ရေးဘီလူးအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရေးမြို့မ ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးကို thayဆုံး၊ M 16 thayနတ် ၁ လက် ရရှိ

Local News

ရေးဘီလူးအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရေးမြို့မ ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးကို thayဆုံး၊ M 16 thayနတ် ၁ လက် ရရှိ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရေးဘီလူးအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရေးမြို့မ ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးကို thayဆုံး၊ M 16 thayနတ် ၁ လက် ရရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရေးဘီလူးအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရေးမြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲ ၃ ဦးကို thayဆုံးပြီး M 16 thayနတ် ၁ လက် ရရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ အချိန် ရေးမြို့မ ရဲစခန်းမှ စခန်းမှူး နှင့်အဖွဲ့လိုက်ပါသော ကားကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ – ၁၉) အနီး ရေး ဘီလူး အဖွဲ့ က ပစ် ခတ် တိုက်ခိုက်ရာတွင် ကားပေါ်တွင် လိုက်ပါသော စခန်းမှူး အပါအဝင် ရဲ ၃ ဦး thayဆုံးကြောင်း၊  M16 thayနတ်တစ်လက်ရရှိကြောင်း သိရှိ ရသည်။

“ရေးမြို့နယ် ၁၉တပ်မနဲ့ မီတာ၂၀လောက်မှာ စခန်းမှူးကားကိုဝင်ပစ်ပါတယ်။ စခန်းမှူးအပါအဝင် ၃ကောင်ကျတယ်။ M16 thayနတ်တစ်လက်ရပါတယ်” ဟု ရေဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ရေးမြို့နယ်ဒေသခံတစ်ဦးကမူ ရေးမြို့မစခန်းတွင် ရဲများနှင့်စစ်သားတချို့ ၀ရုန်း သုန်း ကားဖြစ်နေပြီး လမ်းများပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်မည့် အခြေ အနေ ရှိကြောင်း၊ လူငယ်များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့် ဝေးဝေးနေသင့်ကြောင်း ပြောဆိုသည်။
“ပစ်ခတ်မှုဖြစ်တာတော့ သတင်းကြားတယ်။ အခု ရဲစခန်းဘက်မှာ ခွေးတွေ လှုပ်လှုပ်ရွရွဖြစ်နေတယ်။ လူငယ်တွေ အသွားအလာ သတိထားကြပါ။ ခွေး တွေက ယုတ်မာလွန်းလို့” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။