လောင်းလုံးနှင့်ထားဝယ်တွင် ပျူစောထီးနှင့် စစ်တပ်သတင်းပေးဟု နာမည်ထွက်သူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးthay ဆုံး၊ မူယစ်ဆေးဝါးရောင်းသူ ၂ ဦးကို လက်နက်များနှင့်အတူ PDF က ဖမ်းဆီး

Local News

လောင်းလုံးနှင့်ထားဝယ်တွင် ပျူစောထီးနှင့် စစ်တပ်သတင်းပေးဟု နာမည်ထွက်သူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးthay ဆုံး၊ မူယစ်ဆေးဝါးရောင်းသူ ၂ ဦးကို လက်နက်များနှင့်အတူ PDF က ဖမ်းဆီး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လောင်းလုံးနှင့်ထားဝယ်တွင် ပျူစောထီးနှင့် စစ်တပ်သတင်းပေးဟု နာမည်ထွက်သူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးthay ဆုံး၊ မူယစ်ဆေးဝါးရောင်းသူ ၂ ဦးကို လက်နက်များနှင့်အတူ PDF က ဖမ်းဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း DGRF အဖွဲ့က ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာမှ ပျူစောထီး အသက် ၄၀ ကျော်အရွယ် ထွန်းထွန်းနိုင်သည် ကျောက်ဆင်ရွာလမ်းပိုင်းတစ်နေရာတွင် thay နတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ကျည်ဆန် ၆ ချက်ထိမှန်ကာthayဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။


” သူကအရင် ပျူစောထီးခေါင်းဆောင် ဦးလေးလေးတပည့်ပေါ့။ နောက်တော့ သူတို့ချင်း ပြဿနာဖြစ်ပြီး ဂိုဏ်းကွဲထွက်လာတာ။ အဲဒီနောက်ပိုင်းမှာတော့ သူ့ဘာသူ စစ်တပ်နဲ့ပေါင်းပြီးမျိုးစုံလုပ်တယ်။ မူးယစ်ဆေးလည်းရောင်းတယ်” ဟု ဒေသခံကျေးရွာသားတစ်ဦးက ပြောသည်။
DGRF ၏ထုတ်ပြန်ချက်တွင် ထွန်းထွန်းနိုင်သည် စစ်ကောင်စီတပ်သားများကို လမ်းပြလုပ်ခြင်း lat natကိုင်၍ ပြည် သူကို ခြိမ်းခြောက်ခြင်း၊ လူthetဓားပြတိုက်ပြီး ဆက်ကြေးကောက်ခံခြင်းတို့လုပ်ကိုင်သူဖြစ်ကြောင်း ၊ထို့ ကြောင့် DDT တပ်ခွဲ ၃ ၊ LLPDF နှင့် DGRFတို့က ပူးပေါင်းရှင်းလင်းခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ညောင်ဇင်ကျေးရွာသား ကိုနိုင်သည် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန် ပစ်ခတ်ခံရကြောင်း၊ ပစ်ခတ်မှုကြောင့် လူthayဆုံးမှု မရှိသော်လည်း ခြေထောက်တွင် ထိခိုက်သွား၍ ဆေးကုသမှု ခံယူနေရကြောင်း၊ စစ်တပ်သတင်းဟု နာမည်ထွက်သည့် ကိုနိုင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပြည်သူများထံမှ မတရားဆက်ကြေးကောက်ခံနေခြင်း၊ ရပ်ရွာအတွင်း တော်လှန်ရေးမှာ ပါဝင်နေသည့် တက်ကြွလှုပ်ရှား‌သူများ၏ သတင်းများကို စစ်တပ်ထံ ပေးပို့သူဖြစ်ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အတည်ပြုပြောဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူ ၂ ဦးကို PDFက ဖမ်းဆီးလိုက်ပြီး lat natခဲယမ်းများနှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် DGRFက မူးယစ်ဂိုဏ်းအဖွဲ့ဝင် သားထူးကို ဝင်ရောက်ဖမ်းဆီးရာ WY(၇၅)လုံး ၊ ICE(၂၄)တောင့် ၊ လက်ကိုင်ဖုန်း(၂)လုံး ၊ ငွေသား ခုနှစ်သောင်းကျပ် ၊ လေးခွ(၁)လက် တို့ဖြင့်လည်းကောင်း ၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်၆နာရီအချိန် သာထူး ၏ ကွင်းဆက်တရားခံဖြစ်သူ မူးယစ်ဂိုဏ်းအဖွဲ့ဝင် စိုးစိုးအား thay နတ်ပစ္စတို ၁လက် ၊ ပစ္စတိုကျည် (၂ဝ)တောင့် ၊ 22ကျည် (၂ဝ)တောင့် ၊ မဂ္ဂနစ်ကျည် (၂ဝ)တောင့်၊ WY အလုံး(၇ဝဝ) ၊ ICE(ကာလတန်ဖိုးသိန်း၂ဝခန့်ပါ အထုပ်ကြီးတစ်ထုပ်) ၊ ဆေးခြောက် ၁ထုပ် ၊ ဓား ၁လက် ၊ ဖုန်း၂လုံး တို့ဖြင့်လည်းကောင်း သက်သေခံပစ္စည်းများနှင့်အတူ လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဂိုဏ်းဝင် တရားခံ၂ ဦးထံမှသိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက် သေခံပစ္စည်းများအား သိမ်းဆည်းကာ တရားခံများအား လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု Dawei Guerrilla Revolutionary Force -DGRFက ကြေညာထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။