ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာကို ယနေ့ နံနက်ပိုင်း မီးထပ်ရှို့နေ၊ စစ် ကိုင်း၊ တောင်ရင်းရွာ မီးရှို့ခံရမှု အိမ်ခြေ ၁၀၀ ကျော် ပြာကျ

Local News

ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာကို ယနေ့ နံနက်ပိုင်း မီးထပ်ရှို့နေ၊ စစ် ကိုင်း၊ တောင်ရင်းရွာ မီးရှို့ခံရမှု အိမ်ခြေ ၁၀၀ ကျော် ပြာကျ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာကို ယနေ့ နံနက်ပိုင်း မီးထပ်ရှို့နေ၊ စစ် ကိုင်း၊ တောင်ရင်းရွာ မီးရှို့ခံရမှု အိမ်ခြေ ၁၀၀ ကျော်ပြာကျ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာကို ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့နေကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်တွင် စစ်တပ်က ပေါင်း လဲ ကုန်းကျေးရွာကို ထပ်မံ မီးရှို့နေခြင်း ဖြစ်ကြောင်း၊ ပေါင်းလဲ ကုန်း ကျေး ရွာကို ယမန်နေ့ ည ၈ နာရီအချိန်တွင် မီးရှို့ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ထပ်မံ၍ မီးရှို့နေခြင်းဖြစ်ကြောင်း၊ အိမ်ခြေ ၅၀၀ နီးပါးရှိသော ရွာကို ရွာလုံးကျွတ် ပြာကျ စေရန် စစ်တပ်က အကြိမ်ကြိမ် မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပေါင်းလဲကုန်းရွာကို မနေ့ညနေ ၃ နာရီကစတင်ပြီး lat nat ကြီး တွေနဲ့ပစ် ခတ် ဝင်လာတယ်။ မနေ့ည ၈ နာရီမှာ ရွာရဲ့ နေရာ ၃ ခုကို မီးရှို့တယ်။ပြီးတော့ ညအိပ်တယ်။ ဒီမနက် ၇ နာရီ ၅၀ မှာလည်း မီးထပ်ရှို့နေတယ်။ တစ်ရွာလုံး ကုန်အောင် မီးရှို့နေတာထင်ပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရွာ၏ အခြေအနေကို ရှင်းလင်းပြောဆိုသည်။

ပေါင်းလဲကုန်းကျေးရွာကို မီးရှို့နေသော စစ်ကြောင်းသည် ယမန်နေ့ည ရွှေ ယမင်း ရွာတွင် တပ်စွဲခဲ့သော စစ် ကြောင်း ဖြစ်ကြောင်း၊ ယမန်နေ့တစ်နေကုန် ခင်ဦးမြို့ နယ်အတွင်း ကျေးရွာများကို lat nat ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီး မှုများ လုပ် ဆောင်ပြီးနောက် ညနေပိုင်းတွင် ပေါင်းလဲကုန်းကျေးရွာသို့ ပစ်ခတ် ဝင် ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုးအနီးရှိ အိမ်ခြေ ၁၀၀၀ နီးပါးရှိသော တောင်ရင်း ကျေးရွာကို စစ်တပ် က မီးတင်ရှို့သဖြင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၃၀၀ ကျော်ရှိသော စစ်ကြောင်းက စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာကို ဝင်ရောက်မီးရှို့ ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျေးရွာအနီးတွင် တိုက်ပွဲမကြာခဏ ဖြစ် ပွားပြီးနောက် စစ်ကြောင်းက ကျေးရွာကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများစွာ ထွက် ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက် မီးရှို့ခံနေရသော ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာ။

“စစ်ကိုင်းမြို့နယ် တောင်ရင်းရွာကို စစ်တပ်က မနေ့က မီးရှို့တာ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပါတယ်။ အိမ်ခြေ ၁၀၀၀ နီးပါးမှာ အိမ်ခြေ ၁၀၀ ကျော် မီးလောင်သွားတာမို့ ရွာရဲ့ ၁၀ ရာခိုင်နှုန်းပျက်စီးသွားတာပါ။ တောင်ရင်း တောင်ရွာ မြှောက်ရွာ ၂ ရွာစလုံး မီးရှို့ခံရတာပါ” ဟုဒေသခံတစ်ဦးက ပြောဆို သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်တောင်ရွာ၊ မြောက်ရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ကြောင်း၊ ယနေ့တွင် စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေး ရွာကို စစ်တပ်က မီးရှို့ခဲ့ကြောင်း၊ ထို့နောက် မင်းဝံ တောင်ရိုးကျေးရွာ များကို ထပ်မံ၍ စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်ပြီး ကျေးရွာ ၂၀ မှ ပြည် သူ သောင်းချီ ထွက်ပြေးနေရသည်ဟု သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။