မန္တလေးတွင် စစ်တပ်က ကျူးကျော်ဟု အမည်တပ်၍ ပြည်သူပိုင်နေအိမ်များကို စိတ်ထင်သလို ဖျက် ဆီးနေ၊ ယမန်နေ့ စစ်တပ်က thayနတ်မိုးပေါ်ထောင်ဖောက်၍ ၄၉ လမ်းပေါ်ရှိ ရပ်ကွက်နှင့်နေအိမ်များကို ဖျက်ဆီး

Local News

မန္တလေးတွင် စစ်တပ်က ကျူးကျော်ဟု အမည်တပ်၍ ပြည်သူပိုင်နေအိမ်များကို စိတ်ထင်သလို ဖျက် ဆီးနေ၊ ယမန်နေ့ စစ်တပ်က thayနတ်မိုးပေါ်ထောင်ဖောက်၍ ၄၉ လမ်းပေါ်ရှိ ရပ်ကွက်နှင့်နေအိမ်များကို ဖျက်ဆီး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန္တလေးတွင် စစ်တပ်က ကျူးကျော်ဟု အမည်တပ်၍ ပြည်သူပိုင်နေအိမ်များကို စိတ်ထင်သလို ဖျက် ဆီးနေ၊ ယမန်နေ့ စစ်တပ်က thayနတ်မိုးပေါ်ထောင်ဖောက်၍ ၄၉ လမ်းပေါ်ရှိ ရပ်ကွက်နှင့်နေအိမ်များကို ဖျက်ဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မန္တလေးမြို့တွင် စစ်တပ်က နှစ်ပေါင်းများစွာ ပြည်သူများနေထိုင်ခဲ့ကြသည့် ရပ်ကွက်များ၊ အိမ်ရာများကို ကျူးကျော်ဟု အမည်တပ်၍ စိတ်ထင်သလို ဖျက်ဆီးနေမှုများ များပြားနေကြောင်း မန္တလေးမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၁၅ ရက်နေ့ မန္တလေး ၄၉ လမ်းမဘေးတွင် ဖျက်ဆီးခံထားရသည့် ပြည်သူပိုင်နေအိမ်များ။

စစ်တပ်နှင့်ဝန်ကြီးဌာနများက ၎င်းတို့၏ မြေများဖြစ်သည်ဟုဆိုကာ ရပ်ကွက်နှင့်အိမ်ရာများကို ဖျက်ဆီးနေသကဲ့သို့ ပျူစောထီးနှင့်အုပ်ချုပ်ရေးမှူးများကလည်း ပြည်သူများနေထိုင်သည့် ရပ်ကွက်နှင့်နေအိမ်များကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့်ပူးပေါင်း၍ ဖျက်ဆီးမှုများ ရှိနေကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့၊ မန္တလေး ၄၉ လမ်းမပေါ် ၊ ရွှေမန်းလမ်း ဇီးအုပ်ကျေးရွာ အမှတ် ၂ ရပ်ကွက်ကို ကျူးကျော်ဟုဆိုကာ မြေကော်စက်များဖြင့် ဖြိုချဖျက်ဆီးသွားကြောင်း၊ ပြည်သူများမှာ မိမိတို့၏ နေအိမ်များမှ ပစ္စည်းများပင် သယ် ယူ ရွှေ့ပြောင်းချိန် မရရှိခဲ့ကြောင်း သိရှိရသည်။
“မန္တလေး ၄၉ လမ်းပေါ်ရွှေမန်းလမ်း၊ ဇီးအုပ်ကျေးရွာ အမှတ် ၂ ရပ်ကွက်တစ်ခုလုံးကို ကျူးကျော်လို့ ဆိုကာဘူဒိုဇာ ၃ စီး၊ ရဲနှင့်စစ်ခွေး၊ ပျူစောထီးတွေက ဖျက်ကြတယ်။ အဲဒီမြေကွက်တွေက ဘယ်ဝန်ကြီး ဌာနအပိုင်မှလည်း မဟုတ်ဘူး။ ကျူးကျော်ဆိုပြီး ဘလိုင်းကြီး ဝင်ဖျက်တာ။ အကွက်ရိုက်ရောင်းစားဖို့ ကြံတာနေမှာပေါ့။ မနေ့က ဖျက်တုန်းက စစ်ခွေးအင်အား ၅၀ ကျော်နဲ့thayနတ်မိုးပေါ်ထောင်ပစ်ဝင်စီးတာ။ အိမ်တွေမှာ ပစ္စည်းတွေတောင် ယူချိန်မရကြဘူး။ ဒီနိုဝင်ဘာလထဲမှာ ရထားသံလမ်းဘေးနေအိမ်တွေ၊ ရေနုတ်မြောင်းဘေးနေအိမ်တွေကို တစ်နေ့တည်း မြေကော်စက်တွေနဲ့လိုက်တူးပြီး ဖျက်နေတာ။မန္တလေး-လာရှိုး ရထားသံလမ်းဘေး ဝဲယာအကုန်လုံး ဖျက်မယ်လို့ပြောတယ်”ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။

ရပ်ကွက်နှင့် ပြည်သူပိုင်နေအိမ်များကို ဖြိုဖျက်ရာတွင် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများက မြေ ပြင် အတွင်းစည်း လုံခြုံရေးယူကြပြီး စစ်တပ်နှင့်ရဲများက အပြင်စည်းမှ လုံခြုံးရေးယူကြကြောင်း၊ စည်ပင်နှင့်လူမိုက်များက မြေကော်စက်များ၊ ဘူဒိုဇာများဖြင့် နေအိမ်များကို ဖြိုချ နင်းချေ ဖျက်ဆီးကြကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။