ဗိုလ်တစ်ထောင်ဘုရားရှေ့ လူကူးခုံးကျော်တံတားအနီး ပစ်ခတ်မှု ဖမ်းဆီးခံရသူ အချို့ရှိနေ

Local News

ဗိုလ်တစ်ထောင်ဘုရားရှေ့ လူကူးခုံးကျော်တံတားအနီး ပစ်ခတ်မှု ဖမ်းဆီးခံရသူ အချို့ရှိနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဗိုလ်တစ်ထောင်ဘုရားရှေ့ လူကူးခုံးကျော်တံတားအနီး ပစ်ခတ်မှု ဖမ်းဆီးခံရသူ အချို့ရှိနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၃၀ နိုဝင်ဘာ ၂၀၂၂,

ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်ထဲက ဗိုလ်တစ်ထောင်ဘုရားအနီး လူကူးခုံးကျော်တံတားအနီးမှာ ဒီနေ့ နိုဝင်ဘာလ ၃၀ ရက် နေလယ်ပိုင်းမှာ ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ပြီး ဖမ်းဆီးခံရသူ အချို့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ လသာမြို့နယ်ထဲ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ဘုရားအရှေ့ လူကူးခုံးကျော်တံတားအနီးမှာ နေ့လယ် ၁၂ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူ အရေအတွက်ကိုတော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီခုံးကျော်တံတားအနီးမှာ မသင်္ကာသူ လူ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးဖို့ လုပ်ရာကနေ ပြန်ခုခံတာကြောင့် ပစ်ခတ်မှု ပြုလုပ်ချိန် ၁ ဦး ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ ၄ ဦးစလုံးကို ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကောင်စီသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာဖော်ပြနေပါတယ်။

ဖမ်းမိချိန်မှာ လက်လုပ်ဗုံး ၂ လုံးကိုလည်း သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။