ကန့်ဘလူ၊ ကျောက်တိုင်ရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ရွာလုံးကျွတ် တိမ်း ရှောင်နေရ၊ မြိုင်မြို့နယ် ဗဟင်းရွာလည်း စစ်တပ်မီးရှို့မှုကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်

Local News

ကန့်ဘလူ၊ ကျောက်တိုင်ရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ရွာလုံးကျွတ် တိမ်း ရှောင်နေရ၊ မြိုင်မြို့နယ် ဗဟင်းရွာလည်း စစ်တပ်မီးရှို့မှုကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကန့်ဘလူ၊ ကျောက်တိုင်ရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ရွာလုံးကျွတ် တိမ်း ရှောင်နေရ၊ မြိုင်မြို့နယ် ဗဟင်းရွာလည်း စစ်တပ်မီးရှို့မှုကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျောက်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ကျောက်တိုင်ရွာကို lat nat ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းပြီးနောက် နံနက် ၉ နာရီခန့်က စတင်ကာ မီးရှို့နေသောကြောင့် ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။
” အင်အား ၁၀၀ လောက်ရှိတဲ့ အကြမ်းဖက် စစ်တပ်က ဒီနေ့ နံနက်ပိုင်းက စတင်ပြီး lat nat ကြီး၊ lat nat ငယ်တွေနဲ့ ကျောက်တိုင်ရွာကို အကြောင်းမဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်း နေတာ ကျေးရွာတွင်း အခြေအနေကိုတော့ အတိ အကျ မပြောနိုင်သေးဘူး။ ပြည်သူတွေ ဖမ်းဆီးခံရသူနဲ့ ထိခိုက်သူ ရှိ၊ မရှိ ကိုလည်း အတည်မပြုနိုင်သေးဘူး” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် ကာဘိုးရွာမှ ထွက်လာပြီး ကျောက်တိုင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ပြီး အနီး အနားရှိ ကျေးရွာများမှ ပြည်သူများလည်း အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ဓာတ်ပုံ- ယမန်နေ့ စစ်တပ်က မီးတင်ရှို့နေသော မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာ။

အလားတူ မကွေးတိုင်း၊မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ နံနက်ပိုင်း၊ ညနေပိုင်းတို့တွင် တောက်လျှောက်ဆိုသလို မီးတင်ရှို့ နေကြောင်း၊ ပေါက်မြို့နယ်၊ ကျွန်းတိုင်ကျေးရွာတိုက်ပွဲတွင် အထိနာ၍ ဗဟင်း ကျေးရွာကို မီးတင်ရှို့ခြင်းဖြစ်သည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။
“တစ်နေ့ကတိုက်ပွဲမှာ ခွေးတွေအထိနာလို့ မနေ့ မနက်တစ်ကြိမ် ၊ ညနေ ၃ နာရီကနေ တောက်လျှောက် ဗဟင်း ကျေးရွာ ကို မီးရှို့တယ်။ ပေါက်မြို့နယ် ကျွန်းတိုင်းရွာ တိုက်ပွဲမှာ ခွေးတွေ ထင်ထားတာထက် ကျဆုံးတာများလို့ မကျေမနပ်ဖြစ်ပြီး မီးရှို့နေတာ။ မနေ့က မြိုင်မြို့နယ် ဗဟင်းရဲစခန်းကို ခွေးတွေက ဖျက်ဆီးမီးရှို့ခဲ့တယ်။ ရွာထဲမှာလည်း လိုက်လံမီးရှို့နေလို့ ပြည်သူ နေအိမ်တွေ မီးလောင်ခဲ့ပါတယ်” ဟု မြိုင်မြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။