မြောင်မြို့နယ်၊ ဖွားစောကျေးရွာ၊ ဒီပဲယင်းနှင့်ရေဦးရှိ ကျေးရွာများကို စစ်တပ်က ဆက်တိုက် မီးတင်ရှို့ ၊ ပြည်သူများ ထွက်ပြေးနေရပြီး အကူအညီလိုနေ

Local News

မြောင်မြို့နယ်၊ ဖွားစောကျေးရွာ၊ ဒီပဲယင်းနှင့်ရေဦးရှိ ကျေးရွာများကို စစ်တပ်က ဆက်တိုက် မီးတင်ရှို့ ၊ ပြည်သူများ ထွက်ပြေးနေရပြီး အကူအညီလိုနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြောင်မြို့နယ်၊ ဖွားစောကျေးရွာ၊ ဒီပဲယင်းနှင့်ရေဦးရှိ ကျေးရွာများကို စစ်တပ်က ဆက်တိုက် မီးတင်ရှို့ ၊ ပြည်သူများ ထွက်ပြေးနေရပြီး အကူအညီလိုနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဖွားစောကျေးရွာကို စစ်တပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် lat nat ကြီးများဖြင့် ပစ်ခတ်ပြီး အကြောင်းမဲ့ မီးဝင်ရှို့သွား သဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြောင်မြို့နယ်၊ ဖွားစောကျေးရွာကို စစ်ကောင်စီတပ်များက lat nat ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အိမ်များကို မီးတင်ရှို့ကြောင်း၊ lat natကြီးများဖြင့် ပစ်ခတ် မှုကြောင့် ပြည်သူတချို့ thayဆုံးထိခိုက်မှုများရှိသော်လည်း လက်ရှိ အချိန်အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရသဖြင့် အခြေအနေ အသေးစိတ် မသိရှိ ရသေးကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။

“မြောင် ဖွားစာကျေးရွာကို ဝင်ပြီး မီးရှို့တယ်။ lat natကြီးနဲ့ပစ်တယ်။ နောက် ပြီး ဘေးပတ်ပတ်လည်ကျေးရွာတွေကို လည်း အကုန် lat nat ကြီးတွေနဲ့ ပစ်တယ်။ အဲဒါ ပြည်သူတွေ ထိခိုက်thayဆုံးမှုတွေရှိပါတယ်။ ဒါပေမယ့် အကုန်လုံးက ပြေးနေရတော့ ဘယ်သူတွေ ထိလဲ ဘယ်သူthayလဲ အတိအကျ မသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၁ ရက်နေ့ ရေဦးမြို့နယ်၊ ပိဋကတ်ကျရွာ၊ မုတ်စီရွာ၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာ ၊လက်ယက်ကုန်း၊ညောင်ကြီးကုန်း၊ချောင်း ပေါက် ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ကြောင်း ၊ ဒီပဲယင်းနှင့်ရေဦး ဘက် တွင် စစ်ကြောင်းများခွဲ၍ ကျေးရွာများကို မီးတင်ရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။