မြန်မာအိမ်အကူthayဆုံးမှုမှာ ကျူးလွန်သူရဲ့မိခင်လည်း အပြစ်ရှိကြောင်း စင်ကာပူတရားရုံးဆုံးဖြတ်

Local News

မြန်မာအိမ်အကူthayဆုံးမှုမှာ ကျူးလွန်သူရဲ့မိခင်လည်း အပြစ်ရှိကြောင်း စင်ကာပူတရားရုံးဆုံးဖြတ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာအိမ်အကူthayဆုံးမှုမှာ ကျူးလွန်သူရဲ့မိခင်လည်း အပြစ်ရှိကြောင်း စင်ကာပူတရားရုံးဆုံးဖြတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၁ နိုဝင်ဘာ ၂၀၂၂,

မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးthayဆုံးတဲ့အထိ ရိုက်နှက် နှိပ်စက်ခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံရသူ အိမ်ရှင်အမျိုးသမီးရဲ့ မိခင်ကိုလည်း အိမ်အကူthayဆုံးမှုမှာ အပြစ်ရှိတဲ့အကြောင်း စင်ကာပူ တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။မြန်မာအိမ်အကူသေဆုံးမှုမှာ ကျူးလွန်သူရဲ့မိခင်လည်း အပြစ်ရှိကြောင်း စင်ကာပူတရားရုံးဆုံးဖြတ်

အသက် ၂၄ နှစ်အရွယ် ချင်းအမျိုးသမီး မပြန်ငိုက်ဒွန်ဟာ စင်ကာပူမှာ အိမ်အကူအဖြစ်အလုပ်လုပ်ကိုင်နေတုန်း ၁၄ လနီးပါးကြာ နှိပ်စက်ခံရပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ ဦးနှောက်ဒဏ်ရာနဲ့ thayဆုံးခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်အမျိုးသမီးဟာ မပြန်ငိုက်ဒွန်ကို ညှင်းပန်းနှိပ်စက်thetဖြတ်မှုနဲ့ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရပါတယ်။

အခုတော့ အိမ်ရှင်ရဲ့မိခင် ပရီမာဆိုသူ အမျိုးသမီးကလည်း သူဟာ မပြန်ငိုက်ဒွန်အပေါ် နှိပ်စက်မှုကို သိရှိကြောင်း ပြောဆိုပြီး သူကိုယ်တိုင်လည်း နှိပ်စက်မှုပြုလုပ်ခဲ့တဲ့အကြောင်း ဝန်ခံလိုက်တယ်လို့ စင်ကာပူက လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

တီးတိန်ဇာတိဖြစ်သူ မပြန်ငိုက်ဒွန်ဟာ ကွယ်လွန်ချိန်မှာ ကလေးတစ်ယောက်မိခင်ဖြစ်ပြီး သူ့အလောင်းကိုတော့ အဲဒီအချိန်တုန်းက ဇာတိရွာကို ပြန်သယ်လာခဲ့တယ်လို့ ချင်းပြည်နယ်အခြေစိုက် ဇလန်းသတင်းဌာက သတင်းဖော်ပြဖူးပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။