မန္တလေးမှာ Generation Z Power အဖွဲ့ဝင် ၄ ဦး အthayဖမ်းဆီးခံရ

Local News

-မန္တလေးမှာ Generation Z Power အဖွဲ့ဝင် ၄ ဦး အthayဖမ်းဆီးခံရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန္တလေးမှာ Generation Z Power အဖွဲ့ဝင် ၄ ဦး အthayဖမ်းဆီးခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၂ နိုဝင်ဘာ ၂၀၂၂

မန္တလေးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးမြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Generation Z Power က အဖွဲ့ဝင် အမျိုးသား ၄ ဦးကို အthayပစ်ခတ်ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က နိုဝင်ဘာလ ၂၁ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

thayဆုံးခဲ့သူတွေဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ ရက်ကစလို့ မန္တလေးမြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေ ပစ်ခတ်ခံရပြီး thayဆုံးတာ၊ ဖောက်ခွဲမှုတွေမှာ ပါဝင်သူတွေလို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

GZP အဖွဲ့ ထုတ်ပြန်ချက်တစ်ခု

GZP အဖွဲ့ ထုတ်ပြန်ချက်တစ်ခု

အဲဒီအမျိုးသားတွေကို ပုသိမ်ကြီးမြို့နယ်၊ မြို့မ ရပ်ကွက်၊ ၁၉ လမ်းမှာရှိတဲ့ အဆုတ်ဆေးရုံအနီးမှာ ဖမ်ဆီးဖို့ ပြုလုပ်ချိန် အပြန်အလှန် ပစ်ခတ်မှုအတွင်း thayဆုံးခဲ့တာလို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

မနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့လယ်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားချိန် Generation Z Power အဖွဲ့ဝင် ၃ ဦးthayဆုံးပြီး ၁ ဦးကို ဖမ်းမိခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ၄ ဦးစလုံးကို အthayဖမ်းမိတယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တယ်ဆိုပြီး မန္တလေး အခြေစိုက်သတင်းဌာနတွေက သတင်းဖော်ပြပါတယ်။

မန္တလေးမှာ သပိတ်အဖွဲ့တွေအပါအဝင် စစ်အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုတွေကို စစ်ကောင်စီဘက်က နှိမ်နင်းမှုတွေကြောင့် မြို့ပြပြောက်ကျားအဖွဲ့တွေက မြို့ကို
စွန့်ခွါတော့မယ်လို့ သတင်းထုတ်ပြန်ခဲ့ကြအပြီး လပိုင်းအကြာမှာ မန္တလးမှာ Generation Z Power အဖွဲ့ ပြန်လည် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားတွေကို မိုင်းခွဲတိုက်ခိုက်တာ၊ နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်တဲ့ မီတာရုံးလိုနေရာတွေကို ဗုံးပစ်တိုက်ခိုက်တာတွေဟာ သူတို့လုပ်ဆောင်တာဆိုပြီး အဲဒီအဖွဲ့က အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။