်းဖြစ်ကြောင်း တောင်ညို ပြည်သူ့ပြောက် ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မုံရွာ-အရာတော်လမ်းတွင် မိုင်းဆွဲခံရပြီး ဗိုလ်ကြီးစင်္ကြာ အပါအဝင် စစ်သား ၃ ဦး thay ဆုံးသွားသည့် ကား။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။