ညောင်ခါးရှည်နှင့်သိမ်ဇရပ် စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသော စစ်တပ်၊ရဲ၊ ပျူစောထီးများနှင့် ဝန်ထမ်းတိုင်း လက်ဖျား ငွေသီးနေ

Local News

ညောင်ခါးရှည်နှင့်သိမ်ဇရပ် စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသော စစ်တပ်၊ရဲ၊ ပျူစောထီးများနှင့် ဝန်ထမ်းတိုင်း လက်ဖျား ငွေသီးနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ညောင်ခါးရှည်နှင့်သိမ်ဇရပ် စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသော စစ်တပ်၊ရဲ၊ ပျူစောထီးများနှင့် ဝန်ထမ်းတိုင်း လက်ဖျား ငွေသီးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၁၄

ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ဘက်မှ ရန်ကုန်မြို့သို့ သွားရောက်ရသည့် လမ်းခရီးတွင် ရှိနေသော ညောင်ခါးရှည် စစ်ဆေးရေးဂိတ်နှင့် သိမ်ဇရပ်လမ်းခွဲ စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသည့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများ သည် စစ်ဆေးရေးအကြောင်းပြ၍ လက်ဖျား ငွေသီးနေသည်ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များနှင့် ဒေသခံ ကားသမားများက ပြောဆိုကြသည်။
ရန်ကုန်မြို့အတွင်းသို့ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဘက်မှlat nat ခဲယမ်းများ တင်သွင်းမှု မလုပ်နိုင်ရေး နှင့် ဝင်ရောက်မလာရေး အတွက် စစ်ကောင်စီတပ်က X-Ray စက်များ ထားရှိပြီး ကားများကို ဖြတ်သန်းစစ်ဆေးလျက်ရှိရာမှ တစ်စီးချင်းစီ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစစ်ဆေးစေခြင်း၊ အချိန်ဆွဲ၍ လုပ်ကိုင်ပြီး ယာဉ်တန်းရှည်များ ဖြစ်ပေါ်စေကာ အလျှင်လိုသည့်ကားများကို လာဘ်ငွေ ယူ လွှတ်ပေးခြင်းများကြောင့် မှောင်ခိုစျေးကွက်ဖြစ်ပေါ်ကာ တာဝန်ကျ ဝန်ထမ်းများအားလုံး ငွေသောက်သောက်လဲဝင်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

“မော်လမြိုင် ကနေ ရန်ကုန် အပြန် သိမ်ဇရပ် X-Ray ဂိတ်မှာ နေ့တိုင်းနီးပါး ကားပိတ်ပါတယ်။ အရင်ကလည်း စစ်ဆေးရေးဂိတ်ကြောင့် ကားပိတ်တဲ့သတင်းသိထားပါတယ်။ ဒါပေမယ့် အခုက ရဲနဲ့မော်တော်ပီကယ် ပေါင်းရိုက်ပြီး လက်ဖျား ငွေသီးနေကြတာ မြင်မကောင်းဘူး ။ မော်လမြိုင် ကနေ ရန်ကုန် အတက် ကားက ၂ လမ်းမောင်းပါ။ဒါပေမယ့် ကားတွေက စစ်ဆေးရေးဂိတ်ကြောင့် တချို့အရေးကြီးတဲ့ကားတွေက တဖက်လမ်းကို ကျော်တက်ရပြီး သွားဖို့ကြိုးစားကြပါတယ်။ မော်တော်ပီကယ်တွေလည်းရှိနေတာဆိုတော့ သူတို့က လမ်းရှင်းပေးဖို့အတွက် ထင်တာ။ မဟုတ်ဘူး ။ မော်တော်ပီကယ်က လမ်းရှင်းပေးတာမဟုတ်ဘဲ ကျော်တက်လာတဲ့ကားတွေရဲ့ ဝှီးတက်တွေသိမ်းပြီး တစ်စီး ၅၀၀၀၀ တောင်းကြတာပါ။ အဲဒီနားမှာတင် အပြတ်ရှင်း။ ရော့ ငါးသောင်း၊ ရော့ဝှီးတက်ပဲ။ ဝှီးတက်ကို မေယ်တော်ပီကယ်မသိမ်းပါဘူး thay နတ်ကိုင် ရဲက သိမ်းတာပါ။ သိမ်းပြီး မော်တော်ပီကယ်ဆီကိုအပ်တာပါ။ အဲဒီတော့ စစ်ဆေးရေးဂိတ်မဖြတ်ချင်ရင် ငါးသောင်းပေးပြီး ဖြတ်ရတဲ့သဘောဖြစ်နေတာ။ အဲဒီတော့ငွေတတ်နိုင်တဲ့သူက ဖြတ်ကြတယ်။ တာဝန်ကျတွေ ဝန်ထမ်းအကုန် ငွေတွေ မြင်မကောင်းဘူး” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
သိမ်ဇရပ် X-Ray ဂိတ်တွင် ကားတစ်စီး ဖြတ်သန်းရန် အနည်းဆုံး ၄ နာရီမှ ၅ နာရီအထိကြာမြင့်စွာ စောင့်ဆိုင်းရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ဆေးရေးဂိတ် X-Ray စက် ဖြတ်သန်းရန် တန်းစီနေရသည့် ယာဉ်တန်းများ။

အလားတူ ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင်လည်း နေ့စဉ် ကားများ ပိတ်နေပြီး ညောင်ခါးရှည် ဂိတ်ကို ဖြတ်သန်းရန်လည်း အနည်းဆုံး ၅ နာရီ စောင့်ဆိုင်းရသည်ဟု သိရှိရသည်။
“တန်းမစီဘဲ ကျော်တက်ရင် ဝှီးတက်သိမ်းတယ်။ ဒဏ်ငွေ ၅၀၀၀၀ ကနေ ၁ သိန်းအထိ တောင်းတယ်။ ညောင်ခါး ရှည် ဂိတ်မှာ စောင့်ရပြီဆိုရင်တော့ လူကို အီစိမ့်နေအောင် ကားထဲနေရတာ။ နေ့လယ်အချိန်ဆို ကားအဲကွန်းတောင် မနိုင်ဘူး စောင့်ရတာ။ သူတို့ကလည်း ကားတစ်စီးကို အချိန်ဆွဲပြီး စစ်တယ်။ တမင် ကားတွေ အတန်းရှည်ကြီးဖြစ် နေအောင်။ အမြန်ဖြတ်ချင်ရင်တော့ လိုင်းကြေးပေါ့။ ကျော်တက် ငွေပေးဖြတ်။ အဲဒါမျိုးလုပ်ရတယ်။ အတော်ကို အဆင်မပြေပါဘူး” ဟု ကုန်တင်ကား ယာဉ်မောင်းတစ်ဦးက ဆိုသည်။
စစ်ကောင်စီက စစ်ဆေးရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ်ဖြစ်ပေါ် ကုန်စည်စီးဆင်းမှုနှင့် ခရီးသည်များ ဒုက္ခရောက်နေသည့် ကိစ္စများကို တိုင်စာများရရှိ၍ သိရှိသော်လည်း တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ ခွင့်ပြုထားသည်ဟု ရန်ကုန်ခေတ်သစ်၏သတင်းရင်းမြစ်က ပြောသည်။

“အထက်က သိတယ်။ အဲဒီကိစ္စတွေ ။ ဒီအတိုင်းလွှတ်ထားတာပဲ။ တကယ်ဆို X-Ray စက်တွေ ထပ်တိုး။ တစ်ပြိုင်နက်တည်း ကား ၄ စီး၊ ၅ စီးလောက်စစ်။ အဲဒါမျိုးလုပ်ဖို့ တင်ပြလာတာတွေလည်းရှိတယ်။ ဘာမှတ်ချက် မှမပေးဘူး။ အဲဒီတော့ ပြည်သူတွေပဲ ဒုက္ခခံရတာပေါ့” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။