ဝက်လက်၊ သစ်ဆိမ့်ကြီးကျေးရွာကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင်နေအိမ်ပစ္စည်းများကို စစ်သားများ ခိုးယူ

Local News

ဝက်လက်၊ သစ်ဆိမ့်ကြီးကျေးရွာကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင်နေအိမ်ပစ္စည်းများကို စစ်သားများ ခိုးယူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝက်လက်၊ သစ်ဆိမ့်ကြီးကျေးရွာကို စစ်တပ်က မီးရှို့မှု ပြည်သူပိုင်နေအိမ် ၃၇ လုံး မီးလောင်၊ ကျေးရွာပေါင်း ၆ ရွာခန့် မီးရှို့ခံရပြီး ပြည်သူပိုင်ပစ္စည်းများကို စစ်သားများ ခိုးယူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သစ်ဆိမ့်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၁၆ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၃၇ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း သတင်းရရှိသည်။

“မနေ့က ညနေ ၃ နာရီလောက်က သစ်ဆိမ့်ကြီးကို မီးရှို့တယ်၊ သစ်ဆိမ့်ကြီးရွာက အိမ် ၃၄ လုံး မီးလောင်တယ်၊ တောင်ဘက်က ကူကြီးကျေးရွာက အိမ် ၃ လုံး မီးလောင်တယ်၊ အဲဒါက သစ်ဆိမ့်ကြီးကျေးရွာအုပ်စုမှာ၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှာ ရှိတာ” ဟု ဒေသခံ PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ဝက်လက်မြို့နယ် အနောက်ခြမ်းကျေးရွာများကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသလို အရှေ့ခြမ်းရှိ ကျေးရွာများကိုလည်း စစ်ကြောင်းထိုးကာ မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“၁၅ ရက်နေ့မှာ ရှိမ်းမကားလမ်းက ပိတောက်ခြုံ၊ နောက်ပြီး ဆင်နင်း၊ ပြီးတော့ ငါးပန်ချောင်းကို မနေ့က ဝင်တယ်၊ ဆိုင်ကယ်တွေ ခိုးတယ်။ ပြီးတော့ သစ်ဆိမ့်ကြီးကို ထပ်ဝင်တာ” ဟု PDF သတင်းရင်းမြစ်က ဆက်ပြောသည်။

အကြမ်းဖက်စစ်သားများ၏ ဝင်ရောက်မီးရှို့ဖျက်ဆီး ခိုးယူမှုများကြောင့် အများပြည်သူပိုင် နေအိမ်မည်မျှ ပျက်စီးကြောင်းနှင့် ဆုံးရှုံးမှု အသေးစိတ်ကို ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျှက်ရှိသည်။

ယနေ့ နံနက် ၇ နာရီကျော်အချိန်ကလည်း ဝက်လက်မြို့နယ်အနောက်ခြမ်းကို စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ရင်းမကျေးရွာသူ ပြည်သူ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး they ဆုံးခဲ့ရသည်။

ဖိုတိုခရက်တစ် – GZ Special Task Force – Wetlet

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။