မြန်မာ့ရိုးရာမှော်ဝင်ဆေးမှင်စုတ်ထိုးအတတ်ပညာ၏အချက်အလက်အချို့

Astrology

မြန်မာ့ရိုးရာမှော်ဝင်ဆေးမှင်စုတ်ထိုးအတတ်ပညာ၏အချက်အလက်အချို့
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မြန်မာ့ရိုးရာမှော်ဝင်ဆေးမှင်စုတ်ထိုးအတတ်ပညာ၏အချက်အလက်အချို့
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာမှော်ဝင်ဆေးမှင်စုတ်ထိုးအတတ်ပညာ၏အစသည် မှင်နှင့် ဆေးဝါး၊ အစီအရင်ရောစပ်ကာ ဂါထာမန္တာန်များ၊ အင်းများ၊ တစ်စုံတစ်ရာ ရည်ရွယ်ချက်ရှိသော အရုပ်များကို ထိုးနှံခြင်းမှ စတင်ခဲ့ပေသည်။
ထိုကဲ့သို့ အစီအရင်ပြုလုပ်သော ဆေးများကို အထက်ဆေး၊ အောက်ဆေးဟူ၍ ခွဲခြားထားပေသည်။
ထိုးလေ့ရှိသောဆေးများမှာ –
နတ်မှော်ဆေး
ဝိဇ္ဇာမှော်ဆေး
ကာယသိဒ္ဓိကိုယ်ခံဆေး
ပီယသိဒ္ဓိဆေး(အထက်/အောက်) စသဖြင့်ဆေးများကို မှင်ဖြင့်ရောကာ ဂါထာ၊ မန္တာန်၊ အင်း၊ စမ၊ ရုပ်ပုံများ ထိုးနှံလေ့ရှိကြပါသည်။


ထိုးလေ့ရှိသည့်ပုံများမှာလည်း ဘီလူး၊ ကျား၊ ဝက်၊ ကြောင်၊ နဂါး စသဖြင့် လိုအပ်သည့် ကိစ္စရပ် အကြောင်းအရာပေါ်မူတည်၍ ထိုးရမည့် ပုံကွဲသွားလေ့ရှိသလို ပါဝင်သည့်ဆေး နှင့် အစွမ်းလည်းကွာသွားတတ်ပါသေးတယ်။
ထိုးနှံသည့်အခါမှာလည်း သက်ဆိုင်ရာ နက္ခတ်၊ အချိန်အခါ၊ တွက်ချက်စောင့်ဆိုင်းပြီး အချိန်ကြုံမှ ဆိုင်ရာ အစီအမံ ဂါထာ၊ မန္တာန်များရွတ်ဖတ်ကာ ထိုးနှံရပါသည်။
ထိုးနှံပြီးသည့်နောက်တွင်လည်း စောင့်ထိန်းရမည့် စည်းမျဉ်း၊ စည်းကမ်း များကိုသေတပန်သက်တစ်ဆုံး စောင့်ထိန်းရမည်ဖြစ်ကာ စည်းဖောက်ဖျက်မိသော် ဆေးနုသော်က အစွမ်းပြယ်ပြီး ဆေးပြင်းသော်က ရူးသည်အထိ ဖြစ်နိုင်ပါတယ်။
မြန်မာ့ရိုးရာမှော်ဝင်ဆေးမင်စုတ်ထိုး အတတ်ပညာဆိုသည်မှာ ရှေးအရင်ကတည်းက ပေါ်ပေါက်ခဲ့ပြီး မှော်ဝင်ဆေးမင် မဟုတ်စေကာမူ သာမန် ထိုးကွင်းမင်ကြောင်များထိုးနှံလေ့ရှိကြကြောင်း သမိုင်းအထောက်အထားများ ရှိပါသေးတယ်။
ထိုးကွင်းမင်ကြောင်များအားရှာဖွေတွေ့ရှိနိုင်သော်လည်း မြန်မာ့ရိုးရာမှော်ဝင်ဆေးမှင်ပညာရပ်အား အထောက်အထားမကျန်၍ဖြစ်စေ ရှေးဆရာများ မချန်ခဲ့၍ဖြစ်စေ အခုခေတ်လူငယ်များ သိပ်မသိကြသေးသည့်အတွက် မြန်မာ့ရိုးရာမှော်ဝင်ထိုးကွင်းမင်ကြောင်ဓလေ့ကို သိကြစေရန်အလို့ငှာ တစ်ပိုင်းတစပြန်လည်တင်ပြလိုက်ပါတယ်

ရေးသားသူ – Lynn’s Thelema (မြစလွယ်အဖွဲ့

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။