November လအတွက် Tarot General Reading

Astrology

November လအတွက်Tarot General Reading

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ November လအတွက် General Reading ဆိုတဲ့ tarot ဗေဒင်သတင်းလေးပဲ ဖြစ်ပါတယ်။

November လအတွက်Tarot General Reading

(Libra,Scorpio,Sagittarius,Capricorn,Aquarius, Pisces)
(Aries ,Taurus,Gemini,Cancer,Leo,Virgo)


Libra (Sept 23 ~ Oct 22)
လက်ရှိကိုယ့်ပုံစံကိုအားမရဖြစ်နေတတ်ပါတယ်
ကိုယ်တိုင်ကိုယ့်ပုံစံ ကိုယ့်ရဲ့မကောင်းတဲ့အမူအကျင့် အကုန်ပြောင်းလဲချင်တဲ့စိတ်တွေဖြစ်နေတယ်
အတိတ် memory တွေစီကိုစိန်ကရောက်လိုက် အခုလက်ရှိကိုအားမရလိုက် အတွေးများနေတဲ့ကာလပါ
မိသားစုနဲ့လည်းနွေးထွေးစွာနေချင်စိတ်မရှိဘဲ လ်ုအပ်ဝာဆိုလုပ်ပေးတယ် သီးသန့်လေးနေချင်စိတ်များလာတတ်ပါတယ်
December လ လယ်ကစပြီးကောင်းသောအခွင့်လမ်းသစ်တွေ
ရလာတတ်ပါတယ်
မိတ်ဆွေ မိဘဆွေမျိုးထဲမှာ အကောင်ကိုက်ခံရတာ ဒဏ်ရာရတာလေးတွေဖြစ်တတ်ပါတယ်သတိထားပါ
ချစ်ရေးမှာရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ရည်ရွယ်ရာနေ့သစ်တွေဖြစ်လာပါလိမ့်မယ်…
အထင်လွဲစရာကိစ္စတစ်ခုကြုံတာ စကားများရတတ်ပါတယ်

Scorpio (Oct 23 ~ Nov 21)
မျော်မှန်းမထားတဲ့လက်ဆောင်ပစ္စည်းရတတ်ပါတယ်..
ခုတလောမှာကိုယ့်ရှေ့တခုခုအမြင်မတော်တာ တွေဆိုပြောမိတာ
ကိုယ်လည်းအပိုတွေမလုပ်တတ် လူမှန်လိုဖြစ်နေတတ်ပါတယ်…
ကိုယ်လည်း အခုတလော စိတ်တိုလွယ် တစ်ခုခုဆိုစိတ်ကြမ်းတာလေးတွေဖြစ်နေတတ်ပါတယ်…
ခရီးသွားဖို့စီစဉ်ထားတာလေးတွေဖြစ်လာတတ်ပါတယ်…
ကိုာ့်အတွက်လေ့လာနေသောအရာတွေအာရုံစိုက်သင့်တဲ့အချိန်ပါ
ညဖက်တွေမှာတတ်နိုင်သမျှ မိမိယုံကြည်ရာကို ရှစ်ခိုးပါ အလှူတန်းလေးတွေပြုလုပ်ပေးပါ…
ကိုယ့်ရဲ့စိတ်ကိုတခြားသူတွေကြောင့်စိတ်ညစ်ညမ်းမခံပါနဲ့ ကိုယ့်အတွက်စိတ်ပင်ပန်းစရာတွေဘဲဝင်လာတတ်လို့ပါ

Sagittarius ( Nov 22 ~ Dec 21)
ကိုယ်အိမ်က လူကြီးမိဘအတွက်စိတ်ပူရတတ်ပါတယ်…
ဒီရက်မှာ စိတ်ချမ်းစေတဲ့အရာလေးတွေကိုပိုလုပ်မိနေတတ်ပါတယ်…
သူငယ်ချင်းမိတ်ဆွေသစ်လေးတွေရတတ်ပါတယ်…
ခုရက်တွေမှာ အဆွေးသီချင်းတွေ အလွမ်းသီချင်းတွေကိုပိုနားထောင်ဖြစ်နေတတ်ပါတယ်
Cancer Leo သူငယ်ချင်းတွေရှိရင်လည်းသူတို့နဲ့အချိနကုန်တာ သူတို့အတွက်စိတ်ပင်ပန်းရတာလေးတွေလည်းကြုံရတတ်ပါတယ်
အချစ်ရေးတွက်အနည်းငယ်ပူရတာ စိတ်ပင်ပန်းတာလေးကြုံရတတ်ပါတယ်…
ပျင်းထူတာတွေဒီရက်မှာလျော့ပါ စိတ်ကပေါ်လာရင် ပေါ်လာတဲ့အချိန်မှာလုပ်ပါအချိန်မဆွဲပါနဲ့ အချိန်ဆွဲရင်းဘာမှအကောင်ထည်မဖော်ဖြစ် ဖြစ်တတ်ပါတယ်

Capricorn (Dec 22 ~ Jan 19)
ကံတရားထပ်ကို ကိုယ်တိုင်အားကိုးပါ ကိုယ့်ကိုယ်ကိုယုံကြည်မှူအပြည့်ရှိပါ တခါတလေ ကိုယ့်ကိုယ်ကို ယုံကြည်မှူပျောက်
နေတတ်ပါတယ်…
မိမိအတွက် မိမိပိုစဉ်းစားပါ ဟိုလူ့အတွက် ဒီလူ့အတွက် အချိန်တွေကုန်မခံပါနဲ့…
မိတ်ဆွေဟောင်း အချစ်ဟောင်းတွေနဲ့ပြန်ဆုံတတ်ပါတယ်
အလုပ်သစ်ရတာ ယခုလက်ရှိအလုပ်ထပ်ပိုကောင်းတာ
ကိုပြောင်းရတတ်ပါတယ်…
ခုရက်ညပိုင်းတွေ‌အိပ်တာနောက်ကျတာကြောင့် ခန္တာကိုယ်နုံးတာလေတွေခံစားရတတ်ပါတယ်…
ဒီရက်မှာတရားထိုင်တာ စိတ်အေးချမ်းစေတဲ့သီချင်းလေးတွေပိုနားထောင်ပါ

Aquarius (Jan 20~ Feb 18)
ပြောင်းလဲမှူတွေခံစားရမယ့်အချိမ်တဖြေးဖြေးရောက်လာပါပြီ
ကိုယ့်ရဲ့အကြိုက်တွေ အကျင့်တွေပြောင်းလဲလာတတ်ပါတယ်
တခုခုဆိုလည်း အရင်လို ပူပန်စိတ်လှူပ်ရှားမနေဘဲ အေဆေးဖြတ်သန်းလာတတ်ပါတယ်…
စိတ်သစ်လူသစ်နဲ့ဖြတ်သန်းတော့မယ်စိတ်တွေခဏ ခဏဖြစ်နေတတ်ပါတယ်…
တယောက်ထဲကျိတ်ငိုတာ လူတွေကွယ်ယာဆို ဝမ်းနည်းစရာတွေတွေးတာလျော့ပါ…
ကိုယ့်ရဲ့အထက်လူကြီးကြောင့်စိတ်ပင်ပနါးရတတ်ပါတယ်…
ကိုယ်ပိုင်အလုပ်ဆိုပိုပြီးအဆင်ပြေတာကြုံရသလို အမျိုးသမီးတစ်ဦးကြောင့်စိတ်ပင်ပန်းတတ်ပါတယ်…
အချစ်ရေးကတော့ဝေလေလေပါဘဲ

Pisces (Feb 19 ~ March 20)
နွေးထွေးတဲ့မေတ္တာလေးတွေရရှိဖို့လိုနေပါတယ်…
အရမ်းခတ်ခဲတဲ့ကာလတွေကို လူမသိဘဲဖြတါကျော် ပင်ပန်းခဲ့တာတွေရဲ့အောင်မြင်မှူမကြာခင်ရပါတော့မယ်
အလုပ်တွက်ပူပန်ရတာတွေတဖြေးဖြေးလျော့လာမယ့်အချိန်ရောက်ပါတော့မယ်…
အချစ်ရေးကတော့အေးချမ်းနေပ့တယ် ကိုယ်လည်းသူများအပူမပေးချင် ကိုယ်လည်းမယူချင်စိတ်ကအေးချမ်းမှူကိုဆောင်နေတတ်ပါတယ်
ကိုယ်လုပ်ချင်တဲ့အရာတွေ 2023 မှာအကောင်ထည်ဖော်ရတတ်ပါတယ်…
ကိုယ်ပြောသမျှလေးတွေအောင်မြင်တော့မယ် အချိန်ရောက်လာတတ်ပါတယ်…
အပေါင်းသင်းကြောင့်တခါလေ စိတ်ပင်ပန်းရတတ်ပါတယ်

Aries (March 21~ April20)
ဒီရက် အရင်နဲ့မတူ စိတ်ပျော်သလိုလိုနဲ့အတွေးများနေတန်ပါတယ်
ပျော်စရာတွေ သတင်းကောင်းကြားရတတ်ပါတယ်
အတွေးကတော့နယ်ချဲ့နေတတ်ပါတယ်
ကိုယ့်ကိုမကောင်းပြောတဲ့သူတွေက်ုလစ်လျူရှူတတ်လာတယ်
ကိုယ့်ကိုစိတ်ခိမ်းသာစေတဲ့ လူမျိုးတွေနဲ့ဘဲအချိန်ကုန်ခိင်နယ်စိတ်ရင်း‌ကောင်းပြီး အနေအေးတာမျိုးကြောင့် အခုတလော
မာနကြီးတယ်အပြောခံရတတ်ပါတယ်
ကိုယ့်ဘေးပတ်ဝန်းကျင်မှာမင်္ဂလာသတင်းကြားရတတ်ပါတယ်
အချစ်ရေးလည်း စိတ်မဝင်စားရောင်လည်လည်ဖြစ်နေတတ်ပါတယ်

Taurus (April 21~ May20)
ကိုယ်နဲ့အကျင့်မတူတဲ့သူတွေနဲ့မိတ်ဆွေဖြစ်တာပိုပေါင်းမိနေတတ်ပါတယ်.
မကောင်းပြောတဲ့သူတွေကို ဂရုမစိုက်သင့်တဲ့အချိန်ပါ
ကိုယ့်ကို မကောင်းပြောတဲ့သူ ယုတ်မာတဲ့သူတွေ
Jealous ဖြစ်တဲ့သူတွေ ပြန်မတုန့်ပြန်ပါနဲ့ အလိုလိုအဝေးရောက်သွားပါလိမ့်မယ်
အတိတ်ကကိစ္စတွေမှာ ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေ
အားမလိုအားမရဖြစ်တဲ့စိတ်တွေထုတ်ပစ်လိုက်ပါ
စိတ်ဓာတ်အတက်ကျမြန်တာလေးတွေ သတိထားပါ
အသားရည်လေးတွေခြောက်ပြီး ယားယံတာလေးတွေဖြစ်နေတတ်ပါတယ်…
Crush တွေများတာလေးတွေများနေတတ်ပါတယ်

Gemini (May21~June20)
ငွေကြေးကံကောင်းမယ်
ရစရာရှိတဲ့ငွေတွေ ခွဲပြီးရတတ်ပါတယ်..
ညဖက်တွေအိပ်ပျော်အောင် အိပ်ပါ အတွေးများခြင်းကြောင့်
အိပ်မပျော်ဖြစ်တတ်ပါတယ်..
စိတ်ကလေးနေတတ်ပါတယ် တစ်ခုခုက ကိုယ့်ကိုဆွဲထားသလို
စိတ်ကမကြည်ဖြစ်နေတတ်ပါတယ်..
ကိုယ်ဘယ်လိုမှမတတ်နိုင်တဲ့အရာတွေကို
ကျောခိုင်းလိုက်ပါ က်ုယ့်ကိုယ်ကိ အရမ်းပင်ပန်းမခံပါနဲ့
အတိတ်ကဖြစ်ရပ်တွေကနေ ဘယ်လိုတွေကျော်ဖြတ်ခဲ့ရလဲ သင်ခန်းစာယူပါ
ကိုယ့်ကိုယ်ကိုယုံကြည်ပါ

Cancer (June 21~Jul22)
စိတ်ဓာတ်ကတော့ အတက်ကျမမှန် ပျော်စရာဆိုလည်းအရမ်းပျော်
စိတ်မပျော်ပြီဆိုရင်လည်း ချက်ချင်းအပျော်တွေရပ်ကအခြားလူတစ်ယောက်လို မှိုင်တွေသွားတတ်ပါတယ်…
နေ့လည်ပိုင်းမှာစိတ်တက်ကြွပြီး ညပိုင်းဆိုမဟုတ်က ဟုတ်ကအတွေးပေါင်းစုံကိုလျော့ပါ…
တကယ်ပြင်ရမှာက ကိုယ့်ရဲ့အတွင်း ရင်ထဲကစိတ်ဆန္ဒကို သေချာသိဖို့အရေးကြီးပါတယ် အဲဒါမှတကယ်ကိုကောင်းတဲ့လမ်းကြောင်းကိုသိရပါလိမ့်မယ်….
စိတ်ညစ်စရာတွေ၀င်လာလည်းဂရုမစိုက်ပါနဲ့ မကြာခင်ပျော်ရွှင်မှူရပါလိမ့်မယ်…

Leo (July23~Aug22)
ခရီးသွားချင်စိတ်တွေဖြစ်နေတတ်ပါတယ်…
မကြာခင်ပျော်ရွှင် စိတ်ပေါ့ပါးစေမယ့်ခရီးသွားရတတ်ပါတယ်…
ကိုယ့်ခန္တာကိုယ် ကိုသတိထားပြီးအားအင်ဖြည့်ပါ စိတ်ရောလူရော ပင်ပန်းနေတတ်လို့ပါ…
ငါလုပ်မှဖြစ်မယ် ငါရှိမှဖြစ်မယ် ဆိုတဲ့ စိတ်ဖိအားတွေတတ်နိုင်သမျှလျော့ပါ..
အနာဂတ်အတွက်တွေးမပူပါနဲ့ အဆင်မပြေတာတွေပိုပြီးကောင်းသောလမ်းကြောင်းရောက်လာဖို့ရှိပါတယ်…
လက်ရှိကိုသာအထူးဂရုစိုက်ပါ…
ကိုယ်ကသာဘယ်လိုပုံစံနဲ့အဆင်မပြေတဲ့ပုံစံဖြစ်နေဖြစ်နေ သူငယ်ချင်းအပေါင်းသင်းတွေအတွက်တော့အားပေးတဲ့သူလေးပါ…

Virgo (August 23 ~ Sept 22)
လတ်တလောမှာကိုယ်ဖြစ်နေတာတွေက ကြိုသိနေခဲ့သလိုလို
အိမ်မက်ဘဲမက်ခဲ့သလို က်ုယ်ဖြစ်နေတာကိုကြိုသလိုဖြစ်နေတတ်ပါတယ်…
ကိုယ်လုပ်ချင်တဲ့အရာတွေ တဖြေးဖြေးလုပ်ဖြစ်တာ ပိုပြီးအခွင့်လမ်းရတာမျိုးလေးတွေဖြစ်လာတတ်ပါတယ်
စိတ်က Overthinking ဖြစ်တာ စိုးရိမ်စိတ်များနေတတ်ပါတယ်…
အရင်ဖြစ်ရပ်တွေကို ပြန်ပြီးနောင်တရတာစိတ်မကောင်းတာလေးတွေဖြစ်နေတတ်ပါတယ်…
မိမိဖြစ်ရပ်တွေကိုအားမလိုအားမရဖြစ်နေတတ်ပါတယ်…
အထီးကျန်စိတ်ကတော့အရင်ထက်ကိုများနေတတ်ပါတယ်…
အချစ်ရေးထက်ကို မိသားစု လူမှူရေးတွေမှာပိုအချိန်ကုန်စိတ်ပင်ပန်းနေတတ်ပါတယ်…

ရေးသားသူ – Star Moon Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုtarotလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။