စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲကို ပြည်သူအားလုံး သပိတ်မှောက်ကြရန် နှိုးဆော် ဆန္ဒပြ

Local News

စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲကို ပြည်သူအားလုံး သပိတ်မှောက်ကြရန် နှိုးဆော် ဆန္ဒပြ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲကို ပြည်သူအားလုံး သပိတ်မှောက်ကြရန် နှိုးဆော် ဆန္ဒပြ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲကို ပြည်သူအားလုံး သပိတ်မှောက်ကြရန် တော်လှန်လူငယ်များက နှိုးဆော် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို လူငယ်များက “စကစ၏ ၂၀၂၃ ရွေးကောက်ပွဲအား သပိတ်မှောက်ကြ “Boycott 2023 Election of SAC ” စာတန်းများ ကိုင်ဆောင်ကာ ရွေးကောက်ပွဲအား လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


” စကစသည် နိုင်ငံရေးအရ ထွက်ပေါက်ရှာရန်နဲ့ နိုင်ငံတကာနဲ့ အာဆီယံအား ရွေးကောက်ပွဲဖြင့် အချိုသတ်ရန် ကြိုးစားနေပါတယ်။ စစ်တပ် ကြိုးစွဲရာကမည့် နိုင်ငံရေးဖြစ်လာအောင် လုပ်နေတာမို့ နိုင်ငံရေးပါတီများမှလည်း စစ်တပ်မပါသော နိုင်ငံရေး ဖြစ်စေရန် ငြိမ်မခံဘဲ ဆန့်ကျင်ကြရန် တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံအနှံ့တွင် ကျရာ တော်လှန်​ရေးတာဝန်ထမ်းဆောင်နေသော CDMများသည် အခြားပြည်သူများနှင့်တန်းတူ ယနေ့တိုင် တော်လှန်နေဆဲဖြစ်ကြောင်း ပြည်သူများအား အသိပေးလိုပါတယ်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ထွက်ပေါက်မှန်သမျှ ရရာနည်းဖြင့် ပိတ်ဆို့ပြီး မြန်မာ့မြေပေါ်ကနေ အကြမ်းဖက် စစ်တပ် ပပျောက်အောင် လုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တစ်ဦးက ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။