ပေါက်မြို့နယ်၊ သရဖီရွာမှ မတင်နုဆိုသည့် အမျိုးသမီးကို စစ်တပ်က ဖမ်းဆီးပြီး မုဒိမ်းကျင့်thetဖြတ်၊ ကျသိုက်ရွာမှ ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က thetဖြတ်

Local News

ပေါက်မြို့နယ်၊ သရဖီရွာမှ မတင်နုဆိုသည့် အမျိုးသမီးကို စစ်တပ်က ဖမ်းဆီးပြီး မုဒိမ်းကျင့်thetဖြတ်၊ ကျသိုက်ရွာမှ ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က thetဖြတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပေါက်မြို့နယ်၊ သရဖီရွာမှ မတင်နုဆိုသည့် အမျိုးသမီးကို စစ်တပ်က ဖမ်းဆီးပြီး မုဒိမ်းကျင့်thetဖြတ်၊ ကျသိုက်ရွာမှ ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က thetဖြတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရဖီကျေးရွာမှ မတင်နုဆိုသည့် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီး ပြီး မုဒိမ်းကျင့် thetဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် သရဖီကျေးရွာသို့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ယင်းသို့ မီးရှို့ဖျက်ဆီးစဉ် သရဖီကျေးရွာမှ မတင်နုကို ကျေးရွာ အတွင်း မတင်နုဆိုသော အမျိုးသမီးကို တွေ့ရှိသဖြင့် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် မတင်နုကို စစ်တပ်က မုဒိမ်းကျင့်thetဖြတ်လိုက်ကြောင်း သိရှိရသည်။
“ပေါက်မြို့နယ်တောင်ပိုင်း သရဖီကျေးရွာမှ မတင်နုကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ မတင်နုက အသက်၅၀ အရွယ်ရှိပါပြီ။ စစ်တပ်က မုဒိမ်းကျင့်ပြီး thetဖြတ်ထားတဲ့ မတင်နုအလောင်းကို ပြန်တွေ့ ရ ပါတယ်”ဟု ပေါက်ဒေသတင်းရင်းမြစ်က ပြောသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ကျသိုက်ကျေးရွာ၊ လယ်လန်းကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့စဉ် ကျသိုက်ကျေးရွာမှ ပြည်သူ၂ ဦးကို စစ်တပ်က thayနတ် ဖြင့် ပစ်ခတ်thetဖြတ်ခဲ့ ကြောင်း၊ ပြည်သူ ၂ ဦးကို ပစ်ခတ်thetဖြတ်ပြီး PDF ဟု စွပ်စွဲကာ thetဖြတ်ခြင်းဖြစ်ကြောင်း၊ thayဆုံးပြည်သူ နှစ်ဦး၏ ရုပ်အလောင်းအနီးတွင် ပျူစောထီးများ၏ thayနတ်များချကာ ဓာတ်ပုံရိုက်ယူ၍ စစ်တပ်ထောက်ခံသူ လော်ဘီများက တယ်လီဂရမ်တွင် PDF ၂ ဦးအလောင်းဟု ဝါဒ ဖြန့်ကြကြောင်း သိရှိရသည်။

စစ်တပ်က thetဖြတ်မှုကြောင့် thayဆုံးသူပြည်သူ နှစ်ဦးမှာ ကျသိုက်ကျေးရွာမှ ကိုမျိုးသူ (အသက် ၃၂နှစ်)နှင့်ကို အောင်စိုး (အသက် ၅၀နှစ် )တို့ဖြစ်ကြောင်း၊ thetဖြတ်ခံရသူ နှစ်ဦးသည် PDF မဟုတ် ဘဲ thayဆုံးသူ ပြည်သူနှစ်ဦး ၏အနီးရှိ thayနတ်များဟာလည်း စစ်တပ်နှင့် ပျူစောထီးများ၏ lat natများဖြစ်ကြောင်း၊ စစ်တပ်က လုပ်ကြံthetဖြတ်ဝါဒ ဖြန့်ခြင်းဖြစ်ကြောင်း ဒေသပြည်သူ များက ပြောဆိုကြသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းတွင် အင်အား ၁၀၀ ခန့်ရှိသော စစ်ကြောင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာများသို့ ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ပြည်သူများကို thetဖြတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်က ထိုးစစ်နဲ့ ဝင်လာပြီးတော့ မီးရှို့ဖျက်ဆီးခံလိုက် ရတဲ့ ကျသိုက်ကျေးရွာ၊ လယ်လန်း ကျေးရွာ ၊သရဖီကျေးရွာနှင့် ရွာသာအေးကျေးရွာများမှာ ရွာလုံးကျွတ် နီးပါး ပြာကျ နိုင်ပါတယ်။ စစ်တပ်က ရွာပတ်ပတ်လည် လုံခြုံရေး ချပြီးမှ မီးရှို့ဖျက်ဆီးတာဖြစ်လို့ အသေးစိတ်အတိအကျ ရဖို့ ခက်ခဲ့ပါတယ်” ဟု ပေါက်ဒေသသတင်းရင်းမြစ် Pauk Newsletter က ပြောသည်။
လက်ရှိတွင် စစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ပေါက်မြို့နယ်၊ ကျေးရွာ ၁၅ ခုမှ ပြည်သူ ၅၀၀၀ခန့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး၊ အမိုးအကာနှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။