ကရင်နီတော်လှန်ရေးအဖွဲ့ များအတွက် “Buddy ချီတက်၊ စစ်တပ်ပျက်” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ကြရန် နှိုးဆော်

Local News

ကရင်နီတော်လှန်ရေးအဖွဲ့ များအတွက် “Buddy ချီတက်၊ စစ်တပ်ပျက်” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ကြရန် နှိုးဆော်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကရင်နီတော်လှန်ရေးအဖွဲ့ များအတွက် “Buddy ချီတက်၊ စစ်တပ်ပျက်” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ကြရန် နှိုးဆော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၃

 

Buddy ကမ်ပိန်းကို နိုဝင်ဘာ ၂၅ ရက်နေ့ မှ ဒီဇင်ဘာ ၁၆ ရက်နေ့ အထိ ကျင်း ပ မှာဖြစ်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေများကို ကရင်နီက ဦးဆောင်အဖွဲ့ (UM2) သို့ ၇၀ ရာခိုင်နှုန်း နဲ့ MOD-အမျိုးသားညီညွန်ရေးအစိုးရ၊ ကာကွယ် ရေး ဝန် ကြီးဌာနသို့ ၃၀ ရာခိုင်နှုန်း ပို့ဆောင်သွားမှာပဲဖြစ်ပါတယ်။
တော်လှန်ပြည်သူတိုင်း ပါဝင်နိုင်အောင် ကံစမ်းမဲစနစ်နဲ့ ရောင်းချပေးမှာဖြစ်လို့ ကံစမ်းမဲတစ်စောင်ဝယ်တိုင်း Ticket တစ်စောင်ရရှိမှာဖြစ်ပြီး ဝယ်ယူထား တဲ့ အစောင် ရေတိုင်းအတွက် ကံစမ်းခွင့်ရရှိမှာပဲဖြစ်ပါတယ်။


Buddy ရဲ့ လည်ပတ်မှာပါတဲ့ အပွင့်ခက်တွေဟာ “စစ်တပ်ရဲ့ ဒုဗိုလ်မှူးကြီး အဆင့်” ရာထူးပိုင်ရှင် (တိုက်ပွဲမှာဆို တပ် ရင်း မှူးအဆင့်) ရဲ့အပွင့်ပါပါတယ်။
ဒါကြောင့် ပြည်သူကို မတရားအနိုင်ကျင့် အာဏာလုနေတဲ့ စစ်အာဏာရှင်ရဲ့ ဒု ဗိုလ်မှူးကြီး အဆင့်ကို ပြည်သူ့ကိုယ်စား သုတ်သင်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် ဒီလည်ပတ်လက်ရှိပိုင်ရှင် ဘက်ဒီကို “ဒုဗိုလ်မှူးကြီး ဘက်ဒီ” လို့လည်း ခေါ် ကြ ပါတယ်။
ကံစမ်းမဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Live လွှင့်ရင်း အနုပညာရှင်၊ ဆယ်လီ များမှ တဆင့် မဲနှိူက်ပေးမှာဖြစ်ပြီး ကံထူးတဲ့သူဟာ ပြည်တွင်းကမဟုတ်ဘဲ ပြည်ပမှဖြစ်ခဲ့လျှင် သက်ဆိုင်ရာနိုင်ငံသို့ အရောက်ပို့ဆောင်ပေးသွားပါမယ်။

ပြည်တွင်းက ဖြစ်ခဲ့လျှင် တော်လှန်ရေးပြီးဆုံးချိန်ထိ ထိန်းသိမ်းပေးထား ဖို့လို အပ် လျှင် ကော်မတီတာဝန်ရှိသူများမှ ထိန်းသိမ်းပေးထားပါမယ်။
ကံစမ်းမဲလက်မှတ်များကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတင်ရောင်း ချသွား မှာ ဖြစ်လို့ တော်လှန်ပြည်သူများအနေနဲ့ ပါဝင်အားဖြည့်ကူညီပေးကြပါဦးလို့ တိုက် တွန်းနှိူးဆော်အပ်ပါတယ်။နွေဦးတော်လှန်ရေးအမှတ်တရအဖြစ် ပြသ လှူ ဒါန်းချင်ပါကလည်း ကံထူးသူ အလှူရှင်နာမည်ဖြင့် ပြသနိုင်ဖို့ စီစဉ် ဆောင် ရွက် ပေးသွားမှာပဲ ဖြစ်ပါတယ်။
ကံစမ်းမဲလက်မှတ်များကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်လို့ တော်လှန်ပြည်သူများအနေနဲ့ ပါဝင်အားဖြည့်ကူညီပေးကြပါဦးလို့ တိုက် တွန်းနှိူးဆော်အပ်ပါတယ်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။