တနေ့ကို ၁၅ မိနစ်ခန့် ကလစ်ပေးကြရန် ဒေါက်တာဖြိုးသီဟ မေတ္တာရပ်ခံ

Local News

တနေ့ကို ၁၅ မိနစ်ခန့် ကလစ်ပေးကြရန် ဒေါက်တာဖြိုးသီဟ မေတ္တာရပ်ခံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနေ့ကို ၁၅ မိနစ်ခန့် ကလစ်ပေးကြရန် ဒေါက်တာဖြိုးသီဟ မေတ္တာရပ်ခံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒေါက်တာဖြိုးသီဟဆိုတာကတော့ ဆရာဝန် စာရေးဆရာ ဟောပြောသူ တဦးဖြစ်ပြီး လူငယ်များစွာအတွက် လမ်းမှန်ရောက်စေရန် သင်ကြားပြသပေးနေသူလည်း ဖြစ်ပါသည်။ ယခုနိုင်ငံရေးအခြေအနေတွင် စကစမှ ၅၀၅ ထုတ်ခြင်းခံထားရသော ပြည်သူ့ဘက်တော်သား ဆရာဝန် တဦးဖြစ်ပါသည်။

မေတ္တာရပ်ခံတာပါ။ နာရီနဲ့ချီပြီး ပုံမှန် ကလစ် လုပ်နေတဲ့သူ မဟုတ်ဘူးဆို တစ်နေ့ကို ၁၅ မိနစ်လောက်လေးပဲ အချိန်ပေးပြီး ပါဝင်ပေးပါလားခင်ဗျာ။ နှစ်သက်ရာ၊ အဆင်ပြေရာကို ရွေး ကလစ် လို့ ရပါတယ်။ သိပ်နားမလည်တဲ့ လူကြီးမိဘတွေကိုလည်း ရှင်းပြ လုပ်ပြပေးစေချင်ပါတယ်။

ခုနက C2D က ပို့စ်တင်ထားတာ တွေ့လိုက်တယ်။ ပုံမှန်ပါဝင်နေသူ အရေအတွက် ၃ သောင်းခွဲ ရှိတယ်တဲ့။ အဲဒါတောင် တစ်လကို သိန်း ၇ ထောင်လောက် ရပါတယ်။ စဉ်းစားကြည့်ပါ။ ၃ သိန်းခွဲဆို ဘယ်လောက်ဖြစ်သွားမလဲ။

ပြီးတော့ ကိုယ့်အိတ်ထဲက စိုက်ထုတ်လိုက်ရတဲ့ ငွေတွေလည်း မဟုတ်ပါဘူး။ အပြင်ကနေ သပ်သပ်ဝင်လာတာတွေပါ။

မီးပျက်တာတွေ၊ တခြားသော အလုပ်တွေ ရှိနေတာ နားလည်ပေမဲ့ တစ်နေ့ ၁၅ မိနစ်လောက်တော့ ပေးနိုင်ကြမယ်၊ ပေးလည်း ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီတော်လှန်ရေး နိုင်သွားရင် အကျိုးခံစားရမဲ့အထဲ ကိုယ်လည်း ပါတယ်မို့လား။ Toilet ဝင်ရင်းဖြစ်ဖြစ်တော့ အဲ့လောက်အချိန်လေး ပေးကြစေချင်ပါတယ်။

တော်လှန်ရေး ဘယ်တော့ ပြီးမလဲ၊ NUG က ဘာအာမခံချက် ပေးမလဲ မေးကြတယ်။ ကျနော်တို့လည်း ဝေဖန်ရေးကို ယုံပါတယ်။ ခေါင်းဆောင်မှုဟာ အခရာကျမှန်းလည်း သိပါတယ်။ ဒါပေမဲ့ ခုအခြေအနေက မိုးထဲလေထဲ ရောက်နေတာပါ။ ဘတ်ဂျက်ကို ဘီလီယံနဲ့ချီ ရထားပြီး ပုံမှန်လည်ပတ်နေတဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီအစိုးရ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်တိုင်ရော ဘယ်လောက် ပါဝင်ပြီးပြီလဲ၊ ဘာတွေ အင်တိုက်အားတိုက် လုပ်နေသလဲ ဆိုတာကို အရင်မေးကြည့်စေချင်ပါတယ်။

ဒီတော်လှန်ရေးက ပြည်သူ့ထောက်ခံမှု၊ နိုင်ငံတကာ အသိအမှတ်ပြုမှု၊ အကုန်လုံးမှာ အပြတ်အသတ် ဖြစ်နေတာပါ။ ကွာနေတာဆိုလို့ ငွေကြေးအင်အားပဲ ရှိပါတယ်။ အဲဒီကွာခြားမှုသာ မြန်မြန်ကျဉ်းသွားရင် မြန်မြန်အောင်ပွဲရမှာပါ။

အသက်တွေပေးဖို့၊ လမ်းပေါ်ထွက်ဖို့၊ တောထဲသွားဖို့ ပြောနေတာ မဟုတ်ပါဘူးခင်ဗျာ။ ကိုယ့်အိမ်မှာ ဘေးမသီ ရန်မခ မိသားစု စုံစုံလင်လင်နဲ့ နေနေရင်းကို တစ်နေ့တာထဲက မိနစ်အနည်းငယ်၊ တစ်လစာထဲက ဝင်ငွေအနည်းငယ် တော်လှန်ရေးထဲ ထည့်ဝင်ပေးကြဖို့ပါပဲ။

ရေးသားသူ – ဒေါက်တာဖြိုးသီဟ ၅.၄.၂၀၂၂

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။