ဒူဘိုင်းကို အိမ်ဖော်အဖြစ် လာမယ်ဆိုရင် ဒါတွေ သိထားဖို့လိုတယ်

International News Local News

ဒူဘိုင်းကို အိမ်ဖော်အဖြစ် လာမယ်ဆိုရင် ဒါတွေ သိထားဖို့လိုတယ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒူဘိုင်းကို အိမ်ဖော်အဖြစ် လာမယ်ဆိုရင် ဒါတွေ သိထားဖို့လိုတယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

-အာဏာသိမ်းပြီးနောက် အထွေထွေကျပ်တည်းမှုတွေကြောင့် ပြည်ပထွက်အလုပ်လုပ်သူတွေ အများအပြားရှိလာပါတယ်။
-အဲဒီထဲမှာ မြန်မာအမျိုးသမီးအများစုက ဒူဘိုင်းနဲ့ အိုမန်နိုင်ငံတို့မှာ အိမ်အကူသွားလုပ်ကြပါတယ်။
– မိသားစု စီးပွားရေးကျပ်တည်းမှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် တစ်လဆယ်သိန်းနီးပါးရှိမယ်ဆိုတဲ မျှော်လင့်ချက်တွေနဲ့ သွားလုပ်ကြတာပါ။
– အိုမန်နဲ့ UAE နိုင်ငံ ဒူဘိုင်းမြို့ ကို အိမ်အကူအဖြစ် ရောက်လာခဲ့ကြပေမယ့် အများစုကတော့အဆင်မပြေမှုတွေကိုသာ ဆက်တိုက်ကြုံနေရတာကို တွေ့ရပါတယ်။
– လေဆိပ်ရောက်တာနဲ့ ပွဲစားက နိုင်ငံကူးလက်မှတ်ကို သိမ်းယူလိုက်ပြီး၊ အိမ်အကူလုပ်ရမယ့် အိမ်ရှင်ကို ရှာမတွေ့မချင်း မဝရေစာပဲ ကျွေးပြီး အခန်းထဲမှာ ပိတ်လှောင်ထားတယ်လို့ မြန်မာမိန်းကလေးတွေက ပြောပါတယ်။
-အလုပ်လုပ်တဲ့ အိမ်ရှင်ကနှိပ်စက်တာနဲ့ ပွဲစားကနှိပ်စက်တဲ့ ဒဏ်မခံနိုင်လို့ မြန်မာမိန်းကလေးအများစုဟာ အခွင့်အရေးရတာနဲ့ ထွက်ပြေးကြတာတွေရှိပါတယ်။
-အဆင်မပြေလို့ တရားဝင်မြန်မာနိုင်ငံပြန်ချင်ရင် မြန်မာကျပ်ငွေ ၁၀၀ နီးပါးနဲ့ ညီမျှတဲ့ ဒူဘိုင်းငွေကြေးပေးမှပြန်ရမယ်လို့ ပွဲစားတွေက ပြောဆိုထားပါတယ်။
– အများစုရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပွဲစားတွေက သိမ်းယူထားတာကြောင့် သူတို့ဟာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ် ပုန်းကွယ်နေထိုင်ကြရတာပါ။
-အလုပ်အကိုင်လည်းမရှိတာကြောင့် စားရေးသောက်ရေးအတွက် ဘာသာရေးအဆောက်အအုံတွေမှာ လိုက်လံ တောင်းရမ်းနေပြီး လမ်းဘေးမှာဖြစ်သလိုနေရတယ်လို့ ဆိုပါတယ်။


ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။