ဘုမ္မိနယ်မြေ ယတြာ

Astrology
ဘုမ္မိနယ်မြေ ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုမ္မိနယ်မြေ ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘုမ္မိနယ်မြေ ယတြာ

ဘုမ္မိနယ်မြေ ဆိုတာ မိမိမွေးနံကစရေတွက်လိုက်ရင်၄ ခုမြောက်နယ်မြေကိုဆိုလိုတာဖြစ်ပါတယ်

နေ့သား ဘုမ္မိနယ်မြေများ

တနင်္ဂနွေ ဗုဒ္ဓဟူး ( 29မှ46 )
တနင်္လာ စနေ ( 40မှ50 )
အင်္ဂါ ကြာသပတေး (35မှ54)
ဗုဒ္ဓဟူး ရာဟု ( 46မှ58)
ကြာသပတေး တနင်္ဂနွေ ( 52မှ 58 )
သောကြာ အင်္ဂါ (42မှ 50 )
စနေ သောကြာ (41မှ62 )

ဘုမ္မိအမျိုးအစား

လေးခွင်ဘုမ္မိ ၇ခွင် ဘုမ္မိဒါက ဘုမ္မိနယ်မြေနှစ်မျိုးဖြစ်ပါတယ်အဲဒီမှာ ရန်ဘုမ္မိနဲ့တွဲလိုက်ရင်တော့ပိုပြီးအန္တရယ်ရှိပါတယ်

လေးခွင်ဘုမ္မိ (အပြင်ရန်)
လေးခွင်ဘုမ္မိ (အတွင်းရန်)
လေးခွင်ဘုမ္မိ ( မာရဏ )
၇ ခွင်ဘုမ္မိ (အပြင်ရန် )
၇ ခွင်ဘုမ္မိ (အတွင်းရန်)
၇ ခွင်ဘုမ္မိ ( မာရဏ )

ဒါဆိုအရမ်းအနုစိတ်သွားပါပြီ ဘုမ္မိဆိုတာ ပါဋိစကားပါ မြန်မာလိုပြန်ရင်သချိုင်း
မကောင်းသောနေရာဟုအဓိပ္ပါယ်ရပါတယ် ဒီနယ်မြေရောက်လာရင်သတိထားရန်
-ကုသ၍မရနိုင်သောရောဂါများဖြစ်ခြင်း ရှိပစ္စည်းဥစ္စာများကုန်ဆုံးခြင်း မီးလောင်ခြင်း
-ကားတိုက် ကားမှောက် လေယဉ်ပျံမှောက်လှေမှောက်ဆိုင်ကယ်မှောက်အစရှိသော
ယဉ်ရထားများနှင့်ပတ်သက်၍အန္တရယ်ဖြစ်ခြင်းနှင့်ရေနစ်ခြင်းများကြုံရတတ်ပါသည်

ဘယ်လိုကာကွယ်မှာလည်း

ဗုဒ္ဓယတြာနည်း
ဓါတ်ယတြာနည်း
ဓါတ်တူနံတူနည်း
နည်းတွေကတော့သူ့နည်းသူ့ဟန်နဲ့အကုန်ကောင်းပါတယ်ဒါပေမဲ့ ပုဂ္ဂလပညတ်နည်းမှာတော့အရိုင်း ခေါင်သောက် လူမိုက် စိတ်တို ဆိုပြီးနဝင်းဓါတ်နဲ့ပြန်ကုတာတွေရပါတယ်

အရိုင်း တနင်္ဂနွေ ရာဟု ( ၆+၁၂ )
ခေါင်သောက် တနင်္လာ သောကြာ (၁၅+၂၁)
လူမိုက် ဗုဒ္ဓဟူး ကြာသပတေး (၁၇+၁၉)
စိတ်တို အင်္ဂါ စနေ (၈ +၁၀)
မီးမှာကားမြေ လေနဲ့ရေ မိတ်ဆွေမစပ်ပိဋကတ်
မီးဓါတ်နဲ့လေ မြေနဲ့ရေ မိတ်ဆွေတော်ကြသဟာယ
အရိုင်း မီးနှင့်လေ ခေါင်သောက် မြေနှင့်ရေ
လူမိုက် ရေနှင့်မြေ စိတ်တို လေနှင့်မီး

ဓါတ်အားလုံးကိုပြန်ကြည့်လိုက်တော့မိတ်ဆွေတော်ပြီးရောယှက်ခြင်းသဘောကိုပြထားပါသည် ၁၈ နဝင်း ကိုပါပနဝင်းဟုခေါ်ပြီး၃၆ နဝင်းကို သောမနဝင်းဟုခေါ်ပါသည်
ဆေးအနေနဲ့မပြဘဲယတြာအနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ် ဘုမ္မိနယ်မြေထဲရောက်တဲ့အခါ တလတစ်ကြိမ်မိမိနဲ့နီးတဲ့ဘုရားတစ်ဆူဆူမှာသွားပြီးယတြာပြုလုပ်ရန်ဖြစ်ပါတယ်

တနင်္ဂနွေ သားသမီး (အရိုင်း)

မိမိမွေးနေ့မနက် ၉ နာရီမှ ၁၀ နာရီခွဲတွင်းဘုရားတစ်ဆူ၏ရာဟုထောင့်မှာ အုန်းသီးတစ်လုံးထဲကိုရွက်လှ ၄ ညွန့်စိုက်ပြီးတံခွန်ကုက္ကားတစ်စုံနဲ့အမွေးတိုင် ၉ တိုင် ဖိယောင်းတိုင် ၉ တိုင် ရေသက်စေ့လှူရန်ဖြစ်ပါတယ်

တနင်္လာသားသမီး( ခေါင်သောက်)

မိမိမွေးနေ့မနက် ၉ နာရီမှ ၁၀ နာရီခွဲတွင်းဘုရားတစ်ဆူ၏ သောကြာထောင့်မှာ အတာအိုးတစ်လုံးတွင်းကွမ်းသီး ၈ ချမ်းထည့်ကာကန့်ကော် ၁၅ညွန့်သီဟို ၂၁ ရွက်တို့ကို ရောထည့်ပြီးလှူရန်ဖြစ်ပါတယ်အမွေးတိုင် ၉ ရေသက်စေ့ ဖိယောင်းတိုင် ၉ တံခွန်ကုက္ကားတစ်စုံပါထည့်လှူရန်

အင်္ဂါသားသမီး (စိတ်တို)

မိမိမွေးနေ့မနက် ၉ နာရီမှ ၁၀ နာရီခွဲတွင်းဘုရားတစ်ဆူ၏စနေထောင့် အတာအိုးတစ်လုံးအတွင်း နွားနို့ထည့်ပြီးဇော်စိမ်း၈ ညွန့်လှူရန်အမွေးတိုင် ၉ ရေသက်စေ့ ဖိယောင်းတိုင် ၉တံခွန်ကုက္ကားတစ်စုံပါထည့်လှူရန်

ဗုဒ္ဓဟူးသမီး (လူမိုက်)

မိမိမွေးနေ့မနက်၉ နာရီမှ ၁၀ နာရီခွဲတွင်းဘုရားတစ်ဆူ၏ကြာသပတေးထောင့်
အတာအိုးတစ်လုံးအတွင်း လက်ဖက် ၁၀ သားထည့်ရေထည့်ပြီး မေမြို့ ၅ ညွန့်လှူရန်
အမွေးတိုင် ၉ ရေသက်စေ့ ဖိယောင်းတိုင် ၉တံခွန်ကုက္ကားတစ်စုံပါထည့်လှူရန်

ကြာသပတေးသားသမီး (လူမိုက်)

မိမိမွေးနေ့မနက် ၉ နာရီမှ ၁၀ နာရီခွဲတွင်းဘုရားတစ်ဆူ၏ဗုဒ္ဓဟူးထောင့်
အတာအိုးတစ်လုံးအတွင်းလိမ္မော်သီး ၉ မွာထည့်ရေထည့်ပြီး ရွက်လှ ၁၇ ညွန့်လှူ
အမွေးတိုင် ၉ ရေသက်စေ့ ဖိယောင်းတိုင် ၉တံခွန်ကုက္ကားတစ်စုံပါထည့်လှူရန်

သောကြာသားသမီးအတွက် (ခေါင်သောက်)

မိမိမွေးနေ့မနက် ၉ နာရီမှ ၁၀ နာရီခွဲတွင်းဘုရာ:တစ်ဆူ၏တနင်္လာထောင့်
အတာအိုးတစ်လုံးအတွင်းသကြား ၈ ဇွန်းထည့်ရေထည့်ပြီးသီဟို ၆ ညွန့်ကိုသခွားသီးတစ်လုံးနှင့်ချည်ပြီးအိုးအတွင်းထည့်လှူရန်အမွေးတိုင် ၉ ရေသက်စေ့ ဖိယောင်းတိုင် ၉
တံခွန်ကုက္ကားတစ်စုံပါထည့်လှူရန်

စနေသားသမီးအတွက် ( စိတ်တို )

မိမိမွေးနေ့မနက် ၉ နာရီမှ ၁၀နာရီတွင်း
ဘုရားတစ်ဆူ၏ အင်္ဂါထောင့်အတာအိုးတစ်လုံးထဲမှာဆားအနည်းငယ်ထည့်
ရေထည့်ပြီးနှင်းဆီ ၁၀ ပွင့် ထည့်လှူရန်အမွေးတိုင် ၉ ရေသက်စေ့ ဖိယောင်းတိုင် ၉
တံခွန်ကုက္ကားတစ်စုံပါထည့်လှူရန်

ရေးသားသူ –Myat Htut Khaung ·

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။