သစ်ပင် ဖက်တဲ့ ယတြာ

Astrology

သစ်ပင် ဖက်တဲ့ ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့သစ်ပင် ဖက်တဲ့ ယတြာဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သစ်ပင် ဖက်တဲ့ ယတြာ

Is Forest Bathing About Hugging Trees? — An Darach Forest Therapy

ကိုယ်တိုင်သုံးဖူး တဲ့ နည်းလေး ပါ။ အစွမ်းထက် ၊လွယ်ကူ ၊ ငွေမကုန် ၊ ဘာသာရေး နဲ့ လည်း မသက်ဆိုင်တဲ့ နည်းကောင်းလေး တခုကို မျှဝေ ပေးပါရစေ။
မြန်မာလို ယတြာ လို့ အလွယ် ရေးနိုင် ပေမယ့် ဒီနည်းကတော့ တောင်အမေရိကတိုက်သားများရဲ့ ရိုးရာ နည်းလေးတခုပါ။

Tree hugging New Forest - Cottage Lodge

ဘာအတွက် လုပ် တာလဲ ၊ ဘယ် လို လုပ်ရမလဲ ?
စိတ်ကျဉ်းကျပ် လွန်းတဲ့ အခါ ၊ စိတ်ထွက်ပေါက် ရှာမရတာ၊ စိတ်ဓာတ်ကျတဲ့ အခါ တွေ မှာ သစ်ပင် ကြီးတပင် ကို သွားဖက်ထားလိုက်ပါ ။
အဲ လို လုပ်တဲ့ အခါ မှာ အဲဒီ သစ်ပင် က စွမ်းအင်တွေ ကိုယ့်ဆီ ရောက်ပြီး စိတ်သက်သာရာ ရ တယ် ၊ဖြေရှင်း နိုင်မယ့် နည်းလမ်းတွေ ရလာပါတယ်။
ဘာတွေ လုပ်ဖို့ လိုသလဲ ?
သစ်ပင်တပင် ရှာပြီး ဖက်ထား လိုက်ယုံပါဘဲ။
ဘာ ဂါထာ မှ ရွတ်စရာ မလို ရုက္ခစိုး ထံ အကူအညီတောင်းတာလည်း မပါပါ။
စိတ်ထဲက သစ်ပင် မှာ ရှိတဲ့ Energy စွမ်းအင်တွေ ငါ့ဆီ ရောက်လာပီ လို့ ယုံကြည် လိုက်ယုံပါဘဲ။

ဘယ် အချိန် လုပ်ရမလဲ?
ဘယ်နေ့ ဘယ်ရက် ဘယ် အချိန်မဆို လုပ်နိုင်ပါတယ်။ သို့သော် အကောင်းဆုံး က နံက် နေထွက်ချိန် နဲ့ ညနေ နေဝင်ချိန် နဲ့ ညဖက်တွေ တော့ သစ်ပင် လည်း အိပ်စက်အနား ယူတဲ့ အချိန် မို့ မလုပ်သင့်ပါ။


ဘယ် သစ်ပင်မဆို လုပ် လို့ ရသလို အပင် အရွယ် အစား ကလည်း ခု ပုံ ထဲ ကလောက် ဆို ရပါပြီ ။ အပင်ကြီးလေ ပိုကောင်းလေ ဖြစ်သလို အပင် သိပ်သေးရင် တော့ မလုပ်သင့်ပါ။
လူအများ စု ကတော့ တကြိမ်ဘဲ လုပ်ကြပါတယ် Depression စိတ်ဓာတ်ကျနေ သူများ အတွက်တော့ တော့ အကြိမ်ကြိမ် လုပ်မယ် ဆိုရင် လည်း ရပါတယ်။ တကယ်လို့ မကြာခန လုပ်မယ် ဆိုရင်တော့ တပါတ်မှာတကြိမ် လုပ်နိုင်တယ်။ နောက်တကြိမ်မှာ မတူတဲ့ သစ်ပင် ကိုသာ လုပ်သင့်ပါတယ်။
လူသားအားလုံး ကျန်းမာ ပျော်ရွှင် နိုင်ကြပါစေ။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။