November လအတွင်း ကိုယ်မျှော်လင့်လို့ရတဲ့ ကိုယ့်ဆီရောက်လာမယ့် ကောင်းခြင်း သုံးခုက ဘာတွေဖြစ်မလဲ?

Astrology

3 good things to expect in November
November လအတွင်း ကိုယ်မျှော်လင့်လို့ရတဲ့ ကိုယ့်ဆီရောက်လာမယ့် ကောင်းခြင်း သုံးခုက ဘာတွေဖြစ်မလဲ?
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ November လအတွင်း ကိုယ်မျှော်လင့်လို့ရတဲ့ ကိုယ့်ဆီရောက်လာမယ့် ကောင်းခြင်း သုံးခုက ဘာတွေဖြစ်မလဲ? ဆိုတဲ့Tarot သတင်းလေးပဲ ဖြစ်ပါတယ်။

November လအတွင်း ကိုယ်မျှော်လင့်လို့ရတဲ့ ကိုယ့်ဆီရောက်လာမယ့် ကောင်းခြင်း သုံးခုက ဘာတွေဖြစ်မလဲ?

Aries
1. စိတ်ထဲမှာ ကိုယ်ချင်းစာတရားနဲ့ ချစ်ခြင်းမေတ္တာဓာတ်တွေ ကိန်းအောင်းလာတတ်ခြင်း
2. ဘဝမှာ အလှည့်အပြောင်း အကောင်းဘက်ရောက်လာပီး အဆင်ပြေလာခြင်း
3. နိုင်ငံရပ်ခြားနဲ့ ပတ်သတ်တဲ့ အခွင့်အလမ်းကံ တိုးတက်လာခြင်း

Taurus
1. မိမိ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိူင်ရာ သိသိသာသာ တိုးတက်ပြောင်းလဲ လာခြင်း
2. ဘဝမှာ ငွေကြေး အနေအထား အဆင်ပြေပြီး မိမိဘဝကို ကျေနပ်လာတတ်ခြင်း
3. ထီပေါက်/မဲပေါက်/ကံစမ်းမဲပေါက်တတ်ခြင်း

 

Gemini
1. မိဘအပါအဝင် လိုအပ်သူများကို အထိုက်အလျောက် ပေးကမ်းထောက်ပံ့စွန့်ကြဲလာနိုင်ခြင်း
2. မိမိအတွက် မကောင်းမွန် မမှန်ကန်တဲ့အရာများ လူများကို အပြီး လက်လွှတ်လိုက်နိုင်ခြင်း
3. မိမိအတွက် မတရားသလိုဖြစ်နေတဲ့ ကိစ္စရပ်များမှာ မိမိအတွက် တရားမျှတမှု ပြန်လည် ရှာဖွေ ရရှိတတ်ခြင်း (အမှုအခင်းနိုင်ခြင်း)

Cancer
1. မသေချာ မရေရာဘဲ မှန်းသန်းလုပ်နေရတဲ့ ကိစ္စရပ်များမှာ သေချာ နည်းမှန်လမ်းမှန်ပေါ်လာခြင်း
2. ကိုယ်လုပ်စရာ ရှိတဲ့ ကိစ္စရပ်များကို အေးဆေးတည်ငြိမ်စွာ ဆုံးဖြတ် လုပ်ကိုင်နိုင်လာခြင်း
3. ကာလရှည်ကြာ ရင်းနှီးမြှုပ်နှံထားတဲ့ ကိစ္စများမှ အကျိုးအမြတ်များ ရနိုင်ခြင်း

Leo
1. Single များ အပြန်အလှန် ချစ်ရတဲ့ ချစ်သူ ရနိုင်ပြီး RS များ ချစ်သူ နှစ်ဦးကြား ချစ်ခြင်းတိုးပွားနိုင်ခြင်း
2. ကိုယ် မျှော်လင့်နေတဲ့ အတိတ်ကလူများ ကိုယ့်ဘဝထဲ မထင်မှတ်ဘဲ ပြန်ရောက်လာတတ်ခြင်း
3. ဘဝမှာ မိုးမမြင်လေမမြင်ပျော်ရလောက်အောင် အောင်မြင်မှု ကြီးကြီးမားမား ရတတ်ခြင်း


Virgo
1. ဘဝမှာ ကိုယ်လိုချင်တဲ့ အရာများကို ကိုယ့်ဘဝထဲ reality အနေနဲ့ ရောက်လာအောင် manifestion power အားကောင်းလာခြင်း
2. အချစ်သစ်တွေ့နိုင်ခြင်း/ ချစ်ခြင်းမေတ္တာ တဖန်ပြန်ရှင်သန်လာနိုင်ခြင်း
3. ဘဝရဲ့ နယ်ပယ်တိုင်းမှာ သူ့နေရာနဲ့သူ အဆင်ပြေပြေ balance ဖြစ်ဖြစ် ထိန်းညှိသွားနိုင်ခြင်း

Libra
1. မိမိကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် လုပ်သမျှ ကိစ္စတိုင်း အားအင်ပြည့်နေခြင်း
2. အတိတ်က ကိုယ်မျှော်လင့်နေသူ ပြန်ရောက်လာခြင်း/မျှော်လင့်နေတဲ့ သတင်းစကားကြားရခြင်း
3. အထီးကျန်ဆန်တဲ့ ခံစားချက်များမှ ရုန်းထွက်နိုင်ပြီး ခံစားချက်များ ပြန်ရှင်သန်လာနိုင်ခြင်း

Scorpio
1. နိုင်ငံရပ်ခြား အလုပ်ကံ အခွင့်အလမ်းများ များစွာပေါ်လာနိုင်ခြင်း
2. ကိုယ့်အတွက် ကောင်းမွန်လွန်းသည့် အခွင့်အလမ်းများ တစ်ခုမက ပေါ်လာတတ်ပြီး ဂုဏ်ယူစရာ အောင်မြင်မှု ရတတ်ခြင်း
3. အဆက်အသွယ်ပြတ်နေသူများ အဆက်အသွယ်ဝင်လာတတ်ပြီး ကွဲကွာနေသူများ ပြန်ဆုံစည်းရတတ်ခြင်း

Saggitarius
1. ချစ်ရသူ ရတတ်ခြင်း/ချစ်ရေးဆိုခံရတတ်ခြင်း
2. ဘဝမှာ လုပ်သမျှ ကိစ္စအားလုံး ကိုယ် စီစဉ်ထားတဲ့ အတိုင်း ဖြစ်စေချင်တဲ့ အတိုင်း စနစ်တကျလေး ဖြစ်လာတတ်ခြင်း
3. ကာလအတန်ကြာ စိတ်ဖိစီးခဲ့ရတဲ့ စိတ်ဒဏ်ရာများ ရုတ်တရက်ဆိုသလို ကုစားလိုက်နိုင်ခြင်း

Capricorn
1. ကာလအတော်ကြာ ဆုံးဖြတ်မရ ဝေခွဲမရ ရွေးချယ်မရတဲ့ အရာများမှာ အကောင်းဆုံး ရွေးချယ်မှု လုပ်နိုင်လာခြင်း
2. ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်း အတိုက်အခိုက်တွေကို လျစ်လျူရှုနိုင်ပြီး ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက်ကိုသာ ကြည့်နိုင်လာခြင်း
3. အလုပ်နဲ့ ပတ်သတ်ပီး ယုံကြည်မှု ရှိလာတတ်ပြီး အောင်မြင်မှု ရတတ်ခြင်း

Aquarius
1. လုပ်ရမလို မလုပ်ရမလို ရှေ့တိုးရခက် နောက်ဆုတ်ရခက်နေတဲ့ အရာတွေ ယုံကြည်မှု ရှိရှိ ဆုံးဖြတ်လုပ်နိုင်လာခြင်း
2. ဘဝမှာ အဆင့်တစ်ခု မြင့်မားတိုးတက်ပြီး အောင်မြင်မှုရတတ်ခြင်း (အကြီးအကဲနေရာ ရောက်တတ်/ရာထူးတိုးတတ်ခြင်း) စိတ်ကော လူကော strong ဖြစ်လာပြီး မနာလိုသူတွေကိုပါ အောင်မြင်တတ်ခြင်း

Pisces
1. ကာလအတန်ကြာ ရခဲ့တဲ့ အချစ်ရေး စိတ်ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်ပြီး လူသစ် စိတ်သစ် အချစ်သစ်နဲ့ ဘဝ စတင်နိုင်ခြင်း
2. ပတ်ဝန်းကျင်မှ အတိုက်အခိုက်များကို ဂရုမစိုက်ဘဲ ကိုယ်လုပ်စရာရှိတာကို မမှိတ်မသုန် တစိုက်မတ်မတ် လုပ်နိုင်ခြင်း
3. မိမိ အပေါ် မကောင်းသော မရိုးသားသော လူများကိူ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရင်ဆိုင်လာနိူင်ခြင်း

ရေးသားသူ –  The Phoenix Sun Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။