ကမ္ဘာ့ဖလားပြိုင်ပွဲကြီး(England vs Iran) ရလဒ်

Sports

ကမ္ဘာ့ဖလားပြိုင်ပွဲကြီး(England vs Iran) ရလဒ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကမ္ဘာ့ဖလားပြိုင်ပွဲကြီး(England vs Iran) ရလဒ် ဆိုတဲ့အားကစားသတင်းလေးပဲ ဖြစ်ပါတယ်။

အင်္ဂလန် ၆ – ၂ အီရန်

ဆာကာရဲ့ ၂ ဂိုး အပါအဝင် အင်္ဂလန် အသင်းက အီရန်ကို ၆ ဂိုး သွင်းယူပြီး၊ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ပွဲဦးထွက် ကောင်းခဲ့ပါတယ်။
အီရန်ရဲ့ အားထားရတဲ့ တိုက်စစ်မှူး မာဟ်ဒီ တာရီမီက ပွဲပြီးကာနီး မိနစ်ပိုင်းမှာ ရတဲ့ ပင်နယ်တီ အပါအဝင် အစောပိုင်း ဒုတိယပိုင်း ၆၅ မိနစ်မှာ သွင်းခဲ့တဲ့ ဂိုးနဲ့ အီရန် အတွက် စုစုပေါင်း ၂ ဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ်။

 

 

အင်္ဂလန် အတွက် အဖွင့်ဂိုးကို ဘယ်လင်ဂမ်က ၃၅ မိနစ်မှာ သွင်းခဲ့ပြီးတဲ့နောက် ဆာကာ က သူ့ရဲ့ ပထမဂိုးကို ၄၃ မိနစ်မှာ သွင်းပါတယ်။ မကြာခင်မှာပဲ စတာလင်လည်း အင်္ဂလန် အတွက် တတိယမြောက် ဂိုးကို သွင်းခဲ့တဲ့ အတွက် ပထမပိုင်း အပြီးမှာတင် အင်္ဂလန် ၃ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဆာကာက ၆၂ မိနစ်မှာ သူ့ရဲ့ ဒုတိယဂိုး သွင်းပြီး၊လူစားဝင်လာတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဂရီးလစ်ရှ် တို့လည်း အင်္ဂလန် အတွက် တစ်ဂိုးစီ ထပ်မံ သွင်းပေးခဲ့ပါတယ်။ အခုပွဲမှာ အင်္ဂလန်ရဲ့ အဖွင့်ဂိုး သွင်းပေးခဲ့တဲ့ ဘယ်လင်ဂမ်နဲ့ နှစ်ဂိုးသွင်းပေးသူ ဆာကာတို့ကို ဘောလုံးပွဲ သုံးသပ်သူတွေ အထူး ချီးကျူးနေပါတယ်။

 

 

ဂျာမန် ဘွန်ဒက်စ်လီဂါအသင်း ဘိုရွတ်ဆီယာ ဒေါ့မွန်က အသက် ၁၉ နှစ် အရွယ် အလယ်တန်းလူ ဘယ်လင်ဂမ်ဟာ အခု ကာတာ ကမ္ဘာ့ဖလားက မွေးထုတ်ပေးလိုက်မယ့် ကမ္ဘာ့အဆင့် ကြယ်ပွင့် အဖြစ် ထင်ကြေးပေး ခံနေရပါတယ်။
တခါ၊ မန်နေဂျာ ဆောက်သ်ဂိတ်က အာဆင်နယ်မှာ အဓိက အားထားနေရတဲ့ ဆာကာကို ဦးစားပေးရွေးချယ်တာ မမှားကြောင်း သက်သေ ပြနိုင်ခဲ့ပါတယ်။ ဆာကာလည်းပဲ ၂၁ နှစ်ပဲ ရှိသေးတဲ့ လူငယ် တစ်ယောက် ဖြစ်ပါတယ်။

အခုလို အဓိကပွဲကြီးတွေမှာ အင်္ဂလန် ၆ ဂိုး အထိ သွင်းနိုင်တာ ဒါ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ နောက် အုပ်စုပွဲတွေမှာတော့ ယူအက်စ်အေနဲ့ ဝေးလ်စ်တို့နဲ့ ကန်ရမှာ ဖြစ်တဲ့ အတွက် အီရန်နဲ့ ပွဲလောက် ခြေအသာ၊ ဂိုးပြတ်နဲ့ ကန်နိုင်ဖို့ ခက်မယ်လို့ ဘောလုံးကျွမ်းကျင်သူ တချို့ သုံးသပ်ကြပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။