အမေရိကန် ဒုသမ္မတ ကမလာဟဲရစ် ရဲ့ အရှေ့တောင်အာရှ ခရီးစဥ််ဒီနေ့ စတင်မယ် မြန်မာ့အရေး ဆွေးနွေးမယ်လို့ အိမ်ဖြူတော် ထုတ်ပြန်

International News Local News

အမေရိကန် ဒုသမ္မတ ကမလာဟဲရစ် ရဲ့ အရှေ့တောင်အာရှ ခရီးစဥ််ဒီနေ့ စတင်မယ် မြန်မာ့အရေး ဆွေးနွေးမယ်လို့ အိမ်ဖြူတော် ထုတ်ပြန်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန် ဒုသမ္မတ ကမလာဟဲရစ် ရဲ့ အရှေ့တောင်အာရှ ခရီးစဥ််ဒီနေ့ စတင်မယ် မြန်မာ့အရေး ဆွေးနွေးမယ်လို့ အိမ်ဖြူတော် ထုတ်ပြန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အေပက်ထိပ်သီးအစည်းအဝေး(အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး) ကိုတက်ရောက်ဖို့ အမေရိကန် ဒုတိယသမ္မတ ကမလာ ဟဲရစ်ရဲ့ အရှေ့တောင်အာရှ ခရီးစဥ်ကို နိုဝင်ဘာ ၁၆ ရက်နေ့မှာစတင်မယ်လို့အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

ဒုသမ္မတဟာ သူ့ရဲ့ဒီခရီးစဥ်အတွင်း ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကိုသွားရောက်ဖို့ရှိနေပြီး ထိုင်းနိုင်ငံမှာ အေပက်ထိပ်သီးအစည်းအဝေးတက်ရောက်ပြီးတဲ့နောက် ဖိလစ်ပိုင်နိုင်ငံကိုဆက်လက်ထွက်ခွာဖို့ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ အေပက်ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီး နိုဝင်ဘာ ၁၉ ရက်မှာ ကမလာဟဲရစ်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့သီးသန့်တွေ့ဆုံဖို့ရှိပြီး အဲဒီမှာ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေနဲ့ ကမ္ဘာ့အရေးဒေသတွင်းအရေးတွေကို ဆွေးနွေးဖို့ရှိကြောင်းအိမ်ဖြူတော်က ဆိုပါတယ်။


ကမလာဟာ နိုဝင်ဘာ ၂၀ ရက်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး ၂၁ ရက်နေ့မှာဖိလစ်ပိုင်ဒုသမ္မတ ဒူတာတေးကာပရီယိုနဲ့ တွေ့ဆုံမှာ ဖြစ်သလို အဲဒီနောက် ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။
အမေရိကန်ဒုသမ္မတဟာ စီးပွားရေး၊ ရာသီဥတုအရေးဆိုင်ရာနဲ့ ဒေသတွင်းနိုင်ငံတွေအပေါ်နဲ့ အမေရိကန်ရဲ့မဟာမိတ်တွေခိုင်မာအားကောင်းလာရေး ဦးတည်ဆွေးနွေးသွားမယ်လို့လည်းသိရပါတယ်။
အမေရိကန်ဒုသမ္မတ ကာမီလာဟဲရစ်ဟာ ဒုသမ္မတ ရာထူးလက်ခံရယူပြီးတဲ့နောက်၂၀၂၁ သြဂုတ်လမှာ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့ကိုသွားရောက်ထားပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့အိမ်ဖြူတော်က သတင်းထုတ်ပြန်ပေမဲ့ အသေးစိတ်ဘာတွေဆွေးနွေးမယ်ဆိုတာတော့မဖော်ပြထားပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် မြန်မာမှာ ၂၀၂၀ ရွေးကောက်ပွဲ​၂ နှစ်ပြည့်တဲ့နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘဲ အကျပ်အတည်းကိုပိုမိုကြာရှည်စေမယ်လို့ပြောကြားထားသလို မြန်မာစစ်တပ်အတွက် စစ်လေယာဉ်အဝယ်တော်တွေကိုလည်း ပိတ်ဆို့အရေးယူခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။