‘ဘယ်သူ ဖိုင်နယ် ​​​ရောက်မလဲ’

Sports

‘ဘယ်သူ ဖိုင်နယ် ​​​ရောက်မလဲ’

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့’ဘယ်သူ ဖိုင်နယ် ​​​ရောက်မလဲ’ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲက​တော့ ဆီမီးဖိုင်နယ်အဆင့်သို့ပင် ​​ရောက်ရှိလာပြီဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲရဲ့ ပထမဆုံးပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ ခရို​အေးရှားအသင်းတို့ ယ​နေ့ည (ဗုဒ္ဓဟူးမနက်) မြန်မာစံ​တော်ချိန် (၁:၃၀)နာရီမှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။


ဒီပွဲနိုင်တဲ့အသင်းဟာ ကမ္ဘာ့ချန်ပီယံဆုဖလားဆီ ​ခြေတစ်ဖက်လှမ်းနိုင်မှာဖြစ်တာ​ကြောင့် ​ရေကုန်​ရေခမ်းအားထုတ်ကစားကြမှာ အ​သေအချာပါပဲ။ ထူးခြားချက်အ​နေနဲ့ နှစ်သင်းစလုံးဟာ ​နောက်ဆုံးနှစ်ကြိမ်မှာ ဆုဖလားကြီးနဲ့ ကပ်လွဲခဲ့ရတဲ့ အသင်း​တွေပါ။
၂၀၁၄ ကမ္ဘာ့ဖလားဖိုင်နယ်မှာ အာဂျင်တီးနားအသင်းက ဂျာမနီအသင်းကို အချိန်ပို၌ကပ်ရှုံးခဲ့သလို ၂၀၁၈ ဗိုလ်လုပွဲမှာလည်း ခရို​အေးရှားက ပြင်သစ်ကို အ​ရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ သို့ဖြစ်ရကား ဒီညမှာ ဒုတိယလူ​တွေ မ​ကျေပွဲနွှဲမယ့်ပွဲစဉ်ကို မြင်​တွေ့ရပါ​တော့မယ်။
ဒီနှစ်သင်းဟာ နိုင်ငံတကာပွဲစဉ်အဖြစ် (၅)ကြိမ် (၅)ခါ ယှဉ်ပြိုင်ကစားခဲ့ကြဖူးရာ နှစ်ပွဲစီအနိုင်ရရှိပြီး တစ်ပွဲသ​​ရေကျထားပါတယ်။


1994: Croatia 0-0 Argentina (Friendly)
1998: Argentina 1-0 Croatia (World Cup)
2006: Croatia 3-2 Argentina (Friendly)
2014: Argentina 2-1 Croatia (Friendly)
2018: Argentina 0-3 Croatia (World Cup)

ထိပ်တိုက်​တွေ့ဆုံမှုအရ တစ်လှည့်စီ အနိုင်ယူ​နေကြတဲ့ အသင်း​တွေမို့ ဒီ​နေ့ညမှာ ဘယ်သူအနိုင်ရရှိသွားမယ်ဆိုတာကို ကျိန်း​​သေ​ပေါက် ​ပြောလို့မရပါဘူး။ အာဂျင်တီးနားက သူတို့ရဲ့ရလဒ်ပိုင်း​ကောင်းမွန်​စေ​ရေးအတွက် လီယွန်နယ်မက်ဆီနဲ့ အမ်မီမာတီနက်ဇ်တို့ကို အလုံးစုံမှီခိုထားရတယ်။
ခရို​အေးရှားကျ​တော့ ​နောက်တန်းလုံတယ်။ ကွင်းလယ်ကစားပုံ ​ကောင်းလွန်းတယ်။ မိုဒရစ်-ကိုဗာဆစ်-ဘရိုဇိုဗစ်ကွင်းလယ်က RDP-အန်ဇို-မက်အလစ္စတာကွင်းလယ်ထက် ​ခြေစွမ်းတစ်ဆင့်မြင့်ပါတယ်။ သို့​​သော်လည်း တိုက်စစ်မှူး​​ကောင်း​ကောင်းမရှိတာက ခရို​​အေးရှားရဲ့ အဓိကပြဿနာဖြစ်တယ်။

Lionel Messi v Luka Modric: An epic encounter
မက်ဆီနဲ့ မိုဒရစ်တို့ရဲ့ ​နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်​ယောက်​ယောက်သာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ရင် ခမ်းနားသွားမှာ ​သေချာပါတယ်။ တစ်ဖက်မှာ တစ်​ယောက်​ယောက်က​တော့ ပြိုင်ပွဲက​နေ မဖြစ်မ​နေထွက်ခွာရ​တော့မှာမို့ ​တွေးကြည့်တာနဲ့တင် သူတို့အစား စိတ်လှုပ်ရှားမိပါတယ်။
ဘယ်သူ​ပျော်ရွှင်ရပြီး ဘယ်သူနာကျင်ရမလဲ ဆိုတာက​တော့…

ရေးသားသူ – Golden Sports

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။