Gemini May 20 – June 21

Astrology

Gemini May 20 – June 21

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Gemini May 20 – June 21 ဆိုတဲ့ရာသီခွင်အကြောင်းလေးပဲ ဖြစ်ပါတယ်။

Gemini May 20 – June 21
Element – Air
Symbol: Twin
Birthstones: Emerald
spirit animal – dolphin

Personality

Gemini တွေဟာ စကားအပြောကောင်းသူ ပေါင်းသင်းဆက်ဆံရေးကောင်းသူ ဘယ်လိုဘဲပေါင်းရသင်းရခက်တဲ့ လူဂွစာတွေဖြစ်ပါစေ ရအောင်ပေါင်းတက်ကျပါတယ် Geminiအများစုဟာ အပေါင်းအသင်းအရမ်းမက်သလို အပေါင်းအသင်းရှိမှပျော်တက်ကျပါတယ် Geminiတွေဟာ ဘယ်အရာမဆို စိတ်၀င်စားတယ် ဥပမာ ကိုယ်လုပ်နေတဲ့ careerဟာ make-up artistဆိုပါစို့ အဲတာကို မဆ်ုင်တဲ့ ကားရောင်း၀ယ်ရေးတို့ စက်ပစ္စည်းတွေမှာလဲ သွားပြီးစိတ်၀င်စားနေတက်ပြန်ပါတယ် တစ်ခုခုဆ်ု ဘယ်အရာမဆို သိချင်လိုစိတ်ပြင်းပြပြီး တစ်ခုခုလေ့လာမယ်ဆို ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေမေးလို့ မပြီးတော့ပါဖူး Air signဖြစ်တဲ့ အလျောက် လွတ်လွတ်လပ်လပ်နေရတာကိုအရမ်းကြိုက်ကျပါတယ် စည်းတွေဘောင်တွေနဲ့ မနေတက်သလို သူတို့ကိုအမိန့်ပေးသလို အထက်စီးကဆက်ဆံသလိုလုပ်ရင်လူံး၀မကြိုက်တက်ကျပါဖူး စိတ်မြန်လက်မြန် အလွန်လုပ်တက်ပါတယ် တစ်ခုခုဆို ချက်ချင်းရမှ ဆိုတာမျိူး အမြဲဖြစ်တက်ပါတယ်
ဟာသဉာဏ်အရမ်းရွင်သလို စကားပြောကောင်းတဲ့အတွက် မိတ်ဆွေပေါများပြီး လူချစ်လူခင်ပေါ်များကျပါတယ် ဘယ်အခက်အခဲဘဲလာလာ လျင်လျင်မြန်မြန်ဖြေရှင်းရတာကိုအရမ်းကြိုက်ကျပါတယ် သူတို့တွေကဘယ်သူကိုဘယ်လိုပေါင်းရင် ဘယ်လိုအကျိူးရှိနိုင်လဲဆိုတာကိုအမြဲတမ်းအကွက်မြင်တက်ကျပါတယ်

Mercuryဂြိုဟ်ရဲ့လွမ်းမိုးထားမှုကြောင့် ဉာဏ်ပညာ စကားကြွယ်တာ နှစ်လိုဖွယ် စကားပြောတက်တဲ့နေရာမှ အထူး ကောင်းကျပါတယ်

မကောင်းတဲ့အချက်

Geminiရဲ့ symbolက twin ကို ယောကျာ်းနဲ့ မိန်းမ အဖြစ်ဖော်ပြထားတာမလို့ အမြဲတမ်း စိတ်နှစ်ခွဖြစ်နေတက်ပါတယ် တစ်ခါလေကျ တစ်ယောက်ထဲနဲ့တောင် personalityနှစ်မျိူးဖြစ်နေတက်ပါတယ် စိတ်မြန်လက်မြန်ရှိတာကြောင့်လဲ ဒေါသကြီးတယ် တစ်ခုခုဆို အမြန်ဆိုတာတွေကြောင့် ဘ၀မှာ မထင်မှတ်ထားတဲ့အမှား‌တွေများတက်ပါတယ် လူချစ်လူခင်များအောင်နေတက်ပေမဲ့ ဘယ်သူကိုမှမယုံတက်ပါဖူး အမြဲတမ်း သံသယစိတ်နဲ့ တစေကြည့်နေတက်ပါတယ် စကားအမှားမခံ ဆတ်ဆတ်ထိမခံတက်တဲ့အကျင့်ကြောင့် တစ်ခါလေ ကိုယ့်မိတ်ဆွေအရင်းတွေနဲ့ပြသနာတက်တက်ပါတယ် သတိအရမ်းထားရမှာက ငွေလွယ်ရတာ နှစ်သက်တဲ့အတွက် လောင်းကစားအရမ်းစွဲတက်ပါတယ် လက်လွယ်တာသလို အရမ်းလက်ဖွာတက်လို့ ဘယ်တော့မှ မစုမိမဆောင်းမိဖြစ်တက်ပါတယ် သူတို့ရဲ့ အဖော်ရှိမှနေတက်တဲ့စိတ်ကလဲ အဓိက သူတို့အတွေးနဲ့သူတို့ ပိတ်မိမှာအရမ်းကြောက်ကျပါတယ် အတွေးအခေါ်ကောင်းသလောက် overthinkingလဲ အရမ်းဖြစ်သွားတက်ပါတယ်

Gemini horoscope: Star sign dates, compatibility and personality – The Sun  | The Sun

ထူးခြားချက်

Geminiတွေဟာ သူဌေးဖြစ်ခွေးဖြစ်‌အရမ်းလုပ်တက်ပါတယ် သုံစရာရှိတာ အကုန်သုံးပြီးနောက်နေ့ရေသောက်ဗိုက်မှောက်နေတက်တဲ့လူမျိူးတွေပါ သူတို့ရဲ့ ကံကလဲ ရွှေတစ်နေ့ ငွေတစ်နေ့ပါဘဲ ကံအတက်အကျလဲ အရမ်းမြန်ကျပါတယ် သန့်သန့်ရှင်းရှင်းနေရတာအလွန်ကြိုက်ကပါတယ် အလုပ်တစ်ခုခုလုပ်တိုင်း plan B အမြဲတမ်းတွေးတက်ပါတယ် အကြံကောင်းဉာဏ်ကောင်းကို သူများနဲ့ မတူတဲ့ ရှုထောင့်ကနေ အမြဲရတက်ပါတယ် လူတစ်ယောက်တည်းမှာ personality နှစ်မျိူးရှိသလို နှစ်ယောက်စာလောက်လဲစွမ်းဆောင်ရည်ရှိပါတယ်
အသိဉာဏ်ထက်မြတ်ကျသလို အတွေးခေါ်လဲကောင်းတယ် သိုသော် အရမ်းအစွန်းရောက်တက်ပါတယ် လူကောင်းဖြစ်ရင်လဲ မတရားကောင်းတဲ့လူကောင်းဖြစ်သလို လူဆိုးဖြစ်ရင်လဲ မတရားဆိူးတဲ့လူဖြစ်တက်ပါတယ် အမြဲတမ်းဆိုသလိုစီးပွား‌‌ ရေး လုပ်လုပ် ဘာလုပ်လုပ် ရှေ့တစ်ကွက်ကြိုမြင်တက်ကျပါတယ်
ပါတီတွေဘာတွေရှိရင် Geminiတွေများများဖိတ်ပါနော် ပိုပျော်ပြီး ပွဲစည်ပါတယ်

အကျိူးပေးသောစီးပွားရေး

အပြောကောင်းတဲ့လူတွေဖြစ်တဲ့အလျောက် Communicate လုပ်ရတဲ့ အလုပ်မျိုး media, news, television, advertising, public relations, marketing, နဲ့ software coding စတာတွေမှာအကျိူးပေးပါတယ် zodiac simpleအရဆို wedding planningပန်းအလှဆင်တာ fashion အနုပညာ စာပေ အလှအပ စတာတဲ့ အရာတွေမှာလဲ အထူး အကျိူးပေးတက်ပါတယ် သိုသော် ဘာ၀နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေဆိုရငိတော့ ဂရုပြုလုပ်ကိုင်ပါ

The 3 Zodiac Signs Whose Love Life Improves During Moon In Gemini Starting  November 9 - 11, 2022 | YourTango

 

အချစ်ရေး

Geminiတော်တော်များများက အချစ်ရေးမှာ ရုပ်ရည်ကြည့်ပြီး ပိုဦးစားပေးဆုံးဖြတ်တက်ကျတယ် သူ့တိုကိုဆုံးမမဲ့သူထက် သူတို့နဲ့ အတူပေါက်ကရအကုန်လိုက်လုပ်ပေးနိုင်တဲ့ လူကို ပိုလိုချင်ကျတယ် personalityနှစ်မျိူးဖြစ်တာမျို့ ရည်စား နှစ်ယောက် တစ်ခါထဲထားတက်တဲ့အပြင် အပိုအရံအသင့်တစ်ယောက်ပါထားတက်ပါသေးတယ် အချစ်ရေးမှာလဲ ငယ်ရွယ်စဉ်ကာလတွေမှာ ကစားစရာလိုသဘောထားတက်ကျပါတယ် ဒါပေမဲ့ တစ်ကယ်ချစ်မိပြီဆိုလဲ ဘာမှ မမြင် ဘယ်သူ့ပြောစကားမှ နားမယောင်တဲ့ထိ လောင်တက်ကျပါသေးတယ် အချစ်လဲမြန်သလို အမုန်းလဲမြန်တက်ကျပါတယ် အချစ်ရေးနဲ့ပက်သက်လာရင် သူတိူ့မှာ Ideal typeမရှိကျပါဖူး လူမျိူးစုံ အချစ်မျိုးစုံချစ်ရတာလဲ ကြိုက်ကျပါတယ် ချစ်လိုက်မုန်းလိုက် တစ်ခါလေ အရမ်းခေတ်ဆန်တက်သလိုလိုနဲ့ တစ်ခါလေ အရမ်းတိတ်တခိုး အုံ့ပုံးလဲချစ်တက်ပြန်ပါတယ် အချစ်ရေးနဲ့ ပက်သက်လာရင် စိတ်လှုပ်ရှားမှူ များကြီးပေးနိုင်တဲ့လူကိုပိုရွေးချယ်ချင်ကျပါတယ်
Gemini အမျိုးသားဖြစ်အမျိုးသမီးဖြစ်ဖြစ်တွေက အိမ်ထောင်ရေးမှ ကိုယ့်ကို ဦးဆောင်နိုင်တဲ့သူကိုပိုရွေးသင့်ပါတယ်
Geminiတစ်ယောက်ကိုချစ်မိတယ်ဆိုရင် သူတို့ရဲ့ စိတ်ခံစားချက်ကိုတန်ဖိုးထားပေးပါ သူတိူ့ရဲ့ ပရမ်းပတာဖြစ်နေတဲ့ စိတ်ကို ဘေးကနေ မသိမသာ controlလုပ်ပေးပါ ဂရုစိုက်ပေးပါ

လွမ်းမိုးသော Tarot ကတ်အမြင်

Tarotကတ်ကလဲ symbolနဲ့ထပ်တူကျတဲ့ lover ကတ်ပါ Rider မှာတော့ ယောကျာ်နဲ့ မိန်းမ ချစ်သူနှစ်ဦးပုံဖြစ်နေပေမဲ့ mythicမှာတော့ The foolဟာအမျိူးသမီးသူံးဦးကိုရွေးချယ်နေတာပါ အဲတာကြောင့် အချစ်ရေးမှာ အမြဲတမ်း လူ နှစ်ယောက် သုံးယောက် သိုမဟုတ် သုံးပွင့်ဆိုင်အချစ်ရေးနဲ့အမြဲကြုံရတက်ပါတယ် အဲအခါကျ ရွေးချယ်တဲ့နေရမှာ စိတ်မြန်လက်မြန် မဆုံးဖြစ်ကျပါနဲ့ အဖိုအမ opposite ပုံစံပိုင်ဆိုင်ထားကျတဲ့အတွက်
အမြဲတမ်းစိတ်နှစ်ခွဖြစ်သလို ဘ၀မှာလဲ ဘာအလုပ်လုပ် အမြဲတမ်း ရွေးချယ်စရာ နှစ်ခုဖြစ်နေတက်ပါတယ်
ဒီကတ်ဟာ Adam နဲ့ Eveကို ကိုယ်စားပြုတဲ့ကတ် အဖြစ်ဖော်ပြထားတယ် Eveဟာ Adam ရဲ့ နံရိုးကနေဖန်ဆင်းခဲ့တာမို့
Geminiတော်တော်များများရဲ့ ကိစ္စများကို ဆုံးဖြတ်ချက်ချရာမာ ယောကျာ်းစိတ်နဲ့ ဆုံးဖြတ်ချက်မချပါနဲ့ ယောကျာ်းစိတ်နဲ့တွေးပါ မိန်းမစိတ်နဲ့ ဆုံးဖြတ်ချက် ချပါ
ဘ၀မှာ စိတ်လောမှုတွေ စိတ်မြန်လက်မြန်ရှိမှူတွေကြောင့် အမှားတွေခဏခဏဖြစ်တက်ပါတယ် အဲတာကိုရင်၀ယ်မပိုက်ပါနဲ့
ကိုယ့်ကို Level up လုပ်သလို သဘောထားပြီး ရှေ့ဆက်ပါ
Geminအတွက်ကတော့ ဒီလောက်ပါဘဲ နောက်ပတ် Cancerအကြောင်းရေးပေးမယ်နော်
ဒီအကြောင်းရာတွေဟာ Sun signအကြောင်းသားဖြစ်လို့ အချို့ Geminiတွေဟာ Moon Risingအရ ကွာသွားနိုင်ပါတယ်

ရေးသားသူ – ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။