ယတြာချေသည့်အနေဖြင့် ဘုရားရှင်ရဲ့ ၂၄ ပစ္စည်းစက်ဝိုင်းပုံပါဝင်သော ကော်ဇောပေါ် စစ်ဖိနပ်နဲ့တက်ရပ်ခဲ့တဲ့ အာဏာရူး မအလ

Local News

ယတြာချေသည့်အနေဖြင့် ဘုရားရှင်ရဲ့ ၂၄ ပစ္စည်းစက်ဝိုင်းပုံပါဝင်သော ကော်ဇောပေါ် စစ်ဖိနပ်နဲ့တက်ရပ်ခဲ့တဲ့ အာဏာရူး မအလ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ယတြာချေသည့်အနေဖြင့် ဘုရားရှင်ရဲ့ ၂၄ ပစ္စည်းစက်ဝိုင်းပုံပါဝင်သော ကော်ဇောပေါ် စစ်ဖိနပ်နဲ့တက်ရပ်ခဲ့တဲ့ အာဏာရူး မအလ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း မအလတယောက်ဆိုတာ မလုပ်ရဲတာဘာမှ မရှိဘူးလို့ မီဒီယာမှာ လူသိရှင်ကြား ကြွေးကြော်ထားတဲ့သူဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ မအလတစ်ယောက်ဟာ လူမှန်ရင် မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ကို မကြောက်မလန့်လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

နေပြည်တော်ရှိ ခန်းမတစ်ခုတွင် မအလမှာ ဗုဒ္ဓးဘုရားရှင်ရတဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းတော်ပုံ စက်ဝိုင်းကို ကော်ဇောတစ်ခုတွင် အလှထည့်သွင်းထားပြီး ၄မှာ ထိုကော်ဇောပေါ်သို့ စစ်ဝတ်စုံဖြင့် စစ်ဖိနပ်မချွတ်ဘဲ မတ်တပ်တက်ရပ်နေတာပဲ ဖြစ်ပါတယ်။

စင်စစ် ၂၄ ပစ္စည်းစက်ဝိုင်းမှာ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရသော ပဋ္ဌာန်းပါဠိတော်အကျဉ်းချုပ်ဖြစ်ပါသည်။ တချို့နေအိမ်များတွင် ဘုရားကျောင်းဆောင်အား အပြင်ဘက်နံရံထုတ်၍ နံရံတွင် ၂၄ ပစ္စည်းအဝိုင်းထည့်ကာ ဆောက်လုပ်သည်အထိ အထွတ်အမြတ်ထားကြသည်။

ပဋ္ဌာန်း သည် အဘိဓမ္မာတရားတော် ၇ ကျမ်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း ၆ ရက်နေ့မှ ၁၃ ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်နေတော်မူသည်။

အဘိဓမ္မာ ရှေးဦး ၆ ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပဲ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးကာ နတ်၊ ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်လေသည်။ ပဋ္ဌာန်းဒေသနာတော်ကို နာကြားပြီးချိန်တွင် နတ်၊ ဗြဟ္မာ ကုဋေ ၈၀,၀၀၀ ကျွတ်တမ်းဝင်ပြီး၊ လူ့ပြည်မှ ရဟန်း ၅၀၀ ရဟန္တာ ဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ ကြီးမြတ်လှသော ပဋ္ဌာန်းစက်ဝိုင်းတော်ကို ယခုကဲ့သို့ စစ်ဖိနပ်ဖြင့်တက်နင်းခြင်းမှာ သာမန်မိုက်ရူးရဲပုံဖြင့်တော့မရ။ သာသနာတော်တရပ်လုံးအား သူ၏အမိန့်နာခံစေရန် ယတြာချေခြင်းဖြစ်မည်ဟု နက္ခတ်ဗေဒင်ပညာရှင် အသိုင်းအဝိုင်းမှဆိုသည်။

ထူးဆန်းသည်မှာ ဒေါ်အောင်ဆန်းစုကြည်အား သာသနာဖျက်သူဟု စွပ်စွဲသော အမျိုးသားရေးသမားများ၊ မျိုးချစ်များ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ စစ်ဘောမများသည် မအလ ယခုကဲ့သို့ ပြုမူခြင်းအပေါ် ဝေဖန်ခြင်းမရှိပေ။ ကြောက်၍မပြောရဲတာပဲလား ဒေါ်အောင်ဆန်းစုကြည်ကိုသာ တိုက်ခိုက်ပြီး မအလတို့နှင့်အလိုတူအလိုပါမို့လား မပြောတတ်ပေ။

မည်သို့ပင်ဆိုစေကာမူ မအလနှင့် အမျိုးသားရေးသမားများ၏ အမျိုးဘာသာ သာသနာစောင့်ရှောက်မည်ဟူသော စကားများမှာ မအလနှင့် ဇော်မဲလုံး ပြောနေကြအတိုင်း ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းခြင်းသာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ရေးသားသူ – အောင်ထွန်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။