PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခုဖြင့် ထူထောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် စစ်တိုင်း ၃ ခု၊စစ်ဒေသ ၃ ခုဖြင့် စစ်ဒေသမှူးများ အဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်များက တာဝန်ယူ

Local News

PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခုဖြင့် ထူထောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် စစ်တိုင်း ၃ ခု၊စစ်ဒေသ ၃ ခုဖြင့် စစ်ဒေသမှူးများ အဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်များက တာဝန်ယူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခုဖြင့် ထူထောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် စစ်တိုင်း ၃ ခု၊စစ်ဒေသ ၃ ခုဖြင့် စစ်ဒေသမှူးများ အဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်များက တာဝန်ယူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၉

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခု၊ စစ်တိုင်း ၃ ခု၊ စစ်ဒေသ ၃ ခုဖြင့် ထူထောင်ပြီး စစ်ဒေသမှူးများအဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်များမှ စစ်ဘက် ခေါင်း ဆောင်များက တာဝန်ယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က တရားဝင် အသိပေးမိန့်ခွန်းပြောဆိုသည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် PDF စစ်ရုံးချုပ်ကို ​အောက်တိုဘာ ၁၀ ရက်နေ့တွင် စတင် ဖွဲ့စည်းထူ​ထောင်ခဲ့ပြီး ဖြစ်သော အသိ​ပေးညွှန်ကြားချက် တစ်စောင်ကို ဝန်ကြီးဌာနက ရဲ​ဘော်များထံ ဖြန့်​ဝေ​ပေးပို့ထားပြီးဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်မှာ ဌာနကြီး (၅) ခု ပါဝင်ပြီး၊ ၅​ ချောင်း​ထောက်ပုံစံဖြင့် ဖွဲ့စည်းထားကြောင်း၊ ဌာနကြီး ၅ ခုအနေဖြင့်-

(၁) စစ်ဆင်​ရေးဌာန
(၂) စစ်​ထောက်လှမ်း​ရေးဌာန
(၃) စစ်​ရေးဌာန
(၄) စစ်​ထောက်ဌာန
(၅) ပြည်သူ့လုံခြုံ​ရေးဌာန   တို့ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

ဌာနအလိုက် ဌာနခွဲများ ပူး​ပေါင်းပါဝင်ပြီး စစ်ဦးစီးရုံးက တိုက်ရိုက်တာဝန်​​ပေး​ဆောင်ရွက်သည့် အထူး ရုံးများလည်း ပါဝင်ကြောင်း၊ စစ်​ကောင်စီကို စွန့်ခွာပြီး ပြည်သူနှင် ပူး​ပေါင်းလာသည့် CDM အရာ ရှိနှင့် ရဲ​ဘော်များက ကျွမ်းကျင်မှုနှင့် အ​တွေ့အကြုံ​အပေါ်မူတည်ပြီး သက်ဆိုင်ရာဌာန၊ ဌာနခွဲ​တွေမှာ ပါဝင်တာဝန်ထမ်း​ဆောင်​နေကြပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ အသိပေး မိန့် ခွန်း တွင် ပြောဆိုထားသည်။

PDF တပ်မ​တော်တွင် စစ်ရုံးချုပ်၊ ​မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ ​တောင်ပိုင်းတိုင်း စစ်တိုင်း ၃ ခုဖြင့် ​မြေပြင်တပ်ရင်းတပ်ဖွဲ့များ ရှိလာပြီ ဖြစ်ကြောင်း၊ တပ်မ​တော်တစ်ရပ်၏ ဦး​ရေး​ထောက် လုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် စစ်ရုံးချုပ်၊ စစ်တိုင်းများနှင့် ​မြေပြင် တပ်ရင်းတပ်ဖွဲ့ များအကြား ပုံမှန်ဆက်သွယ်​ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။
ထို့ပြင် အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသား​​​တော်လှန်​ရေးအဖွဲ့များ ပူး​ပေါင်းဖွဲ့စည်းသည့် စစ်​ဒေသ ၃ ခု ရှိနေပြီး စစ်​ဒေသမှူးများအဖြစ် မဟာမိတ် EROs များ၏ စစ်ဖက်ထိပ်တန်း​ခေါင်း​ဆောင်များ တာဝန်ယူထားကြောင်း၊ စစ်ဆင်​ရေး​ဆောင်ရွက်သည့် အခါ စစ်​ဒေသမှူးများဦး​ဆောင်သည့် စစ်​ဒေသကွပ်ကဲ​ရေး တာဝန်ရှိသူအဆင့်ဆင့်၏ ဦး​ဆောင် ကွပ် ကဲမှုကို ခံယူကြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

PDF စစ်ရုံးချုပ် သည် Chain of Command တည်​ဆောက်မှုတွင် ပိုပြီး စနစ်တကျရှိလာပြီဖြစ်ပြီး စစ်​ရေးအ​တွေ့အကြုံရှိပြီးသား ​ခေါင်း​ဆောင်များ၏ ဦး​ဆောင်မှုနှင့် ဆင်နွှဲတဲ့ စစ်ဆင်​ရေးအစီ အစဥ် များသည် ဗျူဟာ​မြောက် ပိုပြီး ထိ​ရောက်​အောင်မြင်မှုရှိလိမ့်မည်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နှင့် စည်းမျဥ်းစည်းကမ်းများကို အတိအကျလိုက်နာခြင်းသည် PDF တပ်မ​တော်၏ ဂုဏ် ဖြစ်ကြောင်း၊ PDF တပ်မ​တော်၏ အနာဂတ်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက တရားဝင် အသိပေးမိန့်ခွန်းပြောဆိုထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။