နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီနှင့်အပစ်ရပ်ခြင်းဖြစ်ကြောင်း AA ပြော

Local News

နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီနှင့်အပစ်ရပ်ခြင်းဖြစ်ကြောင်း AA ပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီနှင့်အပစ်ရပ်ခြင်းဖြစ်ကြောင်း AA ပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၈

တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် ရခိုင်ပြည်သူများ လူသားချင်းစာနာထောက်ထားအကူအညီများ ရရှိရန်အတွက် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုအရ အပစ်အခတ်ရပ် စဲလိုက်ကြောင်း ရက္ခိုင်တပ်တော် AA မှ ပြောခွင့်ရပုဂ္ဂိုလ်ခိုင်သုခက ပြောသည်။
ရခိုင်ပြည်သူများ၏ လက်ရှိ အကျပ်အတည်းကို သက်သာစေရန် ပြည်သူကိုရှေးရှုပြီး ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ ၏ ညှိနှိုင်းပေးမှုဖြင့် နိုဝင်ဘာ ၂၆ ရက်မှစ၍ အပစ်အခတ် ရပ်စဲခြင်းဖြစ်ကြောင်း နှစ်ဖက်တပ်များ ရောက်သည့် နေရာတွင် ရပ်ထားရမည်ဖြစ်ပြီး ရက္ခိုင့်တပ်တော်အေအေ အနေဖြင့် ပြန်ဆုတ်ရန် မရှိကြောင်း ခိုင်သုခက ပြောဆိုသည်။
အလွတ်သဘော အပစ်အခတ်ရပ်စဲရေးသည် ကာလသတ်မှတ်ချက်မရှိဘဲ စစ်တပ်က ကတိကဝတ်များ မည်မျှလိုက်မှု ရှိသညနှင့် နှစ်ဖက်ညှိနှိုင်းမှု အတိုင်းအတာပေါ်တွင်လည်း မူတည်နေကြောင်း ခိုင်သုခကပြောသည်။

Myanmar: In Rakhine, placing people at the centre | International Committee  of the Red Cross
ရခိုင်ပြည်နယ်တွင် ယခုနှစ်ရာသီဥတုနှင့်စက်သုံးဆီပြတ်တောက်မှုများကြောင့် လယ်စိုက်ဧက ၃၀ ရာခိုင်နှုန်း လျှော့နည်းခဲ့ရပြီး အပြည့်အဝမစိုက်ပျိုးနိုင်သည့်အပြင် စစ်ကောင်စီ၏ lat nat ကြီးငယ် ပစ်ခတ်မှုကြောင့် ပြည်သူများသည် စပါးစိုက်ပျိုးမှုကို မပြုလုပ်နိုင်ဘဲ ကြီးမားသည့် အခက်အခဲများ ဆိုးဆိုးဝါးဝါးခံစားနေရကြောင်း ခိုင်သုခကပြောသည်။
ယင်းအချိန်တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် နှင့်ပလက်ဝတွင် ပြည်သူလူထု၏ အခြေခံလိုအပ် ချက်ဖြစ်သည့် စားသောက်ကုန်၊ဆေးဝါးအပါအဝင် လူ့အသုံးအဆောင်ပစ္စည်းများကို သယ်ယူပို့ဆောင် ၍ မရအောင် ကုန်းကြောင်း ရေကြောင်း ပိတ်ဆို့ထားသည့်အတွက် ပြည်သူများ စားနပ်ရိက္ခာပြတ်တောက်ပြီး ဆေးရုံများတွင်လည်း ဆေးဝါးများပြတ်တောက်နေကြောင်း ခိုင်သုခကပြောသည်။
ပြည်သူများအနေဖြင့် ဆေးဝါးရိက္ခာနှင့် စပါးရိတ်သိမ်းရန်အတွက် အရေးပေါ်လိုအပ်နေခြင်းကြောင့် ရက္ခိုင်တပ်တော် အေအေအနေဖြင့် ပြည်သူလူထု အကျိုးစီးပွားကို မဏ္ဍိုင်ပြု၍ စစ်ကောင်စီနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်အခတ်ရပ်ဆဲမှုတစ်ခုကို အလွတ်သဘောလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ခိုင်သုခကပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ပြည်သူများကိုဖမ်းဆီးthetဖြတ်ခြင်း၊ ကျေးရွာများကို lat nat ကြီးများဖြင့် ပစ်ခတ်ခြင်းအပါအဝင် စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားကြောင်း AA အနေဖြင့် ပြည်သူလူထု ဒုက္ခရောက်မည်ကို ယခုလည်းမလုပ် နောင်လည်းမလုပ်မည်မဟုတ်ကြောင်း ပြတ်ပြတ်သားသားပြောထားပြီး ဖြစ်ကြောင်း ပြောထားသည့်အတိုင်းလုပ်ဆောင်မည်ဖြစ်ပြီး မြေပြင်မှာလည်း လက်တွေ့ကျကျ ကျင့်သုံးသည်ကိုလည်း ပြည်သူများ အသိပင်ဖြစ်ကြောင်း ခိုင်သုခကပြောသည်။


ULA/ AA ဆိုသည်မှာ ပြည်သူများအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး ပြည်သူများအတွက် မည်သည့်နည်းလမ်းဖြင့်မဆို အတတ်နိုင်ဆုံး အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ကြောင်း ခိုင်သုခကပြောသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။