မင်္ဂလာဒုံတွင် စစ်တပ်က တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုကို ဖယ်ရှားခိုင်း မှုကြောင့် မြ၀တီ ၁ ရပ်ကွက် မှ ဦးဝင်းဌေး ကိုယ့်ကိုကိုယ် ကြိုးဆွဲချ အဆုံးစီရင်၊ စစ်တပ်ကြောင့် နေစရာမရှိတော့၍ စိတ်ဆင်းရဲကာ အဆုံးစီရင်သွားမှုကို ရဲက သတင်းမဖြန့်ရန် ပိတ်ပင်

Local News

မင်္ဂလာဒုံတွင် စစ်တပ်က တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုကို ဖယ်ရှားခိုင်း မှုကြောင့် မြ၀တီ ၁ ရပ်ကွက် မှ ဦးဝင်းဌေး ကိုယ့်ကိုကိုယ် ကြိုးဆွဲချ အဆုံးစီရင်၊ စစ်တပ်ကြောင့် နေစရာမရှိတော့၍ စိတ်ဆင်းရဲကာ အဆုံးစီရင်သွားမှုကို ရဲက သတင်းမဖြန့်ရန် ပိတ်ပင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာဒုံတွင် စစ်တပ်က တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုကို ဖယ်ရှားခိုင်း မှုကြောင့် မြ၀တီ ၁ ရပ်ကွက် မှ ဦးဝင်းဌေး ကိုယ့်ကိုကိုယ် ကြိုးဆွဲချ အဆုံးစီရင်၊ စစ်တပ်ကြောင့် နေစရာမရှိတော့၍ စိတ်ဆင်းရဲကာ အဆုံးစီရင်သွားမှုကို ရဲက သတင်းမဖြန့်ရန် ပိတ်ပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို စစ်တပ်က တပ်ပိုင် မြေ ကျူးကျော်သည်ဟုဆိုကာ ဖျက် သိမ်းခိုင်းနေသည့် ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးတွင် ပါဝင်နေသည့်အတွက် ပြည်သူတစ်ဦးက စိတ်ဆင်းရဲပြီး မိမိကိုယ်ကိုကိုယ် ကြိုးဆွဲချ၍ အဆုံးစီရင်သွားကြောင်း သိရှိရသည်။
စစ်တပ်က ရပ်ကွက် ၅ ခုကို ဖျက်သိမ်းခိုင်းထားခဲ့သည့် နိုဝင်ဘာလ ၁၈ ရက် နေ့တွင် မြဝတီစိုက်ခင်း ၁ ရပ်ကွက်၊ စံပယ်လမ်းမှ အသက် ၅၄ နှစ်အရွယ် ဦးဝင်းဌေးသည် နေစရာ အိမ်မရှိတော့အခြေအနေအတွက် စိတ်ဆင်းရဲကာ ၎င်းအိမ်အနီးရှိ ဗန်ဒါပင်မှာ ကြိုးဆွဲချthayဆုံးသွားခဲ့ခြင်းဖြစ်သည်။
“ပထမ စစ်တပ်က အိမ်တွေကို နိုဝင်ဘာလ ၁၈ ရက်နေ့ဖယ်ခိုင်းတာ။ ဦးဝင်းဌေး ကလည်း သူ့အိမ်လည်း ဖယ်ရမှာဆိုတော့ စိတ်ဆင်းရဲ တမှိုင်မှိုင် ဖြစ် ပြီး နိုဝင်ဘာ ၁၈ ရက်နေ့မှာပဲ အဆုံးစီရင်သွားတာ။ အဲဒါကို ရဲတွေက သူ့ ရောဂါ နဲ့ သူthayတယ်ဆိုပြီး သတင်းလိုက်ဖြန့်တယ်။ အဆုံးစီရင်ပြီးthayတာ မဟုတ် ဘူးဆိုပြီး သတင်းတွေ လိုက်ပိတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်တပ်က ဖျက်သိမ်းခိုင်းသည့် ရပ်ကွက်များတွင် ပြည်သူများက မိမိတို့၏ နေအိမ်များကို ဖျက်၍ ရွှေ့ပြောင်းသူများရှိသကဲ့သို့ မည်သည့် ရွှေ့ ပြောင်းမှုမှ မလုပ်ဘဲ အthayခံမည်ဟု ပြော ဆိုနေသူများလည်းရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ဖျက်သိမ်းခိုင်းနေသည့် မင်္ဂလာဒုံမြို့နယ်၊ မြ၀တီ ၁ ရပ်ကွက်။

မင်္ဂလာဒုံမြို့နယ်တွင် စစ်တပ်က ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြဲမြံအောင်ရပ်ကွက်၊ ဓလပါ လရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီရပ်ကွက်၊ မြဝတီရပ်ကွက် စသည့် ၅ ရပ်ကွက်ရှိ အိမ်များကို ကျူးကျော်ဟုဆိုကာ နိုဝင်ဘာ ၂၂ ရက်နေ့ အပြီး အတင်း အဓမ္မဖျက်သိမ်းခိုင်းနေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူ များထံမှ သိရှိရသည်။
အဆိုပါ ရပ်ကွက် ၅ ခုအတွင်း အိမ်ခြေပေါင်း သောင်းကျော်ရှိပြီး လူဦးရေ ၅ သောင်းနီးပါး နေထိုင်ကြကြောင်း၊ ယခုကဲသို့ ဘိုးဘွားပိုင်မြေများကို ကျူး ကျော်များဟူ၍ အတင်းအဓမ္မဖျက်သိမ်းခိုင်းနေသည့်အတွက် ပြည်သူများ စိတ်ဆင်းရဲ ပူပင်နေရကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများကပြောပြသည်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စ၍ ပြည်သူပိုင်နေအိမ်များကို အတင်းအဓမ္မ ဖယ်ရှားခိုင်းခြင်း၊ ဘူဒိုဇာနှင့် ထိုး၍ ဖျက်ဆီးခြင်းများကို ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ဥပဒေမဲ့ အဆက်မပြတ် လုပ်ဆောင်လာ ခြင်းဖြစ် သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။