ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာနှင့် ရွာထောင်ရွာကို စစ်တပ်က ရဟတ် ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်အင်အားအများအပြားချ၊ စစ်တပ်က စည်သာမြေရွာကို မီးတင်ရှို့နေပြီး ပြည်သူ ထောင်ချီ ထွက်ပြေးနေရ

Local News

ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာနှင့် ရွာထောင်ရွာကို စစ်တပ်က ရဟတ် ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်အင်အားအများအပြားချ၊ စစ်တပ်က စည်သာမြေရွာကို မီးတင်ရှို့နေပြီး ပြည်သူ ထောင်ချီ ထွက်ပြေးနေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာနှင့် ရွာထောင်ရွာကို စစ်တပ်က ရဟတ် ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်အင်အားအများအပြားချ၊ စစ်တပ်က စည်သာမြေရွာကို မီးတင်ရှို့နေပြီး ပြည်သူ ထောင်ချီ ထွက်ပြေးနေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာနှင့် ရွာထောင်ရွာကို စစ် တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး ရွာအနီးအနားတွင် စစ်အင်အားအများအပြား ချထားသဖြင့် ပြည်သူ ထောင်ချီထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲမှ နံနက် ၁၀ နာရီအထိ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး အနီးအနားကျေးရွာများတွင် စစ်သားများချထားပေးကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက်ကျေးရွာများကို ပစ်ခတ် ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း သိရှိရသည်။


“ရဟတ်ယာဉ် ၃ စီးနဲ့ ပစ်တယ်။ ရေဦးမြို့နယ် မီးမောင်းကုန်းရွာနဲ့ရွာထောင်ရွာကိုစစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်တာ။ စည်သာမြေရွာမှာ စစ်တပ်က စစ်သားတွေကို ရဟတ်ယာဉ်နဲ့ ချပေးတယ်။ ခုဆို မီးမောင်းကုန်း ရွာနဲ့ ရွာထောင်ရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်တပ်က ရဟတ်ယာဉ် ၃စီးနဲ့ နံနက် ၈ ခွဲကနေ နံနက် ၉ခွဲလောက်အထိ အဆက်မပြတ် ပစ်တာပါ” ဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က စည်သာမြေကျေးရွာကို ဝင်ရောက်စီးနင်းပြီး ရွာကို မီးတင်ရှို့နေကြောင်း၊ ခြေလျင်တပ်များသည် စည်သာမြေရွာနှင့်ရွာပုလဲရွာအကြား သို့ စစ်ကြောင်း ထိုးလာနေကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး