နာမည်ဂိုဏ်းများရဲ့အဟောများ

Astrology

နာမည်ဂိုဏ်းများရဲ့အဟောများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နာမည်ဂိုဏ်းများရဲ့အဟောများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


နာမည်ဂိုဏ်းများရဲ့အဟောများ

ကျီး။ ၈။ အ ဣ ဧ သွ ဥ
ခွေး။(ဆိတ်) ၄။ ဋ ဌ ဍ ဎ ဏ
မြည်း။ ၆။ စ ဆ ဇ ဈ ည
နွား။ ၅။ က ခ. ဂ ဃ င
ဆင်။ ၇ ။တ ထ ဒ ဓ န
ခြသေ့်။ ၃။ ယ ရ လ ဝ
တံခွန်။ ၁။ ပ ဖ ဗ ဘ မ
အခိုး။ ၂။ သ ဟ

တွက်နည်းလေးကတော့

ဥပမာ။ မြတ် ဝတ်မူံဦးမြတ် ၁…+ဝတ်.၃…+မူံ.၁.+.ဦး..+၈=၁၃
ဂဏန်းအားလုံးကိုပေါင်းလိုက်ပါ။ ၁၃ ရပါတယ်၁၃ကို ၈နဲ့စားပါ။၅ ကြွင်းပါတယ်။ဒီတော့က ၅ဖြစ်သော နွားဂိုဏ်းရပါတယ်။
မိမိတို့ကလည်းမိမိတို့ရဲ့နာမည်းကိုပေါင်းပြီးဘာဂိုဏ်းရလဲဆိုတာအောက်မှာဖက်ကြည့်ပါ။

တချို့သောနာမည်းများက (၀)ကြွင်းရင် ၈ ယူရပါမယ်

၈ကျီး(၈)ဂိုဏ်း===အ ဣ ဧ သြ

မျိုးချစ်စိတ်ထက်သန်တယ်။ဘယ်လောက်ခက်ခဲသောကိစ္စရပ်ဖြစ်နေပါစေရအောင်လုပ်နိုင်သောစိတ်ဓာတ်မျိုးရှိတယ်။
ဥဏ်ရှိတယ် ပါးနပ်တယ် ပြိုင်ဆိုင်လာသူအားလုံးကို
အခွင်းအရေးစောင့်ပြီး အနိုင်ပိုင်းပြီးနေရာယူတတ်တယ်။အပေါင်းအသင်းကောင်းများရရှိမယ်။တစ်ဖက်သားကိုကူညီပေးတတ်တယ်။
သတိပြုရန်…အချင်းချင်းညီညွတ်မူနည်းလို့ကြားလူ စားသွားလိမ့်မယ်။ငွေးကြေးလက်လွန်မပေးသင့်ပါ။အလိမ်ခံရလိမ့်မယ်။လည်ပင်းဒုက္ခပေးတတ်မယ်ဖျားနာလျှင်နာတာရှည်မယ်။

ခွေး(ဆိတ်)၄။ဂိုဏ်း။ ဋ ဌ ဍ ဎ ဏ

ပျော်ပျော်နေတတ်မယ်။စပ်စုတတ်သောစိတ်ရှိမယ်။စိတ်ကောင်းစေတနာရှိတယ်။ရိုးသားတယ် သစ္စာရှိတယ်။အလိုက်အထိုက် ကျေနပ်ရောင့်ရဲတတ်သောစိတ်မျိုး ဘယ်သူမဆိုရင်ဆိုင်နိုင်တယ်။မိတ်ဆွေအပေါင်းအသင်းများတယ် မဟုတ်မခံစိတ်ကြောင့်
မိတ်ဆွေကောင်းတွေနဲ့လမ်းခွဲရတတ်တယ်။တစ်ဦးတစ်ယောက်ကိုရေရှည်စွာပေါင်းသင်းလေ့မရှိပါ။အရာအားလုံးကိုသိခံတတ်ပြီး ဘာမဟုတ်ကစ္စလေးကြမှပေါက်ခွဲတတ်တယ်။အချစ်ကြီးသလောက် အမုန်းကြီးတတ်တယ်။ပင်ပန်းခံပြီးလုပ်ကိုင်တတ်တယ်။စိတ်ရှည်တတ်မယ်။အလုပ်အပေါ်မှာရိုသားတယ် သစ္စာရှိတယ်။စိတ်မြန်တတ်တယ် မေ့တတ်တယ် ဥဏ်ကောင်းမယ် ဝိရိယရှိလျှင်အထူးအထူးအောင်မြင်နိုင်တယ်။ လိင်၊စအို ကျော လက် ဒုက္ခပေးတတ်မယ်။ခါးဆစ် ၊အူမကြီးရောဂါများဖြစ်တတ်မယ်
ဆေးကို စနစ်တကျ မကုသသည်အတွက် ရောဂါတစ်မျိုးပြီးတစ်မျိုးဖြစ်တတ်မယ်။
သတိပြုရန် အနီးကပ်ရန်သူတွေပေါများမယ် လူယုံthetလို့thayတတ်မယ် အလုပ်ကိုအချိန်မရွေ့ပါနှင့်ချက်ချင်လုပ်ပါ။

မြည်း။၆။ဂိုဏ်း စ ဆ ဇ ဈ ည

စည်းနဲ့စနစ်နဲ့နေထိုင် လုပ်ကိုင်တတ်တယ်။စိတ်ရှည်တယ် စိတ်ကောင်းစေတနာရှိတယ် အမြော်အမြင်ရှိတယ် လိုချင်တာရှိရင်ရအောင်လုပ်တယ်။ဒေါသကြီးတယ်။မိတ်ဆွေပေါများတယ် လူအများကိုပေါ့ပါးစွားကူညီတတ်တယ် ယုံလွယ်တယ် မုန်းတီးလွယ်တယ် ဇွဲရှိတယ် စွန့်စားပြီးလုပ်ရသောအလုပ်များကိုလုပ်ကိုင်တတ်တယ်။လျင်မြန်တယ်သတိရှိတယ်
ကိုယ်လုပ်ငန်းအပေါ်မှာရိုသေတယ် တန်ဖိုးထားတယ်စိတ်ကူးကောင်းတယ် အနစ်နာခံပြီး ဇွဲရှိရှိလုပ်တတ်တယ်။အေးဆေးစွားမနေရတတ်ပါ။အမြဲပြေးလွှားသွားလာနေရတတ်မယ်။
ဆေးမှားခြင်း စိတ်ကြောင့်ဖြစ်သောရောဂါ ဝမ်းနဲ့ပတ်သက်သောရောဂါများ လေအောင့်ခြင်း အသက်ရှူပြွန်ကို ဒုက္ခပေးတတ်မယ်
သတိပြုရန် ။ သူများကြားထဲဝင်လို့ပြဿနာတတ်ရတတ်မယ်။ ငွေချေးငှာခြင်းသတိထားပါ ကိစ္စတစ်ခုကိုဒေါသနဲ့မဖြေရှင်းပါနဲ့

နွား။၅။ဂိုဏ်း က ခ ဂ ဃ င

ကိုယ်ဒူကိုချွန်ရတတ်မယ် ရုန်းကန်းရတတ်ရမယ်။သူများစကားနာယောင်တတ်ပြီးတွေဝေးတတ်တယ် အေးတိအေးစက်န်ိုင်တယ် အောင်မြင်မူကိုအလွယ်မရတတ်ဘူး။ကိုယ်စရိုက်နဲ့ကိုယ်နေတတ်တယ်။အလုပ်အကိုင်ကိုရိုသေစွားလုပ်တတ်တယ် ပင်ပန်းခံပြီးကြိုးစွားပမ်းစားလုပ်နိုင်တယ်
တာဝန်ကျေပွန်စွားလုပ်ကိုင်တတ်ပြီး စေတနာထားတတ်တယ် ။သံယောဇဥ်ကြီးတတ်တယ်။စွဲလမ်းခင်မင်းတတ်မယ် တိုင်ပင်ဆွေးနွေးတတ်မယ်။
လည်ပင်း နှာခေါင်း မျက်စိ နားရွက် ဒုက္ခပေးတတ်မယ်။နှာခေါင်းပိတ် ထိပ်ခပ်နာဖြစ်မယ်။မကြာခဏမူးတတ်မယ်။သွေးတိုး ဆီးချို နှလုံးအားနည်မယ်။သွေးနဲ့ပတ်သက်သောရောဂါများဖြစ်တတ်မယ်။
သတိပြုရန် သူများကိုအားမနာနဲ့။စကားအရမ်မပြောနဲ့။လက်မှတ်ထိုးသည်ကိစ္စများသတိထားပါ
ပြဿနာ တစ်ခုခုဖြစ်ခဲ့ရင်တစ်ယောက်ထဲမဆုံးဖြတ်ပါနဲ့တိုင်ပင်းဆွေးနွေးပါ။စနစ်တကျစဥ်းစားပြီးမှလုပ်ပါ။ဆန္ဒမတစာပါနဲ့

ဆင်။၇။ဂိုဏ်း တ ထ ဒ ဓ န

စိတ်နေစိတ်ထား အေးဆေးတတ်ပြီးသည်းခံပြီး ဒေါသထွက်ပြီးဆိုရင်လည်သူမတူအောင်ထွက်တတ်တယ်။ကိုယ်အလေ့အထကိုယ်နေတတ်တယ်ဘယ်သူဆရာလုပ်တာကိုမှမခံတတ်ဘူး။ကိုယ်အလုပ်ကိုယ်လုပ်တတ်တဲ့သူ ပူပင်ကြောင့်ကြတတ်မယ်။ကြောင်လက်သည်းဖွတ်စွာနေတတ်တယ်။ကိုယ်မရှိမှကိုယ်ရဲ့တန်းဖိုးကိုလူတွေသိတတ်ပြီးတမ်းတရတတ်မယ်။ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် အပေါင်အသင်းများတတ်မယ်။အပေါင်းအသင်းကိုခင်မင်တတ်တဲ့မိတ်ဆွေများမယ်။တစ်ယောက်ထဲမနေတတ်ပါ။ဇွဲရှိတယ်တယ် အလွယ်တစ်ကူအလျှော့မပေးတတ်ပါ။ဝီရိယအကျိုးအမြဲခံစားရမယ်။
သတိပြုရန် ။ သူများစကားကို မယုံကြည်ပါနဲ့ ငွေတိုးပေးစာခြင်ကိုသတိထားပါ။ကိုယ်မပိုင်တဲ့ပစ္စည်များကိုတာဝန်မခံပါနဲ့ ပြဿနာဖြေရှင်ရတတ်မယ်။စိတ်တိုခြင်း၊ရန်ပြဿနာများခြင်းကိုသတိထားပါ။

ခြသေ့်။၃။ဂိုဏ်း ယ ရ လ ဝ

မာနကြီးမယ် ဆရာလုပ်တတ်မယ် သြဇာရှိတယ် တည်တံမယ် မဟုတ်မခံစိတ်ဓာတ်ရှိတယ် အရာရာကိုအရှေ့ကဦးဆောင်ခွင့်ရရင် အရမ်းကြိုးစာတယ် ဒေါသကြီးလွယ်မယ် တစ်ဇွတ်ထိုးလုပ်တတ်မယ် သတ္တိကောင်းတယ် အပေါင်အသင်းကိုပေးပြီးမှပေါင်သင်းတတ်တယ် ကြိုက်ရင်အနစ်နာခံတတ်သလို
မကျေနပ်လျှင် လို့ဝမျက်နှာကိုမကြည့်တတ်ဘူး
ကမူးရူးထိုးပြောဆိုတတ်သောကြောင့်အပေါင်းအသင်းတွေနဲ့ပြဿနာတတ်မယ်
စိတ်မြန်တယ် ထူးခြားပြောင်မြောက်တဲ့အရည်အချင်းရှိတယ် အောင်မြင်နိုင်တယ် စနစ်ကျပြီး အုပ်ချုပ်မူကောင်းတယ် အများကိုအုပ်ချုပ်နိုင်သော ခေါင်းဆောင်ကောင်းဖြစ်နိုင်တယ်။ခြေ လက် ခါး ထိခိုက်ဒဏ်ရာရတတ်မယ် မကြာခဏသွေးထွက်သံယိုဖြစ်တတ်မယ် မျက်လုံးအားနည်ခြင်းရင်ဘတ်အောင့်ခြင်း ဆီးရောဂါများဖြစ်တတ်မယ်
သတိပြုန်။ စိတ်အလိုမလိုက်ပါနဲ့ဒေါသမကြီးပါနဲ့
သူများကြားမဝင်ပါနဲ့ ပြကနာကို ကိုယ်တိုင်ဦးဆောင်ဖြေရှင်ပါ ဘာမဟုတ်တဲ့ကိစ္စရပ် ပုံကြီးမကျဲပါနဲ့
လောကဓံတရားကိုခံနိုင်ရည်ရှိပါ

တံခွန်။၁။ဂိုဏ်း ပ ဖ ဗ ဘ မ

စိတ်ကောင်းနှလုံးကောင်းရှိတယ်။မာနကြီးတယ် အောက်ကျို့ခံလေ့မရှိဘူး ကိုယ်ကလဲမတရားမလုပ်တတ်ဘူး။ကိုယ်အပေါ်မှာမတရားလုပ်ရင်လည်း မခံတတ်ဘူး ရှည်မှန်းချက်ကြီးမားတယ် လုပ်ငန်းကိုအကြွေးမထားတတ်ဘူး လက်ငင်းဖြေရှင်ရမှာကျေနပ်တယ်။လူရည်လည်းတယ်။ကိုယ်အကျိုးရှိမှပေါင်းသင်းတတ်တယ် အကျိုးမရှိရင်မပေါင်းသင်းတတ်ပေး။တစ်ပါးသောသူကိုယုံကြည်မူအားနည်းပါတယ် မယုံကြည်တတ်ပါ တတ်ကြွတယ် ဝီရိယရှိတယ် ကြိုးစားတယ်အပင်ပန်းခံလုပ်တတ်တယ်။အာရုံကြောအားနည်းခြင်း ခေါင်းကိုက်ခြင်း သွေးတိုးခြင်း အသည်းအားနည်ခြင်း အသည်းရောင် အသားဝါဖြစ်ခြင်း ကျောအောင့်ကျောနာများဖြသ်တတ်မယ်
သတိပြုရန်။ ကံတရားကိုဂရုစိုက် စိတ်ပူပန်လွန်ပြီးတွေးတောခြင်းများကိုမလုပ်ပါနဲ့ လူယုံသက်လိုတတ်မယ် ပါးနပ်သလိုနဲ့ သူများကိုအားနာတတ် ယုံကြည်တတ်သောကြောင့် လုပ်ငန်းကောင်းများဆုံးရုံးပျက်စီးတတ်မယ်သတိထားပါ။

အခိုး။၂။ဂိုဏ်း ဟ သ

ပရဟိတစိတ်ဓာတ်ရှိတယ် ကူညီတတ်သောစိတ်ဓာတ်ရှိတယ်သို့သော်တစ်ခါတစ်လေးအကောင်းအပြောမခံရတတ်ဘူး။စိတ်ပျော့ပျောင်းပြီးသည့်ခံစိတ်ရှိတယ်
ရိုးသားစွာခင်မင်တတ်တယ် အရှက်အကြောက်ကြီးမည် ကိုယ်လုပ်ကိုင်တဲ့အလုပ်ပေါ်မှာရိုသေပြီးတန်ဖိုးထားတတ်တယ်။ကိုယ်ပညာနဲ့ကိုစီးပွားရှာလို့ရတယ်
အသေးစိတ်ရှာဖွေစုတောင်းလေ့လာပြီး စနစ်တကျလုပ်တတ်တဲ့ဥာဥ်စရိုက်ရှိတယ်
ကိုယ်ကလူတိုင်အပေါ်မှာစေတနာထားပင်မဲ့ တစ်ဖတ်လူကကိုယ်ရဲ့စေတနာနဲ့မထိုက်တန်းဘူး
အစာမကြေရောဂါဖြစ်တတ်မယ် ဝမ်လျှောမ်းပျက်ရောဂါ ဝမ်းကိုက်ခြင်း အမျိုးသမီးများသားအိမ်အားနည်းခြင်း ဆီးကျိတ်ရောင်ခြင်များဖြစ်တတ်မယ်။
သတိပြုရန်။ အနီးကပ်ရန်သူ သတိပြုပါ။ ကိုယ့်ကိုကပ်ပြီးဒုက္ခပေးတတ်တယ် ယောကျာ်း မဟုတ် မိန်းမ မဟုတ်တဲ့သူကိုသတိထားပါ။

ရေးသားသူ – ဆရာမမြတ်-ဝတ်မူံဦး ဆဋ္ဌမအာရုံဂမ္ဘီရဝေဒပညာရှင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။