ရှယ်ယာနှင့် နိုင်ငံခြားငွေကြေး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အမည်ခံ၍ မြန်မာနိုင်ငံ အနှံ့ Application များဖြင့် ငွေကြေး လိမ်လည်မှုများ ဆက် လက် ဖြစ်ပေါ်၊ စစ်ကောင်စီက လျစ်လျူ ရှုထား သည့်အပြင် ကုမ္ပဏီ မှတ်ပုံတင်ပါ ပေါပေါလောလောထုတ်ပေး

Local News

ရှယ်ယာနှင့် နိုင်ငံခြားငွေကြေး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အမည်ခံ၍ မြန်မာနိုင်ငံ အနှံ့ Application များဖြင့် ငွေကြေး လိမ်လည်မှုများ ဆက် လက် ဖြစ်ပေါ်၊ စစ်ကောင်စီက လျစ်လျူ ရှုထား သည့်အပြင် ကုမ္ပဏီ မှတ်ပုံတင်ပါ ပေါပေါလောလောထုတ်ပေး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှယ်ယာနှင့် နိုင်ငံခြားငွေကြေး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အမည်ခံ၍ မြန်မာနိုင်ငံ အနှံ့ Application များဖြင့် ငွေကြေး လိမ်လည်မှုများ ဆက် လက် ဖြစ်ပေါ်၊ စစ်ကောင်စီက လျစ်လျူ ရှုထား သည့်အပြင် ကုမ္ပဏီ မှတ်ပုံတင်ပါ ပေါပေါလောလောထုတ်ပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရှယ်ယာနှင့် နိုင်ငံခြားငွေကြေးရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အမည်ခံ၍ မြန်မာနိုင်ငံအနှံ့ Application အတုများဖြင့် ငွေကြေးလိမ်လည်မှုများ ဆက် လက် ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။

ရှယ်နှင့်နိုင်ငံခြားငွေကြေးရင််းနှီးမြှုပ်နှံမှုကုမ္ပဏီအမည်ခံ၍ အမြတ်ငွေများ လစဉ်ပေးမည် ၊ ယုံကြည်စိတ်ချရသည်ဟု Facebook ကြော်ငြာကြကြောင်း၊ အာမခံချက်များဖြင့် ရှယ်ယာထည့်ဝင်လာသူများကို Application အတုများဖြင့် အစပိုင်းတွင် အတိုးနှုန်းပုံမှန်ပေးသော်လည်း နောက်ပိုင်းတွင် အဆက်အသွယ်မရ ခြေရာဖျောက်မှုများ များလာကြောင်း ငွေကြေးဆုံးရှုုံးရသူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

Facebook လူမှုကွန်ရက်တွင် ရှယ်ယာနှင့်ငွေကြေး ကုမ္ပဏီအမည်ခံထားသော Smart FX Page က ၆ လခန့်ရှယ်ယာများ ခေါ်ယူ၍ အတိုး ၂ လစာပေးပြီးနောက် ဖုန်းများ ပိတ်ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ အဆက်အသွယ်လုံးဝ ဖြတ်သွားခြင်းဖြစ်ပြီး OGFX ဆိုသော ရင်းနှီးမြှုပ်နှံမှု Page မှာလည်း ရှယ်ယာငွေကြေးများ ထည့်ဝင်ခိုင်းကာ အဆက်အသွယ်ဖြတ်တောက်သွားကြောင်း ငွေကြေးလိမ်လည်ခံရသူများထံမှ သိရသည်။
“Forex အမည်ခံ Smart FX နဲ့ OGFX မှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။ Smart FX က သီဟပါ ။ ၂ လစာလောက်ပဲ ပေးပြီး ထွက်ပြေးသွားတယ်။ Smart FX က ဖုန်းတွေ စက်ပိတ် Page ပါ ဖျက်သွားပြီဗျ။ ရှိစုမဲ့စုလေး ထည့်ထားမိတာ အခြားအလုပ်အကိုင်တွေ အဆင်မပြေတော့ ခံရသူတွေတော့ များတယ်။ စတင်ချိန် ငွေထည့်တော့ အရမ်းကောင်းပြ ။ ခုကျ ဖုန်းတွေ စက်ပိတ်ပြီးငွေတွေက အမြတ်မပေးတဲ့အပြင် အရင်းလည်း ရှုံး။ ရန်ကုန်က လူတွေက ရင်းနှီးမြှုပ်နှံ့ဖို့ လူတွေမရတော့ နယ်က လူတွေ ပစ်မှတ်ထားပြီးလုပ်ကြတယ်” ဟု ကိုယ်တိုင် ငွေကြေး ဆုံးရှုံးခဲ့ရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောကြားသည်။

ထို့ပြင် အာဏာသိမ်းကာလအတွင်း ပေါ်ပေါက်လာသော ဂျပန် ရင်းနှီးမြှုပ်နှံမှု အမည်ခံ JT Financial Digital Investment ကုမ္ပဏီက မြန်မာနိုင်ငံတွင် အနည်းဆုံး ဒေါ်လာ ၁၀၀ မှ စတင်ရင်းနှီးမြှုပ်ရန် ရှယ်ယာများ ခေါ်ယူခဲ့ကြောင်း၊ အစပိုင်းတွင် ငွေပြန်ထုတ်နိုင်သော်လည်း လက်ရှိအချိန်တွင် ငွေသွင်းသာ လက်ခံပြီး ငွေထုတ်မရသည်မှာ စက်တင်ဘာလ ကတည်းကဖြစ်ကြောင်း၊ မိမိပိုင်ငွေများထုတ်လိုပါက ထပ်မံရင်းနှီးမြှုပ်နှံရန်သာ ပြောဆိုနေကြောင်း JT Financial Digital Investment တွင် ရင်းနှီးမြှုပ်နှံထားသူများက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
“အခုက ဆောဖ့်ဝဲလ်တွေနဲ့ Investment လုပ်လို့ရတယ်ဆိုပြီးတော့ တကယ်လုပ်လိုက်တော့မှ လိမ်သွားတာပါ။ ပိုက်ဆံ မပေးတာက ၉ လပိုင်းလောက်ကတည်းက စနေပြီး ၁၀ လပိုင်းထဲမှာ ပိုဆိုးလာတယ်။ အခုဆိုရင် အထုတ်က အရှင်းကို မရတော့ဘူး။ ငွေအများကြီး ထည့်ထားတဲ့သူကိုသာ နည်းနည်း ထုတ်ပေးတာ။ မဟုတ်ရင် လုံးဝထုတ်မပေးဘူး” ဟု ကိုယ်တိုင် လိမ်လည်ခံရသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
အဆိုပါ ကုမ္ပဏီသည် ငွေထုတ်ချင်သူများကို Application Level 2 သို့ မြှင့်ရမည်ဖြစ်ပြီး ရက် ၉၀ ကြာမှသာ ထည့် သွင်းထားသော ငွေများပြန်ထုတ်ပေးမည်ဟု ပြောဆိုနေကြောင်း၊ ငွေကြေးထည့်ဝင်ထားသူ အများစုသည် ထည့်ဝင်ငွေများကို ထုတ်ယူ၍ မရတော့ကြောင်း၊ JT Financial Digital Investment သည် Facebook လူမှုကွန်ရက်တွင် စျေးကွက်ရှာ လိမ်လည်ခြင်းဖြစ်ကြောင်း သိရှိရသည်။


“ကျွန်တော်ကိုယ်တိုင်လည်း ပိုက်ဆံထုတ်မရလို့ Comment တွေ လိုက်မန့်တယ်။ မရင်းကြဖို့ မလုပ်ကြဖို့။ အဲဒီလိုရေးတာတွေက နောက်ရက်ကျရင် မရှိတော့ဘူး ။ သူတို့က လိုက်ဖျက်။ ပြီးရင် ဝိုင်းပြီးတော့ အကောင်တုတွေနဲ့ RP တွေ ဝိုင်းထု ဝိုင်းဆဲကြနဲ့ ဘယ်လိုမှ ပြောလို့မရဘူး။ ဘယ်လိုမှ ပြောလို့ မရဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ၁၀ သိန်းကျော် ထုတ်လို့ မရတော့ပါဘူး။ အများအမြင်မှာတော့ ရက် ၉၀ လုပ်ငန်းမှာ ရင်းထားတာပေါ့ ။ တကယ်တော့ အဲဒါက ဘယ်တော့မှ ပြန်မရတော့ပါဘူး” ဟု ငွေကြေးလိမ်လည်ခံရသူများများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ထို့ပြင် JT Financial Digital Investment အမည်ခံကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် အခြေစိုက်ခြင်းမဟုတ်ဘဲ မြဝတီမြို့မှ နေ၍ လိမ်လည် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင်ပင် ငွေကြေးထည့်ဝင်ဖူးပြီး လက်ရှိအချိန်ထိ ပြန်မရကြောင်း JT ကုမ္ပဏီတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ရှယ်ယာရှင် တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
Application အတုများဖြင့် လိမ်လည်ကြသည့် အမည်ခံ ကုမ္ပဏီများသည် အစပိုင်းတွင် Facebook မှတစ်ဆင့်ဆက်သွယ်၍ ယုံကြည်အောင် ပြောဆိုစည်းရုံးကြခြင်းဖြစ်ကြောင်း၊ ရုံးနာမည် အမျိုးမျိုး ပြောင်းပြီး ရုံးခွဲများ လာဖွင့်ကြကြောင်း ၊ ရှယ်ယာထည့်ကြသည့် အစပိုင်းကာလများတွင် ပုံမှန် အတိုးငွေများ ပေးချေခဲ့ပြီး လူအများက ယုံကြည်လက်ခံ၍ လိုက်ထည့်သူများလာချိန်တွင်မှ ငွေလိမ် ပြေးခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက ထိုကဲ့သို့ ငွေကြေးလိမ်လည်နေသော ရှယ်ယာနှင့်နိုင်ငံခြားရွှေ၊ ငွေ ရင်းနှီးမြှုပ်နှံမှု အမည်မခံကုမ္ပဏီများ၊ လူမှုကွန်ရက်စာမျက်နှာများကို လုံး၀ အရေးယူခြင်းမရှိသည့်အပြင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်မှုများကိုပါ အလွယ်တကူ ထုတ်ပေးလျက်ရှိ ကြောင်း ၊ ပြည်သူများကို ထိုကုမ္ပဏီမှတ်ပုံတင်များ ပြသ၍ လိမ်လည်ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။