အောင်လရဲ့အသံဖိုင်နဲ့ပက်သက်ပြီး သူမရဲ့သမီးကိုနာမည်ဖျက်နေသူများကို တရားစွဲဆိုသွားမယ်ဆိုတဲ့ နန်းမွေစံရဲ့မိခင်

Celebrity Local News
အောင်လရဲ့အသံဖိုင်နဲ့ပက်သက်ပြီး သူမရဲ့သမီးကိုနာမည်ဖျက်နေသူများကို တရားစွဲဆိုသွားမယ်ဆိုတဲ့ နန်းမွေစံရဲ့မိခင်

နန်းမွေစံကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် အမျိုးသားထုကြီးရဲ့တခဲနက်အားပေးမှုတွေရရှိထားသူဖြစ်ပါတယ်။ အခုချိန်မှာတော့ တရားစွဲဆိုခံထားရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ နန်းမွေစံရဲ့မိခင်က လတ်တလောပျံ့နှံနေတဲ့ ကောလဟာလတွေနဲ့ပက်သက်ပြီး အတိအလင်းရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြလာတာပဲဖြစ်ပါတယ်။
“အန်တီ့သမီးကိုနံမည်ဖျက်နေကြသော သမီးနံမည်နှင့် ယခင်ကတင်ထားသောဓါတ်ပုံများကို သွားရောက်ပို့ခဲ့သည်ဆိုပါက ၄င်းမှာ သမီးပို့ခြင်းမဟုတ်၍ ဆက်လက်၍ဤသို့ နံမည်ပျက်အေါင်ဆက်လုပ်နေပါက တရားဥပဒေအရ အရေးယူကာ တရားစွဲဆိုသွားပါမည်။

အန်တီ့သမီးသည် သူတပါးယောက်ကျားကိုဘယ်သောအခါမှ စိတ်ကူးနှင့်တေါင်မပစ်မှားသူဖြစ်ပါသည်။ထေါင်ထည်းကတေါင်မလွတ်သေးတဲ့ မိန်းခလေးကို တဖက်သတ် နံမည်ပျက်သထက်ပျက်အေါင် ရည်ရွယ်ချက်ဖြင့်လုပ်နေသော နန်းမွေစံနံမည်နှင့် လုပ်စားနေသော နံမည်တူသမီးနံမည်နှင့် ယခင်က ဓါတ်ပုံများကိုသွားရောက်ပို့နေကြပါက ထိုပို့သူမှာသမီးမဟုတ်၍ဆက်လကိ၍ ဤကဲ့သို့လုပ်နေမည်ဆိုပါက တရားဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။” ဆိုပြီးလူမှုကွန်ယက်ကတစ်ဆင့် ပြောပြလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။