ခင်ဦးမှာ ငါးရက်အတွင်း အိမ်ခြေ ၅၀၀ ကျော် မီးရှို့ခံရ

Local News

ခင်ဦးမှာ ငါးရက်အတွင်း အိမ်ခြေ ၅၀၀ ကျော် မီးရှို့ခံရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခင်ဦးမှာ ငါးရက်အတွင်း အိမ်ခြေ ၅၀၀ ကျော် မီးရှို့ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ၁၈ ရက်နေ့ကတည်းက ၀င်ရောက်မီးရှို့နေတဲ့အတွက် ၅ ရက်တာ ကာလအတွင်း အိမ်ခြေ ၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ခင်ဦးမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။


ဒီကနေ့ နို၀င်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီ ၀န်းကျင်လောက်မှာလည်း ကန့်ဘလူမြို့နယ်နဲ့ ခင်ဦး အစပ်ကရွာ‌ဖြစ်တဲ့ ကျောက်တိုင်ရွာကို မီးရှို့နေပြီး စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ဒီလို အပြန်အလှန်ပစ်ခတ်မှုကြောင့် ခင်ဦး ဒေသကာကွယ်ရေးတပ်တွေဘက်က ၂ ဦးထိခိုက်ဒဏ်ရာရသူရှိတယ်လို့လည်း ကာကွယ်ရေးအဖွဲ့၀င်တွေက ပြောပါတယ်။
အခုလို ငါးရက်ဆက်တိုက် ရွာတွေကို မီးရှို့နေတာနဲ့ ပတ်သက်ပြီး ခင်ဦး အနောက်ဘက်ခြမ်း‌တာ၀န်ခံ ပြောပြတာက ” စစ်ကိုင်းထဲမှာ ခင်ဦးက အချက်အချာကျလို့ အဓိကထား ချေမှုန်းမယ်လို့ လွန်ခဲ့တဲ့ တစ်လတည်းက သူတို့ ကြွေးကြော်သံကြားထားပြီးသား။ အခုက နည်းဗျူဟာက သူတို့က စမပစ်ဘူး။ ရွာအပြင်ဘက်က စစ်ကြောင်းစထိုးတယ်။ ညနေဆို ရွာထဲ၀င်တယ်။ မနက်ဆို မီးရှို့ထွက်တယ်။ ဒီနေ့ ဆို ၅ ရက်မြောက်ရှိပြီ။ အိမ်ခြေလည်း ၅၀၀ ကျော်လောက် ပျက်စီးသွားခဲ့ပြီ” လို့ ဆိုပါတယ်။


မီးရှို့ခံရတဲ့ကျေးရွာတွေက ပေါင်းလဲကုန်းရွာက အိမ်ခြေ ၂၀၀၊ လိပ်ယာကုန်း ရွာက အိမ်ခြေ ၃၀ ၊ လက်ပံကြီး ရွာက အိမ်ခြေ ၅၀ နဲ့ ဆီဆုံလေး ၅ အိမ် မဒေါင်းကြီး ၊ ရွှေကာ ရွာနှစ်ရွာပေါင်းက အိမ်ခြေ ၂၀၀ ကျော် နဲ့ စောကြီးရွာ၊ သေနပ်စိန်ရွာတို့က အိမ်တွေ ပျက်စီးခဲ့တာလို့ ‌ခင်ဦးမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ လတ်တလောမီးရှို့တာတွေကြောင့် ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး အနွေးထည် ဆေးစတာတွေ လိုအပ်နေတယ်လို့ လည်း သိရပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။