နတ်တော်လ မွေးဖွားသူများ

Astrology

နတ်တော်လ မွေးဖွားသူများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နတ်တော်လ မွေးဖွားသူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နတ်တော်လ မွေးဖွားသူများ

နတ်တော်လအတွင်း မွေးဖွားသူများ သည်အတွေးအခေါ်ကောင်းသူများစိတ်ဓါတ်ပြင်းထန်သူများဖြစ်ပြီး လျင်မြန်သွက်လက်၍ထက်မြက်ကြမယ်။ဘယ်အလုပ်ကိုမဆို ရဲရင့်စွာ ပြုလုပ်တတ်ကြတယ်။ဟန်ဆောင်မှုကင်းပြီးတည်ကြည်မယ်။ကိုယ့်ကိုယ်ကိုနှိမ့်ချတတ်တယ်၊တရားတော်ကိုအလွန်ယုံကြည်လေးစားတတ်တယ်။ သမားရိုးကျဆန်ဆန်အရိုးခံပြုမူနေထိုင်တတ်တယ်။ရှေ့ရေးကိုကြိုတင်မြော်မြင်နိုင်စွမ်းရှိမယ်။စိတ်ဓါတ်အလွန်ခိုင်မာထက်သန်မယ်။တစ်ခါတစ်ရံအငြိမ်မနေနိုင်လာက်အောင်စိုးရိမ်မှုကြီးနေတတ်တယ်။မေတ္တာဂရုဏာတရားနှင့်ပြည့်စုံသလောက်စိတ်ကြီးပြီးဒေါသကြီးတတ်ပြန်၏။စိတ်ရင်းစေတနာကောင်းစွာတစ်ဖက်သားတို့အားအမြဲကူညီနေတတ်တယ်။သို့သော်နှုတ်ကြမ်းတမ်းသောကြောင့် အချို့သူများနှင့် ရန်သူသဖွယ်
ဖြစ်သွားရတတ်တယ်။မည်သူ့ကိုမဆို စိတ်ရိုးသဘောရိုးနှင့် ခင်မင်စွာ
ဆက်ဆံလိုမယ်။ မည်သူ့ကိုမဆို ကိုယ့်စိတ်နှင့်နှိုင်းပြီးစိတ်ရောကိုယ်ပါပေါင်းတတ်တယ်။ကြီးပွားချမ်းသာလိုစိတ်ကြီးမားပြီးရည်မှန်းချက်မြင့်မားတယ်။အရာရာကိုအလေးအနက်ထားပြီးလုပ်ကိုင်တတ်တယ်။အရေးကြုံလာက သတ္တိအလွန်ကောင်းပြီး ဗြောင်လုပ်၊ဗြောင်ပြောတတ်၏။ ကိုယ့်ဘက်ကမှန်သည်ထင်ကမည်သည့်ကိစ္စမဆိုလုပ်ရဲကိုင်ရဲသော အကျင့်ရှိတတ်တယ်။ဟန်ဆောင်မှုကိုအလွန်မုန်းတတ်တယ်။တစ်ခါတစ်ရံတဇွတ်ထိုးလုပ်တတ်တယ်။စီးပွားရှာရာတွင်လောဘကြီးပြီးငွေကိုအထူးချွေတာသုံးစွဲတတ်သလောက်စိတ်ထဲထင်ကလောင်းကစားဆန်ဆန်ပုံအော၍စွန့်စားပြီးလုပ်တတ်တယ်။
ကုန်သွားလျှင်လည်း မနှမြောတတ်။ လွပ်လပ်စွာနေထိုင်ရခြင်းလုပ်ကိုင်ရခြင်းကိုအလွန်မက်မော၏။ငွေကြေးဥစ္စာများစွာပိုင်ဆိုင်ရတတ်တယ်။ အမည်သတင်းကျော်စောတတ်၏။

အထူးသတိထားရန်မှာဤလဖွားတို့သည်စိတ်ဓါတ်ပြင်းထန်သလောက် စိတ်ဓါတ်ခက်ထန်ကြမ်းတမ်းသဖြင့်ဒေါသကြီးသောအခါ သူတစ်ပါးကို ထိခိုက်၊ နာကျင်အောင်လုပ်ဖို့၊ဒုက္ခရောက်အောင်လုပ်ဖို့ ၀န်မလေးတတ်ကြချေ။ ဒေါသကို
အထူးထိန်းဖို့လိုပါတယ်။ထက်မြက်သလောက်လိမ္မာပါးနပ်မှုရှိမယ်။
သူတစ်ပါးမတွေးသောရှုထောင့်မှ တွေးတတ်မြင်တတ်တယ်။အထူးမှာဒီလမွေးဖွားသူတို့သည် အနာဂါတ်ကိုကြိုတင်သိနိုင်စွမ်းသောပါရမီဓါတ်ခံရှိပြီးအိပ်မက်ထူးအတိတ်ထူးနိမိတ်ထူးတို့ဖြင့်အနာဂတ်ကိုကြိုတင်သိနိုင်စွမ်းရှိကြမယ်။သမာဓိထူထောင်ပေးပါက အထူးထက်မြက်တတ်ကြပါမယ်။ ကိုယ်ပိုင်အတွေးကိုယ်ပိုင်စိတ်ကူးအတိုင်း လုပ်သဖြင့် သူတစ်ပါးတို့ထက်နှာတစ်ဖျားသာသော ဘ၀ကို ရရှိသွားတတ်၏။ပင်ကိုယ်စိတ်ရင်းတွင်အလွန်ကြင်နာ သနားတတ်ပြီး သူတစ်ပါးတို့ကိုကူညီရန်ဒုက္ခရောက်သူတို့ကို ကယ်တင်ရန် လူ့လောကသို့ရောက်လာသူများဖြစ်တတ်ကြတယ်။ သူတစ်ပါးအခက်အခဲကို မြင်တွေ့ရ မကူညီဘဲမနေနိုင်ချေ၊ကိုယ့်တွင်ရှိသည်တို့ကိုလည်း မျှဝေပေးတတ်တယ်။ တစ်ခါတစ်ရံ ကိုယ်တိုင်စားရန်၊ သုံးရန်မရှိသည်ကိုပင် အငတ်ခံပြီး ပေးကမ်းကူညီကာပျော်ရွှင်နေတတ်တယ်။ သူတစ်ပါးတို့အတွက် ဒုက္ခခံပြီး ကူညီပေးဆပ်နေတတ်တယ်။လူ့ဘ၀ကို ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်လိုမယ်၊အမှန်တရားကို အထူးမြတ်နိုးစွာ တန်ဖိုးထားတယ်။ဆန့်ကျင်စရာရှိကလည်း ဆန့်ကျင်ရဲတယ်အငြင်းသန်မယ်။ ဟာသနှော၍ပျော်စေပျက်စေပြောဆိုတတ်ပြီး ဇ၀နဉာဏ်ကြီးမားတယ်။

ကတ်သီးကတ်သတ် ရှာရှာဖွေဖွေနှင့် ထိမိစွာချက်ကျစွာပြောတတ်ဆိုတတ်၏။စိတ်ဓါတ်အလွန်ပြင်းထန်မယ်။အရာရာကိုလွန်လွန်ကဲကဲလုပ်တတ် တယ်။တစ်ခုခုဆုံးဖြတ်ပြီးကနာရီမဆိုင်း၊မိနစ်မဆိုင်းလုပ်တတ်၏။လွန်ကဲမှု၊ လောကြီးမှု၊စိတ်မြန်မှုတို့ကြောင့် ဘ၀တွင် မကြာခဏ အမှားကိုရင်ဆိုင်တွေ့ရတတ်တယ်။အမှားကို ၀န်ခံရဲ၏။အမှားမြင်ကအမှန်ပြင်တတ်တယ်။ တဲ့တိုးပြောတတ်လွန်းပြီးဘယ်အရာကိုမှ စိတ်ထဲမြုံမထားဘဲ ပွင့်လင်းစွာ ဗြောင်ပြောတတ်လွန်း၍ လူမုန်းများမယ်။သူတစ်ပါးကြိုက်သည်၊
မကြိုက်သည်မသိ ရိုးဖြောင့်စွာပြောဆိုတတ်၏။ အမှန်အတိုင်း ပြောဆိုလုပ်ကိုင်တတ်ပြီးလိမ်ညာမှုကိုအလွန်မုန်း၏။ဘ၀တွင်မဟုတ်မခံ မာနစိတ်ကြီးမားမယ်။မာနကိုလုံး၀အထိမခံတတ်၊မွေးမြေကိုစွန့်ခွာ၍ရပ်ဝေးတွင်အောင်မြင်ကြီးပွားတတ်ကြမည်။
နတ္တော်လမွေးဖွားသူတို့သည် စီးပွားရေးတွင်အောင်မြင်သလောက် အချစ်ရေးအိမ်ထောင်ရေးမိသားစုကိစ္စတို့တွင်စိတ်ရှုပ်ရတတ်၏အချစ်ရေးတွင်စိတ်ဝေခွဲမရဖြစ်စရာတွေကြုံတတ်တယ်။ခုတွေ့ခုကြိုက်ခုယူသဘောမျိုးဖြင့် ဘေးလူဘယ်သူတားတား ဂရုမစိုက်ဘဲဇွတ်လုပ်တတ်ပြီးအချစ်ကိုယုံ၍ပုံအပ်တတ်တယ်။နောင်တစ်ချိန်အချိန်လွန်မှနောင်တရတတ်ကြပါတယ်။အချစ်ရေးအိမ်ထောင်ရေးတို့တွင် ခေါင်းအေးအေးထားပြီးမှဆုံးဖြတ်သင့်ပါတယ်။အလွန်နူးညံ့သောနှလုံးသားကို ပိုင်ဆိုင်ကြပြီး အချစ်ရေးတွင်သနားလွယ်ယုံကြည်လွယ်စိတ်ညွတ်လွယ်သူများဖြစ်ကြမည်။

Five Qualities of a Good Friend - OnePath Network

နတ်တော်လမွေးဖွားသူများသည်မိတ်ဆွေဖွဲ့ကောင်းသူများ ဖြစ်သည်။
မိတ်ဆွေတို့၏အကူအညီအထောက်အပံ့တို့ကိုရယူကာမိမိတို့၏လုပ်ငန်းများကိုအောင်မြင်အောင်လုပ်နိုင်စွမ်းရှိကြသည်။ဘယ်အလုပ်မဆိုစိတ်၀င်တစားလုပ်တတ်တယ်။ဘယ်လိုအခက်အခဲမဆိုနောက်မဆုတ်တမ်း လုပ်တတ်တယ်။လုပ်မိသောအလုပ်ကိုတဇွတ်ထိုးလုပ်တတ်တယ်။ငွေကို ပြင်းထန်စွာရှာတတ်ပြီးသူဋ္ဌေးဖြစ်ခွေးဖြစ်ကြံတတ်ကြတယ်။အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်ကိုင်နိုင်စွမ်းရှိကြတယ်။တာ၀န်ကိုရိုသေခြင်းအပေါ်ဂုဏ်ယူတတ်ကြမယ်။ရည်မှန်းချက် ကြီးမား၍မဖြစ်မနေကြိုးစားလုပ်တတ်တယ်။သို့သော် အလုပ်လုပ်ရာတွင် နှစ်မျိုးတွဲ၍လုပ်ရတတ်တယ်။တစ်ချီကောင်းပွပေါက်ကြံရင်းလောင်းကစားဘက်ရောက်သွားတတ်တယ်၊သတိပြုပါလေ၊စီးပွားရေးကိုလောင်းကစားဆန်ဆန်လုပ်ရင်းပွပေါက်ကြုံပြီး ကြီးပွားလိမ့်မည်။ကူးသန်းရောင်း၀ယ်မှုကျွမ်းကျင်မယ်။စိတ်ကူးရသလို ထလုပ်တတ်တယ်။အလုပ်လုပ်ရာတွင် မည်သူ့မျက်နှာကိုမျှမထောက်ဘဲ ပြောစရာရှိကပြောင်ပြောတတ်တဲ့ဥဉ်ရှိမည်။
နတ်တော်လမွေးဖွားသူတို့သည်စီးပွားရေးလုပ်ခြင်းထက်အတတ်ပညာရှင်အဖြစ်အသက်မွေး၀မ်းကြောင်းပြုကပိုပြီးအောင်မြင်တတ်ပါတယ်။စိတ်မြန်ကိုယ်မြန်လုပ်တတ်ခြင်းနှင့်လုပ်ငန်းကြီးများကိုကြံစည်လုပ်ကိုင်တတ်သဖြင့်သူတစ်ပါးတို့ဂုဏ်ယူငေးမောအားကျရလောက်အောင်ဖြစ်သွားတတ်၏။တာ၀န်ယူရဲသောစွမ်းရည်ရှိပြီး အချိန်အခါနှင့်အခြေအနေကိုကြည့်ပြီးကျင့်သုံးလုပ်ကိုင်တတ်တယ်။

Money | Definition, Economics, History, Types, & Facts | Britannica
ငွေကံကြေးကံအလွန်ကောင်းကြပါမယ်။ အမဲသားရှောင်ကြဉ် ပေးကအထူးစီးပွား ဖြစ်ထွန်းတတ်ပါတယ်။
ပွဲစားလုပ်ငန်း၊သတ္တုပစ္စည်းများတူးဖော်ခြင်း၊ ရောင်း၀ယ်ခြင်းစက်ပစ္စည်း၊ ယာဉ်ရထားကားတို့တည်ထောင်ခြင်း၊ ရှေ့နေအလုပ်၊အုပ်ချုပ်ရေးအလုပ်၊ စက်ပြင်အလုပ်၊အင်ဂျင်နီယာ၊ ဆရာ၀န်အလုပ်တို့အထူးကောင်းကျိုးပေးပါမည်။
နတ္တော်လမွေးဖွားသူများသည် သွေးတိုးရောဂါနှလုံးရောဂါအဆစ်အမြစ်တို့ကိုက်ခဲသောရောဂါများဖြစ်တတ်ပါတယ်။
ဘ၀တွင်မထင်မှတ်သောအပြောင်းအလဲများစွာကြုံတတ်တယ်အတက်အကျများစွာလဲ ကြုံတတ်တယ်။ တစ်နေ့ရွှေတစ်နေ့ငွေသမားများ ဖြစ်ကြမယ်အထူးသဖြင့်မွေးရပ်မြေမှ ခွာ၍ပြည်ပအထိရောက်ရှိအောင်မြင်ပြီး နာမည်ကြီးတတ်တယ်။
ကိုယ်ချင်းစာတရားနှင့်သူတစ်ပါးတို့ကိုကူညီတတ်ပြီးသူတစ်ပါးကိစ္စတို့ကို တာ၀န်ယူဖြေရှင်းပေးနိုင်စွမ်းရှိမယ်။ လွတ်လပ်မှုကိုမြတ်နိုးသလောက် စိတ်မြန်ကိုယ်မြန်လုပ်တတ်သဖြင့် မထင်မှတ်သောအပြောင်းအလဲများစွာကြုံတတ်တယ်။စွန့်စွန့်စားစားလုပ်ကိုင်ကြိုးစားတတ်ပါသည်။

နတ်တော်လမွေးဖွားသူတို့သည်ထက်မြက်သူများဖြစ်သလိုတစ်ချို့ကိစ္စများတွင်တွေဝေနေတတ်တယ်။သနားကြင်နာတတ်သူ၊ ကူညီတတ်သူဖြစ်သလို
တစ်ခါတစ်ရံ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်တတ်သဖြင့်ဘ၀တွင်လည်းအသွင်သဏ္ဍာန်နှစ်မျိုးစရိုက်နှစ်မျိုးဖြစ်နေတတ်သည်။
နတ်တော်လမွေးဖွားသူတို့သည် ငွေကို ပြင်းထန်စွာရှာပြီး နာမည်ကြီးရန်၊ ဇိမ်ခံရန်ဂုဏ်လုပ်ရန်မရည်ရွယ်ဘဲ အများကိုကူညီရန်လှူဒါန်းရန်အတွက်သာ ရည်ရွယ်တတ်တယ် မဟုတ်မခံ မာနစိတ်ကြီးသလောက် လူအများကို သနားကြင်နာစွာ ကူညီတတ်ကြတယ်အလွန်အဓိပ္ပါယ်ရှိသော ဘ၀ပိုင်ရှင်များ ဖြစ်ပါမည်။

ရေးသားသူ – ဆရာဂျာမိုးဦး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။